နွားစာချဉ်ဖတ်ပြုလုပ်ခြင်း

21/03/2018 15:16 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

နွားစာအစိုမရနိုင်သည့် ခြောက်သွေ့ကာလများတွင် အစာရှားပါးမှုပြဿနာကိုဖြေရှင်းပေးနိုင်ပြီး တိရစ္ဆာန်ကြီးထွားမှု၊ အသားနှင့် နို့ထုတ်လုပ်မှု ကောင်းမွန်စေရန် ရည်ရွယ်ပြုလုပ်ကြသည်။

နွားစာချဉ်ဖတ်ဆိုသည်မှာ နွားစာအစိုကို နုပ်နုပ်စဉ်းပြီး ကျင်း (သို့မဟုတ်) အိတ်အတွင်းတွင် သေချာဖိသိပ်ပြီး လေလုံအောင် သိမ်းဆည်းထားသော နွားစာဖြစ်သည်။

အကျိုးကျေးဇူးများ

- သီးနှံများတွင်ပါဝင်သော အာဟာရဓါတ်နှင့် စိုထိုင်းမှုကို ထိန်းသိမ်းထားနိုင်ခြင်း၊

- နေရောင်ခြည်ဖြင့် အခြောက်လှန်းခြင်းထက် အာဟာရဓါတ် ဆုံးရှုံးမှုနည်းခြင်း၊

- မည်သည့်ရာသီ မဆို ပြုလုပ်နိုင်ခြင်း

- ကုန်ကျစရိတ်နည်းခြင်းနှင့် နှစ်အတော်ကြာသိုလှောင်ထားနိုင်ခြင်း တို့ဖြစ်ပါသည်။

ဆိုးကျိုးများအနေဖြင့်

- ချဉ်ဖတ်ပြုလုပ်ရာ၌ လေလုံအောင် ပြုလုပ်ထားနိုင်ခြင်းမရှိလျှင် အာဟာရဓါတ်များ ဆုံးရှုံး နိုင်ပါသည်။

- လိုအပ်သော အက်စစ်ပြင်းအားအထိ ကျဆင်းမှုမရှိလျှင် တိရစ္ဆာန်ကို အန္တရာယ်ဖြစ်စေသော ပိုးမွှားများ ပေါက်ပွားစေပါသည်။

ချဉ်ဖတ်ပြုလုပ်ရာတွင် 

- စားကျက်ပဲပင်ကို ချဉ်ဖတ်ပြုလုပ်ရန် အကောင်းဆုံးရိတ်သိမ်းချိန်မှာ အပွင့်ပွင့်ချိန် ဖြစ်သည်။ ပြောင်းချဉ်ဖတ်ပြုလုပ်ရန် အကောင်းဆုံးရိတ်သိမ်းချိန်မှာ သီးနှံအစေ့ နို့ရည်ထည့်ချိန် ဖြစ်သည်။ မြက်ချဉ်ဖတ် ပြုလုပ်ရာတွင် ရေဓါတ်ပါဝင်မှု ၇၀ - ၇၅ % ရှိရမည်။ နွားစာပင်ရိတ်ခြင်း၊ စဉ်းခြင်း နှင့် ချဉ်ဖတ်သိပ်ခြင်းတို့ကို တစ်ရက်အတွင်းပြုလုပ်ရမည်။

- ချဉ်ဖတ်ကောင်းရရှိရန် ကောင်းစွာသိပ်ပေးရန်လိုအပ်သည်။ ချဉ်ဖတ်ကျင်းထဲ၌ လေခိုအောင်း မှုနည်းလေ ချဉ်ဖတ်အရည်အသွေး ကောင်းလေဖြစ်သည်။ ထို့ပြင် ချဉ်ဖတ်ကျင်း (သို့မဟုတ်) အိတ်ကို လေလုံအောင် ပြုလုပ်ထားမှသာလျှင် မှိုတက်ခြင်း၊ နွားစာတွင်ပါဝင်သော အာဟာရ ဓါတ်များ ဆုံးရှုံးခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ချဉ်ဖတ်သိပ်ပြီး အနည်းဆုံး (၃) ပတ် အတွင်းမဖွင့်ရ။

 လေလုံအောင်ဖိသိပ်ခြင်း 

- ပလပ်စတစ်စကို သေချာကြိုးစည်းပြီး တိပ်ဖြင့် ထပ်ပတ်ပါ။

- အိတ်ကို ထောင်ထားပြီး နေရောင်တိုက်ရိုက်မထိတွေ့အောင် ဖုံးထားပါ။

 ချဉ်ဖက်၏အရောင်သည် စိမ်းညိုရောင် (သို့) အဝါဖျော့ဖျော့ဖြစ်ရမည်။ အနံကောင်းရမည်။

ဗွီဒီယိုကြည့်ရန် နှိပ်ပါ။ https://www.youtube.com/watch?v=ygw2gpeENdQ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်