ပိုးသတ်​ဆေး ai များ ​ပေါင်းစပ်ခြင်း(Combination)

28/06/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

သက်ရှိသတ္တဝါများ၏ ပင်ကိုယ်သဘာဝအရ...

အန္တရာယ်တခုခုနှင့်ကြုံလာတိုင်း..ငြိမ်ခံမ​နေဘဲ တနည်းနည်းဖြင့် တုံ့ပြန်တတ်ကြ​ပေသည်။

ထို့အတူ အင်းဆက်ဖျက်ပိုးများသည်လည်း ဓာတုပိုးသတ်​ဆေးများနှင့် ထိ​တွေ့ကြိမ်ဖန်များလာရင်း...

ပိုးသတ်​ဆေးဒဏ်ခံနိုင်​သော မျိုးဆက်သစ်များ ​ပေါ်​ပေါက်လာကြပါသည်။

ပိုးသတ်​ဆေးယဉ်ပါးလာခြင်းအ​ကြောင်းရင်းများ(Resistance insecticide)

  • ဆေးအုပ်စုတမျိုးတည်းကို ကြိမ်ဖန်များစွာ အသုံးပြုခြင်း (Non rotate -ai)
  • ဆေးနှုန်းထား မမှန်ကန်ခြင်း (Mistake dosage)
  • ဆေးဖျန်းနည်းစနစ်မမှန်ခြင်း (Mistake application method)
  • ကျ​ရောက်ပိုးအမျိုးအစားနှင့် ​ဆေးအုပ်စုမမှန်ခြင်း(Mistake , pest and pesticide)
  • ဆေးဖျန်းသင့်သည့် အ​နေအထား/အရွယ်အစားမမှန်ခြင်း(Mistake ,time of application)

ဖော်ပြပါ အ​ကြောင်းအချက်များနှင့် သဘာဝညီမျှ​ခြေ ပျက်ယွင်းမှု၊ မိတ်​ဆွေပိုးများပျက်စီးမှုတို့​ကြောင့်  ဖျက်ပိုးများ၊ ပိုးသတ်​ဆေးများကို တဖြည်းဖြည်း ခံနိုင်ရည်ရှိလာကြပါသည်။

ထို့​ကြောင့် ပိုးသတ်​ဆေးများကို တမျိုးချင်းထုတ်လုပ်ရာမှ ပိုးသတ်​ဆေး ai နှစ်မျိုးကို ​ပေါင်းစပ်ထုတ်လုပ်လာကြပါသည်။

ဆေးအုပ်စု မတူညီ​သော ​အေအိုင် နှစ်မျိုးကို​ပေါင်းစပ်ခြင်း(Combination products)ပြုလုပ်ရာတွင်...

ပေါင်းစပ်နည်းမမှန်ကန်ပါက အာနိသင်ဆိုးကျိုးများရရှိ​စေနိုင်ပါသည်။

မတူညီ​သော ​အေအိုင်၂ မျိုး​ ပေါင်းစပ်ခြင်းဖြင့်..

၁။ Synergistic effect (ထပ်တိုးအစွမ်းအာနိသင်)

ဥပမာ။  ။ ၁ + ၁ = ၃

၂။ Additive effect (​ပေါင်းစပ်အစွမ်း အာနိသင်)

ဥပမာ။    ။ ၁  +၁ = ၂

၃။ Antagonistic effect (ဆန့်ကျင်ဖက်အစွမ်း အာနိသင်)

ဥပမာ။    ။ ၁ + ၁ = ၀

စသည့်အာနိသင်များ ရရှိနိုင်ပါသည်။

တောင်သူ့အမြင်အရ ဆေးဖျန်းများ​လေ... ပိုးများလာ​လေ..ဖြစ်ရခြင်းမှာ  ဖျက်ပိုးများ၏ မျိုးဆက်များသည် ပိုးသတ်​ဆေးများ၏ အဆိပ်သင့်မှုကို ခံနိုင်ရည်ရှိလာခြင်း​ကြောင့်ဖြစ်ပါသည်။

ယင်းကဲ့သို့ Resistance မြင့်လာ​သော army worm င​မြောင်​တောင်အုပ်စုများ၊ သီးလုံး​ဖောက်ပိုးများ၊ ပွင့်​ထွေးရွက်ထွေးပိုးများအတွက် Synergistic Effect Combination insecticides ဟူ​သော နှစ်မျိုး​ပေါင်းစပ်အစွမ်းအာနိသင် ပိုးသတ်​ဆေးအုပ်စုများ ထုတ်လုပ်လာကြပါသည်။

Organophosphate(OP) + Pyrethroid

၁။ Chlopyrifos + Cypermethrin​ ဆေးအုပ်စု (ကလိုပိုင်ရီ​ဖော့ + ဆိုက်ပါမီသရင်)​ဆေးတွဲများ

​#​ (စျေးကွက်ဝင် ​ဆေးအမည်များ(ကန့်သတ်ထားပြီး) - ရယ်ဒီ၊ ​ဖော်နို​ဖော့၊ကလပ်စတာ၊ဘူဒို၊ ဖိုက်၊ ဆိုင်ကလုံး၊ နံပတ်ဝမ်း၊ တင်းရှန့်၊ ဟာရီကိန်း၊ ကိုဝင်း...)

၂။ Profenophos (OPI)+ Pyrethroid ​ဆေးအုပ်စု (ပရိုဖီနို​ဖော့ +  ပိုင်ရီသရွိုက်)​ဆေးတွဲ

​(စျေးကွက်ဝင်​ဆေးအမည်များ - ဆလက်ပလပ်စ် ၊ ဂန်းနား.....)

၃။ (Pyrethroid + Neonicotinoid)​ ဆေးအုပ်စု (Lambda cyhalothrin + acetameprid)

(စျေးကွက်ဝင်အမည်များ - ဘတ်တာ ၊​အေစီလန်ဒါ၊ ဆိုင်လာ....)

၄။ (Pyrethroid +  Abamectin) အုပ်စု (Lambda.cyhalothrin + Emamectin benzoate)

( ဈေးကွက်ဝင်အမည်များ - အီမာလန်ဒါ၊ အလန်း၊ ဒဗလယ်....)

၅။ (Pyrethroid + abamectin)အုပ်စု (Lambda cyhalothrin + abamectin)

( ဈေးကွက်ဝင်အမည်များ - ကိုး...)

၆။ (Pyrethroid + Carbamate)အုပ်စု (Lambda cyhalothrin + Indoxacarb)

( ဈေးကွက်ဝင်အမည်များ - အင်တန်း၊အန်တို ၊နိုက်ဝမ်း.....)

၇။(Pyrethroid + Neonicotinoid) အုပ်စု (Lambda cyhalothrin + Thiamethoxan)

( ဈေးကွက်ဝင်အမည်များ - တင်းဒါး၊​အေပီဒိုမီ၊ ​ရေဇာ၊ ဒိုမီနို...)

မှတ်ချက် - ဖော်ပြပါ ​ဆေးအုပ်စုအတွဲများသည် မူရင်းထုတ်လုပ်သည့် ကုမ္ပဏီများမှ အသင့်​ရောစပ်ပြီး ထပ်တိုးအစွမ်းအာနိသင်(Synergistic effect) ဆေးတွဲများဖြစ်ကြပါသည်။ (ဓာတု​ဆေးများကို မိမိသ​ဘောဖြင့် ​ရောစပ်ဖျန်းလိုတိုင်း ​လက်လွတ်စပယ် ​ရော​နှောသုံးခြင်း မပြုသင့်ပါ)

ဆေးအုပ်စုများကို သိနားလည်ထားခြင်းအားဖြင့်..

ဖျက်ပိုးများ၊ ​ဆေးယဉ်ပါးမှု မဖြစ်​စေရန် ai အလှည့်ကျဖျန်း​ပေးသင့်ပါသည်။

OPI ​ဆေးအုပ်စုနှင့် Pyrethroid ​ဆေးအုပ်စုအ​ကြောင်း တင်ပြခဲ့ပြီးဖြစ်ရာ..

ဆက်လက်ပြီး....

Neonicotinoids group(နီယိုနီကိုတီနွိုက် အုပ်စု)..အ​ကြောင်း.... တင်ပြသွားမည်ဖြစ်ပါသည်။

စေတနာများစွာဖြင့်...

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်