အပင်တွေ သေနေလို့...တရားခံ ဘယ်သူလဲ

23/02/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

တောင်သူပညာ​ပေး​ဆွေး​နွေးပွဲ အ​တွေ့အကြုံများ အပိုင်း(၁၀)

စိုက်ပျိုး​ရေးနည်းပညာ ဆိုတာ ​လေ့လာ​လေ ကျယ်ဝန်းလေ၊ အ​ပြောလွယ်ပြီး အလုပ်ခက်၊ နက်နဲတဲ့ သက်​မွေးပညာရပ်တခုဆိုတာ.. လက်​တွေ့စိုက်ပျိုး လုပ်ကိုင်​နေသူ​တွေ အသိဆုံးပါ။ သီးနှံပင်တစ်မျိုးဟာ ပုံမှန်အ​ခြေအ​နေမဟုတ်ရင်..

  • ရောဂါ​ကြောင့်လား..
  • ပိုးမွှား​ကြောင့်လား
  • အာဟာရ​ကြောင့်လား. စသဖြင့် 

စိတ်အထင်နဲ့​​သော်လည်း​ကောင်း.. သူများ သုံး​နေတာကြည့်ပြီး​သော်လည်း​ကောင်း. ရော်ရမ်း မှန်းဆပြီး နီးစပ်ရာ ​ဆေးတမျိုးမျိုးကို ဝယ်ဖျန်းကြရပါတယ်။

တစ်ခါနဲ့မရ နှစ်ခါ၊တစ်မျိုးနဲ့မရ နှစ်မျိုး၊ တစ်ဆနဲ့မရ နှစ်ဆ။ ဖျန်းရင်း လှော်ရင်း နစ်ကြရတာ​တွေရှိ​နေကြပါတယ်။

တကယ်​တော့.. စိုက်ပျိုး​ရေးပညာမှာ.

အပင်​တွေ ​ရောဂါရ​စေခြင်းရဲ့ အဓိက အ​ကြောင်းတရား ၂ ချက်ရှိပါတယ်။

၁။ သက်ရှိတမျိုးမျိုး​ကြောင့်ဖြစ်ခြင်း(Biotic )

( မှို၊ဘက်တီးရီးယား၊ နီမတုတ်၊ ဗိုင်းရပ်.......)

၂။သက်မဲ့ အ​ကြောင်းတရား​ကြောင့်ဖြစ်ခြင်း(Abiotic)

  • ရာသီဥတု(ပူခြင်း၊​အေးခြင်း၊စိုခြင်း၊​​ခြောက်ခြင်း...
  • မြေကြီး (​မြေချဥ်/ငန်၊ မြေ အနု/အကြမ်း.....)
  • ဓာတုအဆိပ်သင့်ခြင်း (​ဆေးနှုန်းထားများခြင်း/မှားခြင်း၊ ..)
  • လူ၊ တိရစ္ဆာန်၊ ထွန်ထယ်၊ လယ်လုပ်ကိရိယာများ​ကြောင့် ထိခိုက်ခြင်း... ဆိုတဲ့..မထင်မှတ်ထားတဲ့ အ​ကြောင်းတရား​တွေ​ကြောင့်လည်း..​ရောဂါလက္ခဏာ​တွေ့ရ တတ်တယ်ဆိုတာ..​မေ့​လျော့ခံ ပြဿနာ တခုဖြစ်​နေပါတယ်၊

ဒီအ​ကြောင်းအရာနဲ့ပတ်သက်လို့ စာ​ရေးသူ အ​တွေ့အကြုံ​လေးတခု တင်ပြချင်ပါတယ်။

ရှမ်းပြည်နယ်​တောင်ပိုင်း၊ ပင်းတယ​မြောက်လက်၊ ဇော်ဂျီ ​ရေ​သောက်ဧရိယာမှာ ငရုတ်ပွ၊ ခရမ်းချဥ်၊ ကြက်သွန်ဖြူ၊ ​ဂေါ်ဖီထုပ်၊ ​ပြောင်း စတဲ့ ဟင်းသီး/ရွက် သီးနှံ အမယ်စုံ နှစ်ပတ်လည် စိုက်တဲ့​ဒေသပါ။

အဲဒီမှာ ပညာ​ပေး​ဆွေး​နွေးပွဲ ပြုလုပ်ရင်း ထုံးစံအတိုင်း အပြန်အလှန်​​ဆွေး​နွေး​မေးမြန်းကြတာ​ပေါ့။

- ငရုတ်ပွမှာ ကျ​ရောက်တဲ့ green peach aphid(ပျစိမ်း)  အ​​ကြောင်းနဲ့ ကာကွယ်နှိမ်နင်းနည်း

- ကြက်သွန်ဖြူ ​​လှေးအ​ကြောင်းနဲ့ ကာကွယ်နှိမ်နင်းနည်း

- ခရမ်းချဥ် ဘက်တီးရီးယားရွက်​ပြောက်(Bacterial speck disease)အ​ကြောင်း

- ငရုတ် ညှိုး​သေ ​ရောဂါအ​ကြောင်းနဲ့ ကြိုတင်ကာကွယ်နည်းစတဲ့ လက်​တွေ့ဖြစ်ပျက်​နေတဲ့ ပိုးမွှား​ရောဂါ ကုသနည်းများကို ဦးစား​ပေး​ဆွေး​နွေးကြပါတယ်။

​ဆွေး​နွေးပွဲပြီးလို့ ပင်းတယ ပြန်မယ် ဆို​တော့မှ

​တောင်သူတ​ယောက်က အကူအညီလာ​တောင်းခံပါတယ်။

"ဆရာ..​ပြော​ဟောသွားတာ​တွေ အရမ်းဗဟုသုတ ရပါတယ်။ ဆရာ​ပြောတဲ့ ​ဆေး​တွေလည်း သုံး​နေပါတယ်။ ဒါ​ပေမဲ့ ဆရာ...."

​တောင်သူအမည် ကိုတင်​ငွေ..တဲ့။

ဆက်​ပြောရမှာ အားနာတဲ့ပုံစံ၊ မဝံ့မရဲ  ဖြစ်ပြီး စကားကို ဖြတ်ပြီး စဥ်းစား​နေပုံရတယ်။

"ဒါ​ပေမဲ့..ဘာဖြစ်လဲ..ကိုတင်​ငွေ၊

အားမနာနဲ့၊ ပွင့်ပွင့်လင်းလင်းသာ​ပြောပါ။ ဒါမှ အ​ဖြေ​တွေ့မှာ".လို့ လမ်း​ကြောင်း​ပေး​တော့မှ. .

ဒီလိုဆရာ..ကျ​နော့ ငရုတ်ပွခင်းမှာ အသီးသီးပြီဆိုမှ တစ်ပင်ချင်း စိမ်းညှိုးပြီး​သေ​နေတယ်။

အခု ဆရာ​ပြောတဲ့ မှို​ဆေး​တွေ၊ ဘက်တီးရီးယား​ဆေး​တွေ ဖျန်းတာစုံ​​နေပြီ..

အဲဒါ..အခုထိ အ​သေမရပ် လို့ဆရာ.."တဲ့။

စာ​ရေးသူ..သ​ဘော​ပေါက်သွားတယ်။

ပိုးမွှား​ရောဂါ​ကြောင့်မဟုတ်​သော၊ အခြား အ​ကြောင်းအရာ တခုခု အမှားရှိ​နေပြီလို့..။

အဲဒါနဲ့..ကိုတင်​ငွေရဲ့ ငရုတ်ပွခင်းကို ကွင်းဆင်းကြည့်ရှုကြပါတယ်။

ဟုတ်ပါတယ်..

အပင်​လေး​တွေ၊ အသီးတန်းလန်းနဲ့ ညှိုး​နေပါတယ်။

တစ်ပင်နုတ်ကြည့်​တော့.. အစာစားမြစ်(အမြစ်​မွှေး)​ကောင်းတယ်၊ ​ရေ​သောက်မြစ် မဲပြီး ပုပ်​နေပါတယ်။

​နောက်ထပ် တစ်ပင်နုတ်ကြည့်တော့၊​ မြေကြီးနဲ့ထိတဲ့​နေရာမှာ ခါးရိ​နေတာ​တွေ့ရပါတယ်။

စာ​ရေးသူ အထက်မှာ​ဆွေး​နွေးတင်ပြခဲ့သလို

(Abiotic)လို့​ခေါ်တဲ့ သက်မဲ့​ကြောင့်ဖြစ်​သော အမှား ၂ ချက် ​တွေ့ရပါတယ်။

  • ၁။ ပလတ်စတစ်အုပ်ပြီး အပင်မစိုက်မီတစ်ကြိမ်၊ အပင်စိုက်ပြီးတစ်ကြိမ်(​ဘောင်​ရေမြုပ်)​ရေအပြည့်သွင်းခြင်း
  • ( Dripပိုက်မြှုပ် ​ရေသွင်းတာဖြစ်လို့၊ ​ဘောင်မြုပ်​ရေသွင်းစရာမလိုပါ)
  • ၂။ ဓာတ်​မြေသြဇာ ​​ကျွေးနည်းစနစ်ပါ။ ပျိုးပင်စိုက်တဲ့အဝိုင်း​ပေါက်ထဲကို (အပင်ငယ်စဥ်မှ အသီးသီးချိန်အထိ) ဓာတ်​မြေသြဇာကို ​ဆေးဖျန်းပုံးထဲ ​ရေ​ဖျော်ပြီး​ နော်ဇယ်​ခေါင်းဖြုတ်လောင်းထည့်ခြင်း။

(ငရုတ်ပင်က ပင်စည်၊ အမြစ်နဲ့ ဓာတ်​မြေသြဇာ တိုက်ရိုက်ထိတာ မကြိုက်ပါ။)

အချုပ်ဆိုရ​သော်..

- သီးနှံပင်​တွေမှာ ပင်ညှိုး၊ ရွက်​ခြောက်၊ ရွက်​ပြောက်မြင်တိုင်း ​ရောဂါအမှတ်နဲ့ မှို​ဆေးအရင်မဖျန်းပါနဲ့။

- ပလတ်စတစ်​ဘောင်အုပ် စိုက်စနစ်မှာအစိုများပြီး၊ အပူရှိန်ပြင်းရင်၊ ​မြေတွင်းအပူချိန်(soil temperature)မြင့်ပြီး ခံနိုင်ရည်နည်းတဲ့အပင် အရင်ညှိုး​သေ​စေပါတယ်။

- ပိုက်လိုင်း​ဘောင်မြုပ်​ရေ​ပေးစနစ် (drip irrigation system)မှာ ဓာတ်​မြေသြဇာကို

​ရေပိုက်လိုင်းအတွင်း ထည့်​​ကျွေးစနစ်( Fertigation )နဲ့​ကျွေးတာက အပင်အတွက် အန္တရာယ်လည်းကင်း၊အကျိုးလည်းရှိ​စေပါတယ်။

(အပင်​ခြေကပ်ပြီး ဓာတ်​မြေသြဇာ ​ကျွေးနည်းစနစ် မပြုလုပ်သင့်ပါ)

​သို့​သော်..အဆင်​ပြေ၊ အလျဥ်းသင့်တဲ့ သီးနှံ​တွေလည်းရှိနိုင်ပါတယ်။ ဥပမာ..ခရမ်းချဥ်စိုက်​တောင်သူတစ်ဦးကို ​မေးကြည့်​​တော့ အပင်​သေတာမျိုးမရှိတာ​တွေ့ရပါတယ်။

ငရုပ်ပွသီးနှံက​တော့ အပင်နုတဲ့သဘာဝရှိ​တော့ အမှားမခံတာ​တွေ့ရပါတယ်.. ဆိုတဲ့အ​ကြောင်း.

အစိမ်း​ရောင်လမ်း မိတ်​ဆွေများ၊ ဗဟုသုတ အလို့ငှာ ​ရေးသား တင်ပြအပ်ပါတယ်ခင်ဗျာ။

​စေတနာ များစွာဖြင့်..

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်