အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နို့ပေး နွားမနှင့် နို့ခမ်းနွားမအတွက် စွမ်းအင်နှင့်အစာ လိုအပ်ချက်

နို့ပေး နွားမနှင့် နို့ခမ်းနွားမအတွက် စွမ်းအင်နှင့်အစာ လိုအပ်ချက်

Green Way
Green Way • Greenovator • 04/06/2018

ခန္ဓာကိုယ် အလေးချိန် (၅၅၀ ကီလိုဂရမ်) ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်သတ္တပတ်ပေါင်း (၁၂) ပတ် လိုအပ်လျက်ရှိပြီး ယခုအချိန်ထိ နွားနို့ ၆ ပိဿာ (သို့) ၉.၆ လီတာ ထွက်ရှိ သည်။ ထို နွားမကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။ 

• ခန္ဓာကိုယ်ရှင်သန်ရန် အမှန်တကယ်လိုအပ်သော စွမ်းအင် ပမာဏ(Maintenance )တွက် လိုအပ်သော စွမ်းအင်ပမာဏ =   ၆၃ MJME

• နို့ (၆) ပိသာ ထွက်ရှိရန် လိုအပ်သော စွမ်းအင်ပမာဏ= နို့ ၆ x ၉.၃ = ၅၅.၈ MJME

• ကိုယ်ဝန်ဆောင်ကာလ (၁၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ = ၁၃ MJME

စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၃၂ MJME/ရက်

၎င်းနွားမကို CP ၀၀၆ စပ်စာ  ၄ ကီလိုဂရမ် စတင်ကျွေးမွေးနေ ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် မွန်ဘားစားမြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ (မွန်ဘားစားမြက်တွင်ပါဝင်သော အသားဓာတ်ပမာဏ (၈.၅ ရာခိုင်နှုန်း)၊ အစိုဓာတ် (၂၀ ရာခိုင်နှုန်း)

• CP ၀၀၆ - ၄ ကီလိုဂရမ် x (အစာနုတွင် ပါဝင်သော စွမ်းအင်ပမာဏ)  ၉ MJME = ၃၆ MJME 

• စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၃၂ ) – ၃၆ =  ၉၆ MJME (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)

• ၉၆ / ၈.၅  =  ၁၁.၃ ကီလိုဂရမ် (အခြောက်အလေးချိန်) မွန်ဘားစားမြက် (အရည်သွေးပြည့် အစာကြမ်းပမာဏ)

• မွန်ဘားစားမြက် အခြောက်ပမာဏ (၂၀%) ရှိသော အစာ၏ အစိုအလေးချိန်ပမာဏ ၁၁.၃ ကီလိုဂရမ်/၂၀ ရာခိုင်နူန်း = မွန်ဘားစားမြက် ၅၇ ကီလိုဂရမ်

နို့ပေးနွားမအတွက် စွမ်းအင်နှင့် အစာလိုအပ်ချက်

ခန္ဓာကိုယ် အလေးချိန် (၅၅၀) ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်သတ္တပတ်ပေါင်း (၁၂) ပတ် လိုအပ်လျက်ရှိပြီး ယခုအချိန်ထိ နွားနို့ ၁၀ ပိဿာ (သို့) ၁၆ လီတာ ထွက်ရှိသည်။ ထို နွားမကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။ 

• ခန္ဓာကိုယ်ရှင်သန်ရန် အမှန်တကယ်လိုအပ်သော စွမ်းအင် ပမာဏ (Maintenance ) =   ၆၃ MJME

• နို့ (၁၀) ပိသာ ထွက်ရှိရန် လိုအပ်သော စွမ်းအင်ပမာဏ= နို့ ၁၀ ပိဿာ  x  ၉.၃ = ၉၃ MJME

• ကိုယ်ဝန်ဆောင်ကာလ (၁၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ =  ၁၃ MJME

စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၆၉ MJME/ရက်

၎င်းနွားမကို CP ၀၀၆ စပ်စာ ၆ ကီလိုဂရမ်  စတင်ကျွေးမွေးနေ ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် Mombasa မြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ (မွန်ဘားစားမြက်တွင်ပါဝင်သော အသားဓာတ်ပမာဏ (၈.၅ ရာခိုင်နှုန်း)၊ အစိုဓာတ် (၂၀ ရာခိုင်နှုန်း)

• CP ၀၀၆- ၆ ကီလိုဂရမ် x (အစာနုတွင် ပါဝင်သော စွမ်းအင်ပမာဏ) ၉ MJME = ၅၄ MJME 

• စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၆၉) – ၅၄= ၁၁၅ MJME (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)

• ၁၁၅/ ၈.၅ = ၁၃.၅ ကီလိုဂရမ် မွန်ဘားစားမြက် အခြောက်ပမာဏ (အရည်သွေးပြည့် အစာကြမ်းပမာဏ)

• မွန်ဘားစားမြက် အခြောက်ပမာဏ (၂၀%) ရှိသော အစာ၏ အစိုအလေးချိန်ပမာဏ - ၁၃.၅ ကီလိုဂရမ်/၂၀ ရာခိုင်နူန်း = မွန်ဘားစားမြက် ၆၇.၅ ကီလိုဂရမ်

နို့ခမ်းနွားမအတွက် စွမ်းအင်နှင့် အစာလိုအပ်ချက်

ခန္ဓာကိုယ် အလေးချိန် (၅၅၀) ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်ပေါင်း (၂) ပတ် လိုအပ်လျက်ရှိသော ထိုနို့နားနွားမ (dry cow) ကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။

• န္ဓာကိုယ်ရှင်သန်ရန် အမှန်တကယ်လိုအပ်သော စွမ်းအင် ပမာဏ (Maintenance ) =   ၆၃ MJME

• ကိုယ်ဝန်ဆောင်ကာလ (၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ = ၅၄ MJME

စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၁၇ MJME/ရက်

၎င်းနွားမကို CP ၀၀၆ စပ်စာ ၁ ကီလိုဂရမ် စတင်ကျွေးမွေးနေ ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် မွန်ဘားစားမြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ (မွန်ဘားစားမြက်တွင်ပါဝင်သော အသားဓာတ်ပမာဏ (၈.၅ ရာခိုင်နှုန်း)၊ အစိုဓာတ် (၂၀ ရာခိုင်နှုန်း)

• CP ၀၀၆ - ၁ ကီလိုဂရမ် x (အစာနုတွင်ပါသော စွမ်းအင်ပမာဏ) ၉ MJME = ၉ MJME 

• စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၁၇) – ၉ = ၁၀၈ MJME (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)

• ၁၀၈/ ၈.၅ = ၁၂.၇ ကီလိုဂရမ် မွန်ဘားစားမြက် အခြောက်အလေးချိန် (အရည်သွေးပြည့် အစာကြမ်းပမာဏ)

• မွန်ဘားစားမြက် အခြောက်ပမာဏ (၂၀%) ရှိသော အစာ၏ အစိုအလေးချိန်ပမာဏ - ၁၂.၇ ကီလိုဂရမ်/ ၂၀ ရာခိုင်နူန်း = မွန်ဘားစားမြက် ၆၃.၅ ကီလိုဂရမ်

မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား စီမံကိန်း

***တိရစ္ဆာန်သည် အစာ၌ပါဝင်သော စွမ်းအင်အားလုံးကို အသုံးမပြုနိုင်ခြင်းကြောင့် တိရစ္ဆာန်မှ အမှန်တကယ်အသုံးပြုသော ပမာဏကို တိုင်းတာရန် METABOLISABLE ENERGY or Megajoules of Metabolisable Energy (MJME) အသုံးပြုတွက်ချက်ကြသည်။ ***

 

နေထက်

နေထက်

လွန်ခဲ့သော ၃ နှစ် က

န

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။

ဦးအာကာမင်း • ဖြေကြားချက် 1 ခု

နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ

Min Maung • ဖြေကြားချက် 2 ခု

ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။

Min Soe • ဖြေကြားချက် 1 ခု

ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း

Kyaw Thu Lin • ဖြေကြားချက် 1 ခု

Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ

ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။