ဂန္ဓမာပန်း ကျောက်ရောဂါ (Chrysanthemum white rust)

19/03/2020 17:00 PM တွင် ayethandasoe ayethandasoe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဂန္ဓမာပန်းစိုက်သူများ အခေါ် ရောဂါဖြစ်စေသည့်သက်ရှိ (  Puccinia horiana) ကြောင့်ဖြစ်သော  ဂန္ဓမာကျောက်ရောဂါ  (Chrysanthemum white rust ) သည် ဂန္ဓမာပန်းပင် တစ်ပင်လုံးတွင်ကျရောက်ပြီး အပွင့်အရည်အသွေးကို လျော့ကျစေသည့် မှိုရောဂါတစ်မျိုးဖြစ်သည်။ အရှေ့တောင်အာရှဒေသများဖြစ်သည့် ဂျပန်နှင့် တရုတ်နိုင်ငံများမှ စတင်ဖြစ်ပွားပြီး အခြားဒေသများသို့ ပျံ့နှံလာသည့် ရောဂါတစ်မျိုး ဖြစ်သည်။

    အဖြူမှ အဝါဖျော့အရောင် သေးငယ်သောအစက်များကို အရွက်၏ အထက်မျက်နှာပြင်တွင် တွေ့ရှိရမည်။ ၄ မီလီမီတာ အထက်အဝန်းရှိသော ထိုအစက်အပြောက်များသည် အချိန်ကြာလာသည်နှင့်အမျှ အညိုရောင်သို့ ပြောင်းလဲလာကာ အရွက်၏ အောက်မျက်နှာပြင်တွင် ပန်းနုရောင်မှ အဖြူရောင်အစက်များကို ဖြစ်ပေါ်စေသည်။ ရောဂါကျရောက်မှုကို အရွက်နုများ၊ အရွက်ရင့်များ အပင်၏အစိမ်းရောင် အစိတ်အပိုင်းများအားလုံးနှင့် ပန်းပွင်များတွင်တွေ့ရှိရသည်။ ပြောင်းလဲလာသည့် ထင်ရှားသည့်အဖြူရောင်အစက်များကို ရည်ရွယ်၍ ကျောက်ရောဂါ (white rust) ဟုခေါ်ကြသည်။   ရောဂါကျရောက်မှုပြင်းထန်ပါက အရွက်များ အညိုရောင်သို့ပြောင်းပြီး အပင်တစ်ပင်လုံးခြောက်၍သေစေသည်။ 

    ရောဂါဖြစ်စေရသည့် အကြောင်းအရင်းမှာ အပင်သစ်များတွင် ရောဂါများရှိနေခြင်း၊ လေထုထဲမှ မှိုစပိုးများကြောင့် ပျံ့နှံခြင်းဖြစ်သည်။ များသောအားဖြင့် အပင်၏ လေထုစိုထိုင်းဆများပြီး အမြဲစိုစွတ်နေသော အရွက်များတွင် စတင်ရောဂါကျရောက်သည်။ လေထုစိုထိုင်းဆ   RH   96-100 %  နှင့်    အပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်တွင် ရောဂါကျရောက်မှုကို ပို၍တွေ့ရသည်။

    များသောအားဖြင့် စပ်မျိုးများတွင် ရောဂါကျရောက်မှု ပိုများသည်ကိုတွေ့ရသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုတွင် ရောဂါကျရောက်မှုပိုများပြီး ခြောက်သွေ့သောရာသီဥတုတွင် ကျရောက်မှုမရှိပါ။ စိုက်ခင်းအတွင်း တစ်ပင်နှင့်တစ်ပင် မှိုစပိုး များမှတဆင့် ကျရောက်ပျံ့နှံကူးစက်ပြီး ရောဂါဖြစ်စေသောမှိုစပိုးများသည် အနီးပတ်ဝန်းကျင်သို့ လေ သို့မဟုတ် မိုးသက်လေပြင်းအားဖြင့်  ၀.၂၅ မိုင်အထိ ပျံ့နှံနိုင်သည်။ ရောဂါကျအပင်များအပေါ်သို့ ရေလောင်းခြင်း သို့ မိုးရွာခြင်းကြောင့် ကျရောက်လာသော ရေစက်များမှတဆင့် မှိိုစပိုးများ တစ်ပင်နှင့်တစ်ပင် ကူးစက်ပျံ့နှံ သည်။ ရောဂါဖြစ်စေသောအပူချိန်နှင့် စိုထိုင်းဆ၌ စိုစွတ်နေသောအရွက်များပေါ်တွင် အချိန်ကာလ(၂)နာရီအတွင်း မှိုစပိုးများပေါက်ဖွားကာ ရောဂါဖြစ်စေသည်။ ရောဂါကျအပင်များကို ကိုင်တွယ်ထိတွေ့ထားသော လက်များနှင့် ကိရိယာများမှလည်း အပင်တစ်ပင်နှင့်တစ်ပင်သို့ ရောဂါများကူးစက်နိုင်သည်။

    ရောဂါဖြစ်စေသောမှိုစပိုးသည် ရောဂါကျရောက်သော စိုက်ပျိုးမြေ၊ ရောဂါကျအပင်ကြွင်းကျန်များနှင့် ထိတွေ့သုံးစွဲခဲ့သော ကိရိယာများတို့တွင် အချိန်ကာလအနည်းဆုံး ၆ ပတ်နှင့်အထက် ရှိနေနိုင်သည်။ ရောဂါကျရောက်ခဲ့သော စိုက်ခင်းမြေနေရာတွင်  အနည်းဆုံး ၂ လ အတွင်း ဂန္ဓမာပန်းပင်အား မစိုက်သင့်ပါ။ ရောဂါကျအပင်များအား မြေမြှုပ်ခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းပြုလုပ်ပြီး မျိုးအသစ်ပြောင်းလဲစိုက်ပျိုးရပါမည်။

    ပုံမှန်အားဖြင့် မိမိစိုက်ခင်းအတွင်း ရောဂါကင်းစင်သောမျိုးများကို ရွေးချယ်ဝယ်ယူစိုက်ပျိုးရမည်။ ရောဂါကျရောက်ပါက ဖယ်ရှားရှင်းလင်းရာတွင် ရောဂါကျအပင်၏ အမြစ်ကအစ ဖျက်ဆီးရပါမည်။ မစိုက်ပျိုးမီ မှိုသတ်ဆေးများဖြင့် ဆေးရည်စိမ်ပြီးမှ စိုက်ပျိုးသင့်သည်။ စိုက်ခင်းအား ပြုစုစောင့်ရှောက်ရာတွင် လိုအပ်သည်ထက် စိုထိုင်းဆများပြားခြင်းမရှိစေရန်နှင့် အရွက်များ စွတ်စိုသည့်အချိန်ကာလ နည်းစေရန်အတွက် စိုက်ခင်းရေပေးခြင်းကို ဂရုစိုက်ခြင်းဖြင့် ရောဂါကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်သည်။

    ရောဂါလက္ခဏာ စတင်တွေ့ရှိချိန် မှိုသတ်ဆေးများကိုသုံးစွဲရာတွင် ပါဝင်သောအဆိပ်ပစ္စည်းများကို တစ်လှည့်စီလှည့်၍ သုံးစွဲရမည်။ ဥပမာ ထိသေမှိုသတ်ဆေး (ai ကလိုရိုသာလိုနေး /  မန်ကိုဇက်) ပါသော မှိုသတ်ဆေးနှင့် ပင်လုံးပြန့်မှိုသတ်ဆေး (ai ပရိုပီကိုနာဇိုး)ကို တစ်လှည့်စီ ၂ ပတ်ခြား ၃ ကြိမ် ပက်ဖြန်းရပါမည်။ ရောဂါကျရောက်မှုကို နှိမ်နင်းရာတွင် ရာသီဥတုအခြေအနေအရ ဆေးဖျန်းခြင်းကို အကြိမ်ကြိမ်ပြုလုပ်ရန် လိုအပ်သည့်အပြင် မှိုစပိုးပေါက်ပွားပြန့်နှံမှု မဖြစ်အောင် စနစ်တကျပြုစုစောင့်ရှောက်ရန် လိုအပ်ပါသည်။

17.3.2020

အေးသန္တာစိုး၊ B.Agr.Sc-1998

Ref; https://gardening.which.co.uk/hc/en-gb/articles/115001017985-Chrysanthemum-white-rust

http://www.chrysanthemums.info/ailments/dis-white-rust.htm

https://www.cabi.org/isc/datasheet/45806

https://en.wikipedia.org/wiki/Chrysanthemum_white_rust

https://pnwhandbooks.org/plantdisease/host-disease/chrysanthemum-white-rust

https://www.ballseed.com/PDF/Chrysanthemum-WhiteRust-Alert&Management-June2018.pdf

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်