အပင်များတွင် အဓိက ကျရောက်ရောက်သော ရောဂါများ (Common plant disease) အပိုင်း(၁)

19/01/2018 10:14 AM တွင် ayethandasoe ayethandasoe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နိဒါန်း
အောင်မြင်သော စိုက်ပျိုးသူတစ်ယောက် ဖြစ်လာစေဖို့အတွက် အများအားဖြင့် ဥယျာဉ်ခြံများနှင့် သီးနှံများတွင် ကျရောက်တတ်သော ပိုးနှင့်ရောဂါများကို သိရှိရန်လိုအပ်ပါသည်။ ရောဂါလက္ခဏာအခြေအနေများနှင့် မည်သည့် ဥယျာဉ် (သို့) သစ်သီးခြံအတွက်မဆို အသင့်တော်ဆုံး ပြုလုပ်သင့်သော ကာကွယ်နှိမ်နင်းနည်းများနှင့် နည်းစနစ်များအား သိရှိရန်လိုအပ်ပါသည်။ အထွက်နှုန်းကောင်းခြင်းသာမက အရည်အသွေးကောင်းမွန်ရန်၊ ပိုးရောဂါကင်းစင်ရန် လိုအပ်ပါသည်။ ပိုးရောဂါဘာကြောင့်ဖြစ်ရသည်ကို စိုက်ပျိုးသူကိုယ်တိုင် သိရှိ နားလည်ပြီး ကိုယ်တိုင် ကာကွယ်နှိမ်နင်းနိုင်ရမည်။ ပိုးနှင့်ရောဂါ သေချာကွဲပြားမှုမရှိဘဲ ဆေးဖြန်းခြင်း မပြုလုပ်သင့်ပါ။ တစ်ဆက်တည်းမှာပဲ ပိုးသတ်ဆေးများစွာ သုံးစွဲခြင်းက ပတ်ဝန်းကျင်နှင့်မြေကြီးကို အန္တရယ် ဖြစ်စေပါသည်။ သဘာဝနည်းလမ်းများဖြင့်လည်း ပိုးရောဂါများကို ကာကွယ်နှိမ်နင်း နိုင်ပါသည်။ အချို့သော ပိုးနှင့်ရောဂါ တို့က တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိသည်။ အပင်များတွင် ကျရောက်သောရောဂါများကို( fungal , viral or bacterial) မှို ၊ ဗိုင်းရပ်၊ ဘက်တီးရီးယား စသဖြင့် အုပ်စုခွဲနိုင်သည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဥယျာဉ်ခြံနှင့် စိုက်ပျိုးသီးနှံများတွင် များသောအားဖြင့် ကျရောက်တတ်သော ရောဂါများနှင့် ပတ်သက်၍ အပိုင်းခွဲ၍ ဖော်ပြ ပေးသွားပါမည်။

၁။ Blights : ပင်နာကျခြင်း
ဖြစ်စေသောသက်ရှိ - ဘက်တီးရီးယား (သို့) မှို
ရောဂါလက္ခဏာ - အရွက်များ၊ ကိုင်းများ ညှိုးခြင်း၊ အစက်အပြောက်များဖြစ်ခြင်း၊ အညိုရောင်ပြောင်း ခြင်း၊ အဝါရောင်ပြောင်းခြင်း၊ နောက်ဆုံးတွင် အပင်သေဆုံးသည်အထိဖြစ်သည်။ ရောဂါလက္ခဏာ အရောင် ပြောင်းခြင်းကို ပင်စည်၊ အသီး၊ အရွက်များတွင်တွေ့ ရသည်။

ရောဂါပုံစံများ - Fire blight ၊ စောပင်ကျနာ၊ နှောင်းပင်ကျနာ ၊ ဘက်တီးရီးယားရွက်ခြောက်

ကျရောက်နိုင်သောအပင်များ - အခန်းတွင်းစိုက်ပျိုးသောအပင်များနှင့် ကွင်းများတွင်စိုက်ပျိုး သောအပင်များ အားလုံးတွင်ကျရောက်နိုင်သည်။ အချို့သော အလှစိုက်အပင်များ၊ ဟင်းသီး ဟင်းရွက်အပင်များ၊ သစ်သီးအပင် များ၊ အရိပ်ရအပင်များတွင် ကျရောက်သည်။

ကာကွယ်နှိမ်နင်းနည်း
- ရောဂါကင်းစင်သောမျိုးစေ့များနှင့် ရောဂါဒါဏ်ခံနိုင်သော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
- ကိုင်းဖြတ်စိုက်ပျိုးမည်ဆိုပါက ကျန်းမာသန်စွမ်းပြီး ရောဂါကင်းစင်သောအပင်မှ မျိုးကိုင်းကို စိုက်ပျိုး ပါ။
- လိုအပ်သော အကွာအဝေးနှင့် အလင်ရောင်လိုအပ်မှုအခြေအနေကို စိုက်ပါ။
- စိုက်ပျိုးမြေ သို့ စိုက်ပျိုးမည်နေရာတွင် pH အသင့်တော်ဆုံးအခြေအနေ ဖြစ်ရမည်။
- အချိန်ကြာမြင့်စွာ ရေဝပ်ခြင်းသို့ ရေမြုပ်ခြင်းမဖြစ်စေရန် သတိပြုရမည်။ အစိုဓါတ် လိုအပ်မှုပေါ်မူတည် ၍ ရေသွင်းရမည်။
- Blights ရောဂါဖြစ်စေသော မည်သည့်ပိုးမှ မရှိအောင်ရှင်းလင်းရမည်။
- ရောဂါကျအစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်းရမည်။
- ဘက်တီးရီးယားနှင့်မှိုကြောင့်ဖြစ်သော ရောဂါဖြစ်သည်အတွက် ဘက်တီးရီးယားနှင့် မှို သတ်ဆေးကို အသုံးပြုနှိမ်နင်းရမည်။

၂။ Cankers : ကင်ကာရောဂါ
ဖြစ်စေသောသက်ရှိ - မှိုကြောင့်ဖြစ်စေသောရောဂါဖြစ်ပြီး သစ်ပင်ကြီးများ၏ အခေါက်များ၊ အောက်ဘက်ရှိ ဖုံးအုပ်နေသောနေရာများ၊ သေဆုံးနေသောတစ်ရှုးနေရာများ၊ အက်ကွဲနေသော နေရာများ နှင့် ဒဏ်ရာရရှိသော နေရာများတွင် တွေ့ရသည်။ များသောအားဖြင့် (biotic fungi and bacteria ) မှိုနှင့် ဘက်တီးရီးယား သို့မဟုတ် အပူချိန်လွန်ကဲသောအခါတွင် တွေ့ရသည်။ ပင်ကြားတန်းကြား မမှန်ဘဲ စိုက်ပျိုးခြင်း၊ မိုးသည်း ထန်ခြင်း၊ လေပြင်းတိုက်ခြင်း၊ အမြစ်ပုပ်ခြင်း၊ အပင်အားပိုးဖောက်ခြင်းတို့သည် canker ရောဂါကို ပို၍ဖြစ်စေ သည်။

ရောဂါပုံစံများ - Cytospora Canker and Nectria Canker

ရောဂါလက္ခဏာများ -စက်ဝိုင်းပုံ ပုံမှန်မဟုတ်သော အရောင်အကွက်များကို အပင်၏အခေါက်တွင် တွေ့ရသည်။

ရောဂါကျရောက်နိုင်သောအပင်များ - သစ်ပင်ကြီးများ နှင့် ခြုံနွယ်ကဲ့သို့ အပင်များတွင် များသောအားဖြင့် ကျရောက်တတ်ပါသည်။ အချို့ ရောဂါကျရောက်နိုင်သောအပင်များမှာ ထင်းရှူး၊ မိုးဃ်းမခပင်၊ သမ်ပင်၊ ရုရှားသံလွင်ပင် ၊ ဒေါက်က်ကလပ်ထင်းရှူး၊ အုတ် ၊ မေပယ်ပင်။

ကာကွယ်နှိမ်နင်းနည်း
- ရောဂါဒဏ်ခံနိုင်သောမျိုးများကို စိုက်ပါ။
- ဖြတ်တောက်ရမည့်ကိုင်းများ ဖြတ်သလို ရောဂါကျ ကိုင်းများကိုလည်း ဖြတ်ပါ။
- canker ရောဂါကို ဖြစ်စေသော အဓိကအကြောင်းအရင်းမှာ အမြစ်နှင့် ပင်စည်တို့တွင် ဒဏ်ရာရရှိ ခြင်း ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာများရရှိစေခြင်းမှ ရှောင်ကြဉ်ပါ။
- သစ်ပင်နှင့် ခြုံနွယ်ကဲ့သို့အပင်များကို စိုက်ပျိုးရာတွင် သင့်တော်သောနေရာ၊ အပင်များ သန်မာစေသည့် စိုက်ပျိုးပစ္စည်းများ နှင့် အကောင်းဆုံးအနေအထားတွင် စိုက်ပျိုးပါ။ မြေဆွေး နှင့် မြေသြဇာများကို အချိန်နှင့် တပြေးညီ ထည့်သွင်းပါ။
- သင့်တော်သော ပင်ကြားပေါင်းလိုက်ခြင်းကို ပြုလုပ် ပါ။
- ဒဏ်ရာရ အပိုင်းများ ဖြတ်တောက်ခြင်းဖြင့် canker ရောဂါကို ကာကွယ်ပါ။
- ရောဂါကျမှိုကျ ရောက်နေသောအပင်ကိုင်းကို ဓါတုပိုးသတ်ဆေးနှင့် ကာကွယ်ကုသ၍မရနိုင်ပါ။

၃။ Rusts : သံကြေးရောဂါ
ရောဂါဖြစ်စေသည့်သက်ရှိ - မှိုကြောင့် အရွက်များတွင် အရောင်ရှိသောအမှုန့်များဖြစ်စေခြင်း ဖြစ်သည်။ ရောဂါ ဖြစ်စေရန်အတွက် သက်ရှိလက်ခံပင်လိုအပ်သည်။

ရောဂါပုံစံများ - ကညွတ် သံကြေးမှို , ထင်းရှူးအဖုအနာသံကြေးမှို၊ ဂျုံသံကြေးမှို

ရောဂါလက္ခဏာများ 

- သံကြေးမှိုရောဂါကို များသောအားဖြင့် နွေရာသီနောက်ပိုင်းနှင့် ဆောင်း အခါတို့တွင် တွေ့ရသည်။

- သံကြေးမှိုရောဂါသည် အရွက်ပေါ်တွင် အရောင်ဖျော့သော အစက်အပြောက်များ စတင်ဖြစ်လာပြီး နောက်တွင် “pustules” ဟုခေါ်သော စပိုးထုတ်သည့်ပုံစံ ဖြစ်လာသည်။

- အရောင်ဖျော့သော အစက်ပြောက်များကို အရွက်၏အောက်မျက်နှာပြင်တွင် တွေ့ရမည်။
- သံကြေးမှိုရောဂါသည် အပင်၏သန်စွမ်းမှုကို သေဆုံးစေ၍ အပင်ကြီးထွားမှုကို ရပ်တန့်
စေသည်။
- အစက်အပြောက်များသည် အဝါ ၊ အညို ၊ အဖြူနှင့် လိမ္မော်ရောင် များရှိသည်။
- အရွက်များကို အရွယ်မတိုင်ခင်ကြွေကျစေသည်။
- အရွက်များအပြင် ပင်စည်များ ရိုးတံများတွင်လည်း စပိုးထုတ်သည့်ပုံစံများကို တွေ့ရသည်။
ရောဂါကျရောက်နိုင်သောအပင်များ - များသောအားဖြင့် ဥယျာဉ်ခြံသစ်ပင်များတွင်သာ ကျရောက်တတ်သည်။

ကာကွယ်နှိမ်နင်းနည်း
- စပိုးများအားသတ်၍ သံကြေးမှိုရောဂါမှကာကွယ်ရန်အတွက် တမာဆီကို အရွက်များပေါ်သို့ ဖြန်း ပါ။
- လေဝင်လေထွက်ကောင်းရန် လုံလောက်သော ပင်ကြားအကွားအဝေး ရရှိရန် စိုက်ပျိုး ပါ။
- ရောဂါဒဏ်ခံနိုင်သော အပင်ကို သုံးပါ။
- အရွက်ဟောင်းများနှင့် ရောဂါကျသောအရွက်များကို ဖယ်ရှားပါ။
- ပင်ပိုင်းဆိုင်ရာကြီးထွားမှုကို လွန်စွာအားပေးသကဲ့သို့ သံကြေးမှိုရောဂါဖြစ်စေရန် အားပေးသော နိုက်ထရိုဂျင် မြေသြဇာကို အလွန်အကျွံ မထည့်ပါနှင့်။

Aye Thanda Soe


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်