နွားစာချဉ်ဖတ်ပြုလုပ်ခြင်း

21/03/2018 15:16 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

နွားစာအစိုမရနိုင်သည့် ခြောက်သွေ့ကာလများတွင် အစာရှားပါးမှုပြဿနာကိုဖြေရှင်းပေးနိုင်ပြီး တိရစ္ဆာန်ကြီးထွားမှု၊ အသားနှင့် နို့ထုတ်လုပ်မှု ကောင်းမွန်စေရန် ရည်ရွယ်ပြုလုပ်ကြသည်။

နွားစာချဉ်ဖတ်ဆိုသည်မှာ နွားစာအစိုကို နုပ်နုပ်စဉ်းပြီး ကျင်း (သို့မဟုတ်) အိတ်အတွင်းတွင် သေချာဖိသိပ်ပြီး လေလုံအောင် သိမ်းဆည်းထားသော နွားစာဖြစ်သည်။

အကျိုးကျေးဇူးများ

- သီးနှံများတွင်ပါဝင်သော အာဟာရဓါတ်နှင့် စိုထိုင်းမှုကို ထိန်းသိမ်းထားနိုင်ခြင်း၊

- နေရောင်ခြည်ဖြင့် အခြောက်လှန်းခြင်းထက် အာဟာရဓါတ် ဆုံးရှုံးမှုနည်းခြင်း၊

- မည်သည့်ရာသီ မဆို ပြုလုပ်နိုင်ခြင်း

- ကုန်ကျစရိတ်နည်းခြင်းနှင့် နှစ်အတော်ကြာသိုလှောင်ထားနိုင်ခြင်း တို့ဖြစ်ပါသည်။

ဆိုးကျိုးများအနေဖြင့်

- ချဉ်ဖတ်ပြုလုပ်ရာ၌ လေလုံအောင် ပြုလုပ်ထားနိုင်ခြင်းမရှိလျှင် အာဟာရဓါတ်များ ဆုံးရှုံး နိုင်ပါသည်။

- လိုအပ်သော အက်စစ်ပြင်းအားအထိ ကျဆင်းမှုမရှိလျှင် တိရစ္ဆာန်ကို အန္တရာယ်ဖြစ်စေသော ပိုးမွှားများ ပေါက်ပွားစေပါသည်။

ချဉ်ဖတ်ပြုလုပ်ရာတွင် 

- စားကျက်ပဲပင်ကို ချဉ်ဖတ်ပြုလုပ်ရန် အကောင်းဆုံးရိတ်သိမ်းချိန်မှာ အပွင့်ပွင့်ချိန် ဖြစ်သည်။ ပြောင်းချဉ်ဖတ်ပြုလုပ်ရန် အကောင်းဆုံးရိတ်သိမ်းချိန်မှာ သီးနှံအစေ့ နို့ရည်ထည့်ချိန် ဖြစ်သည်။ မြက်ချဉ်ဖတ် ပြုလုပ်ရာတွင် ရေဓါတ်ပါဝင်မှု ၇၀ - ၇၅ % ရှိရမည်။ နွားစာပင်ရိတ်ခြင်း၊ စဉ်းခြင်း နှင့် ချဉ်ဖတ်သိပ်ခြင်းတို့ကို တစ်ရက်အတွင်းပြုလုပ်ရမည်။

- ချဉ်ဖတ်ကောင်းရရှိရန် ကောင်းစွာသိပ်ပေးရန်လိုအပ်သည်။ ချဉ်ဖတ်ကျင်းထဲ၌ လေခိုအောင်း မှုနည်းလေ ချဉ်ဖတ်အရည်အသွေး ကောင်းလေဖြစ်သည်။ ထို့ပြင် ချဉ်ဖတ်ကျင်း (သို့မဟုတ်) အိတ်ကို လေလုံအောင် ပြုလုပ်ထားမှသာလျှင် မှိုတက်ခြင်း၊ နွားစာတွင်ပါဝင်သော အာဟာရ ဓါတ်များ ဆုံးရှုံးခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ချဉ်ဖတ်သိပ်ပြီး အနည်းဆုံး (၃) ပတ် အတွင်းမဖွင့်ရ။

 လေလုံအောင်ဖိသိပ်ခြင်း 

- ပလပ်စတစ်စကို သေချာကြိုးစည်းပြီး တိပ်ဖြင့် ထပ်ပတ်ပါ။

- အိတ်ကို ထောင်ထားပြီး နေရောင်တိုက်ရိုက်မထိတွေ့အောင် ဖုံးထားပါ။

 ချဉ်ဖက်၏အရောင်သည် စိမ်းညိုရောင် (သို့) အဝါဖျော့ဖျော့ဖြစ်ရမည်။ အနံကောင်းရမည်။

ဗွီဒီယိုကြည့်ရန် နှိပ်ပါ။ https://www.youtube.com/watch?v=ygw2gpeENdQ


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်