ဆိုက်ဘာရာဇဝတ်မှု (လူမှုမီဒီယာအပိုင်း-၂)

09/07/2023 15:00 PM တွင် Okkar Okkar မှ ရေးသား

စာဖတ်သူတို့နေကောင်းကျန်းမာကြရဲ့လားဗျ။

ရှေ့တစ်ပတ်တုန်းက မျှဝေခဲ့တဲ့ ဆိုက်ဘာရာဇဝတ်မှု(Cyber Crime)နှင့် လူမှုမီဒီယာ (အပိုင်း − ၁) ကိုဖတ်ပြီးကြပြီဟုတ်။ 

ဆိုက်ဘာရာဇဝတ်မှုကို ကျူးလွန်ကြသူများသည် အင်တာနက်ကွန်ယက်ပေါ်အခြေခံ၍ တစ်ဦးချင်းကိုဖြစ်‌စေ၊ အဖွဲ့အစည်းများအပေါ်ဖြစ်စေ ကျူးလွန်မည့်ပုံစံနှင့် အမျိုးအစားကိုရွေးချယ်ကြပါသည်။ 

အမျိုးအစားများစွာရှိသည့် ဆိုက်ဘာရာဇဝတ်မှုများ ကျူးလွန်ကြမှုကို ဒီတစ်ပတ်မှာ ဖော်ပြပေးသွားပါမည်။ (ဆိုက်ဘာရာဇဝတ်မှုများကို National Cyber Crime reporting Portal မှ အမျိုးအစားခွဲခြားပြထားခြင်းပဲဖြစ်ပါသည်။)

လူမှုမီဒီယာနှင့်ဆက်စပ်သောမှုခင်းများ (Social Media Related Crime)

i) Cyber Bullying/Stalking/Sexting - ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူသည် ပစ်မှတ်ထားခံရသူ၏ အင်တာနက်အသုံးပြုမှုကို မရပ်မနားနှောက်ယှက်ခြင်းဖြင့်ကျူးလွန်ကြသည်။ ထိုသို့ကျူးလွန်ရာတွင် အီလက်ထရောနစ်မေးလ် (E-mail)၊ လူမှုမီဒီယာစာမျက်နှာများနှင့် စာတိုပို့နိုင်သည့် ဆော့ဝဲများမှတဆင့် ပစ်မှတ်ထားခံရသူအား အသုံးပြုရန်၊ ခြိမ်းခြောက်ရန်၊ အရှက်ရစေရန်နှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန် တို့ကိုပြုလုပ်ကြသည်။ အထူးသဖြင့် အမျိုးသမီးများအား လူမှုမီဒီယာကိုအသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းသော စကားလုံးများပေးပို့ခြင်း၊ ရုပ်ပုံများနှင့် ဗီဒီယိုများကိုပေးပို့၍ ခြိမ်းခြောက်ခြင်း၊ စိတ်အနှောင့် အယှက်ပေးခြင်းများကို ပြုလုပ်ကြသည်။

ii) အီလက်ထရောနစ်မေးလ်ဖြင့် ဖြားယောင်းခြင်း(E-mail Phishing) - ကျူးလွန်သူသည် အဖွဲ့အစည်း (သို့) တကယ်ရှိသောလူတယောက်မှအသုံးပြုနေသော အီလက်ထရောနစ်မေးလ်( E-mail) ကဲ့သို့ အတုဖန်တီးကာ တခြားသောသူများထံသို့ပေးပို့၍ ကိုယ်ရေးအချက်အလက်များတောင်းခံခြင်း၊ ဘဏ်အကောင့်များ၊ လူမှုမီဒီယာအကောင့်နှင့် လျိုဝှက်နံပါတ်များ( Password )များကိုလိမ်လည် ရယူရန်ကြိုးပမ်းခြင်းဖြစ်သည်။

iii) အီးမေးလ်နှင့်ပရိုဖိုင်များကို ရယူခြင်း (E-mail & Profile Hacking) - လူတစ်ဦး၏ အင်တာနက်ချိတ် ဆက်ထားသော တစ်ကိုယ်ရည်သုံးကွန်ပြူတာ၊ လက်တော့ပ်(Laptop) နှင့် မိုဘိုင်းဖုန်းများအတွင်းသို့  တီထွင်ဖန်တီးထားသော ဆော့ဝဲကို အသုံးပြု၍ ကျူလွန်ခံရသူနှင့်ဝေးကွာသောအရပ်မှ ဝင်ရောက်ကာ အချက်အလက်များကိုရယူပြီး အလွဲသုံးစားပြုလုပ်ရန်နှင့်ကျူးလွန်ခံရသူအား ထိခိုက်နိုင်သည့် ရာဇဝတ်မှုများပြုလုပ်ရန်အသုံးပြုသည့်နည်းဖြစ်ပါတယ်။

iv) အယောင်ဆောင်ဖန်တီး၍ကျူးလွန်ခြင်း (Impersonating) - ရာဇဝတ်မှုကျူးလွန်သူသည် ပစ်မှတ်ထားခံရသူ၏ လူမှုမီဒီယာအကောင့်များ၊ အီးမေးလ်များပုံစံအတိုင်း အယောင်ဆောင်ကာ ငွေကြေးများလိမ်လည်ခြင်း၊ အသရေဖျက်ခြင်းနှင့် အခြားသူများကိုနှောက်ယှက်ခြင်းဖြင့်ကျူးလွန် သည့်ပုံစံဖြစ်သည်။

v) အွန်လိုင်းအလုပ်အကိုင်လိမ်လည်ခြင်း (Online Job Fraud) - ကျူးလွန်သူများသည် အလုပ်အကိုင်ရှာ ဖွေသူများကို လစာများစွာရရှိမည်(သို့) အလုပ်အကိုင်ရရှိမည် (သို့) အပိုဝင်ငွေရှာဖွေနိုင်မည်ဟု မက်လုံးများပေးကာ ငွေကြေးများကိုလိမ်လည်ခြင်းဖြစ်သည်။

vi) ရန်ရှာခြင်းနှင့်ခြိမ်းခြောက်ခြင်း (Provocative Speech and Intimidating Mail) - ကျုးလွန်သူ သည် အကြောင်းမရှိဘဲ ခြိမ်းခြောက်ခြင်း၊ ရန်ရှာခြင်းနှင့် တိုက်ခိုက်ခြင်းများကို လူမှုမီဒီယာပေါ်မှ ပြုလုပ်ခြင်းဖြစ်သည်။

vii) လိမ်လည်ဖုန်းခေါ်ဆိုခြင်းနှင့် ခိုးယူခြင်း(Fraud Call & Vishing) - လူမှုမီဒီယာပေါ်တွင် တင်ထားမိသော လူများ၏ဖုန်းနံပါတ်များသို့ ထီပေါက်သည်(သို့) ကံစမ်းမဲပေါက်သည် (သို့) အိမ်မက်အရ (သို့) ဘဏ်အကောင့်သက်တမ်းကုန်၍အသစ်ပြန်လုပ်ရန် စသည်ဖြင့် အကြောင်းအမျိုးမျိုးဖြင့် ဖုန်းဆက်ကာ ငွေလွဲစေခြင်း၊ အွန်လိုင်းငွေလွဲ အကောင့်၊ ဘဏ်ကဒ်နံပါတ်များ နှင့်လျို့ဝှက်နံပါတ်တောင်းခြင်း စသည့်ပုံစံဖြင့် ကျူးလွန်ခြင်းဖြစ်သည်။

viii) အွန်လိုင်းတရားမဝင်ကုန်ကူးမှု (Online Trafficking) - လူမှုမီဒီယာများကို အသုံးပြု၍ မူးယစ်ဆေးဝါးများ၊ တားမြစ်ထားသောထုတ်ကုန်များကို ရောင်းဝယ် ဖောက်ကားရန်ချိတ်ဆက်ခြင်းနှင့်ရောင်းခြင်း၊ အမျိုးသမီးများကို လူကုန်ကူးရန် သားကောင်များရှာဖွေခြင်း တို့အပြင် ကလေးညစ်ညမ်းရုပ်ပုံများ၊ စာပေများ‌ ရောင်းချခြင်း၊ လူ့ခန္ဓာကိုယ်တွင်းအင်္ဂါများရောင်းချခြင်းတို့သည်လည်း အလွန်ဆိုးရွားသော ဆိုက်ဘာရာဇဝတ်မှုအမျိုးအစားဖြစ်ပါသည်။

ix) အွန်လိုင်းလောင်းကစား (Online Gambling) - လူသုံးများသော လူမှုမီဒီယာများကို အသုံးပြု၍ တရားမဝင်သောအွန်လိုင်းလောင်းကစားဂိမ်းများကို တခြားသူများကစားစေရန် မြူဆွယ်ခြင်း၊ ဖိတ်ခေါ်ခြင်းနှင့် ကိုယ်တိုင်ကစားပြခြင်း၊ ၂ လုံး ၃ လုံးကဲ့သို့ လောင်ကစားများကို ‌ရောင်းခြင်းစသည်တို့သည်လည်း လူအများကိုဒုက္ခရောက်စေသော ဆိုက်ဘာရာဇဝတ်မှု များဖြစ်ပါသည်။

အထက်ပါအမျိုးအစားများသည် ယနေ့ခေတ်ကာလတွင် နိုင်ငံအသီးသီး၌ဖြစ်ပေါ်နေသော ဆိုက်ဘာရာဇဝတ်မှုများဖြစ်သည်။ တိုးတတ်သောနိုင်ငံများတွင် ဆိုက်ဘာရာဇဝတ်မှုများကို ကာကွယ်ရန်နှင့် အရေးယူနိုင်ရန် နိုင်ငံတော်အဆင့်ဖြင့် ကြိုးစားနေကြသည်။ မြန်မာနိုင်ငံကဲ့သို့ဖွံဖြိုးဆဲနိုင်ငံများတွင်မှု ဆိုက်ဘာ ရာဇဝတ်မှုများကို အရေးယူမှုအားနည်းနေဆဲဖြစ်သည်။ ထို့ကြောင့် ဆိုက်ဘာရာဇဝတ်မှု များကျုးလွန်ခံရခြင်းမှ ကာကွယ်ရန် လူမှုမီဒီယာ၊ အီလက်ထ‌ရောနစ်မေးလ်နှင့် အခြားသောအင်တာနက်အသုံးပြုသူများအနေဖြင့် ကိုယ်တိုင်ကာကွယ်မှုပြုလုပ်ရန်လိုအပ်ပါသည်။

နောက်တစ်ပတ်မှာတော့ ကိုယ်တိုင်ကာကွယ်ရန်နည်းလမ်းများကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ စောင့်မျှော်ဖတ်ရှုပေးကြပါဦးဗျ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်