နွားမွေးမြူရေးအတွက် အခြေခံအစာကျွေးနည်းစနစ်နှင့် အာဟာရလိုအပ်ချက်များတွက်ချက်ပုံ

21/03/2018 15:05 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

အခြေခံ လိုအပ်ချက်များ
Water (ရေ)
Energy (စွမ်းအင်)
Protein (အသားဓါတ်)
Fibre (အမျှင်ဓါတ်)
Minerals (သတ္ထုဓါတ်)
Vitamins (ဗီတာမင်ဓါတ်)
WATER (ရေ)
မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် နွားများကို ရေဘယ်နှစ်ကြိမ် တိုက်သနည်း?
သင် တစ်ရက်လျှင် ရေ ဘယ်နှစ်ကြိမ် သောက်သနည်း?
နို့ပေးနွားမများသည် တစ်ရက်လျှင် ရေပမာဏ (၉၀) ပိဿာ သောက်သုံး နိုင်သည်။
ရေသောက်နှုန်း နည်းလျှင် အစာစား နှုန်းနှင့် နို့ထွက်နှုန်း နည်းမည်။
တိရစ္ဆာန် သက်သာချောင်ချိရေးနှင့် မွေးမြူရေးအကျိုးအမြတ် အတွက် ရေအပြည့်အဝ တိုက်ကျွေးရန် လိုအပ်သည်။
နွားနို့တွင် ရေ (၉၀) ရာခိုင်နှုန်းခန့် ပါဝင်သည်။
နွားများကို ရေများများ တိုက်လျှင် နို့ထွက်နှုန်းကောင်းစေပြီး၊ ရေကို အကန့်အသတ်ဖြင့် တိုက်ကျွေးလျင် နို့ထွက်နှုန်းနှင့် သားအောင်သားပေါက်နှုန်းပါ ထိခိုက်နိုင်ပါသည်။


အထက်ပါအချက်များကို ထောက်ရှုကာ  နွားများကို လွတ်လပ်စွာသွားလာနိုင်ရန်နှင့် ရေကို ၂၄ နာရီ အချိန်ပြည့် သောက်သုံးနိုင်ရန် အကြံပြုထောက်ခံ အပ်ပါသည်။
အစာတစ်ခုနှင့်တစ်ခု နှိုင်ယှဉ်ခြင်း
ဉပမာ-
အစာနု - ၁၀ %     (အစိုဓာတ်)                      
အရည်သွေးပြည့်အစာစိမ်း  – ၈၀ %     (အစိုဓာတ်)


အစာကျွေးမွေးရာတွင် အခြောက်ချိန်ပမာဏ (အစိုဓာတ်ဖယ်ပြီး) ဖြင့်တွက်ချက် ကျွေးမွေးသင့်သည်။ အလေးချိန်တူညီသော်လည်း အစို/အခြောက် ပါဝင်မှုပေါ်မူတည်၍ အစာခြောက်အလေးချိန်ပမာဏ ကွာခြားနိုင်ပါသည်။ ထို့ကြောင့် မိမိကျွေးသော အစာသည် အစိုဖြစ်နေလျှင် အခြောက်ချိန် မည့်မျှ ရှိမည်ကို သိရှိရန်လိုအပ်ပါသည်။
အခြောက်ဓာတ် (DM) = လုံးဝခြောက်သွေ့သွားသော အခြောက်ပမာဏ
အစာခြောက်ခံရန်အတွက် အပူပေးပစ္စည်းလိုအပ်သည်။
စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ၊ စားကျက်ပင်များ၊ ရာသီလိုက်စိုက်ပျိုးသော တိရစ္ဆာန် အစာများကို အစာအဖြစ်အသုံးပြုသောကြောင့် မိမိခြံမှရရှိနိုင်သော အစာပေါ်မူတည်ပြီး လစဉ် လိုအပ်ချက်မှ တစ်နှစ်လုံးအတွက် အစာလိုအပ်ချက်ကို ကြိုတင်ခန့်မှန်းထားရန် လိုအပ်ပါမည်။
ENERGY (စွမ်းအင်)
စွမ်းအင်ကို Megajoules (metric) or Megacalories (imperial) ဖော်ပြပါသည်။
တိရစ္ဆာန်သည် အစာ၌ပါဝင်သော စွမ်းအင်အားလုံးကို အသုံးမပြုနိုင်ခြင်းကြောင့်  တိရစ္ဆာန် မှ အမှန်တကယ် အသုံးပြုသော ပမာဏကို တိုင်တာရန် METABOLISABLE ENERGY or Megajoules of Metabolisable Energy (MJME) အသုံးပြုတွက်ချက်ကြသည်။
စွမ်းအင်လိုအပ်ချက်


Maintenance (ခန္ဓာကိုယ် အသက်ရှင်လှုပ်ရှားရန် အမှန်လိုအပ်သော စွမ်းအင်ပမာဏ)
Regulating body temperature (ခန္ဓာကိုယ် အပူချိန်ထိန်းညှိခြင်း)
Ruminating (စားမြှုံပြန်ခြင်း)
Cell and organ function (ကိုယ်တွင်း အင်္ဂါများလုပ်ငန်း ဆောင်ရွက်ခြင်း)
Milk production (နို့ထုတ်လုပ်ခြင်း)
Pregnancy (ကိုယ်ဝန်ဆောင်ခြင်း)
Movement (လှုပ်ရှားသွားလာခြင်း)


FIBRE (အမျှင်ဓာတ်)
မြန်မာနိုင်ငံ၏နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန်အဓိကအဟန့်အတားမှာ ကောက်ရိုး ကို အခြေခံနွားစာအဖြစ် အသုံးပြုနေခြင်း ဖြစ်ပါသည်။
ကောက်ရိုးသည် အာဟာရပါဝင်မှု နည်းသည်။ ထို့ကြောင့် ကောက်ရိုးကို ကောင်းမွန်သော အစာအဖြစ် ရရှိနိုင်ရန်နှင့် အရည်သွေးမြင့်မားအောင် အမျိုးမျိုးကြိုးစားဆောင်ရွက်သော် လည်း ရရှိလာသော အာဟာရတန်ဖိုးနှင့်ကုန်ကျစရိတ်သည် တွက်ချေမကိုက်ပေ။
သို့သော် အစာနုများစွာကျွေးသော တိရစ္ဆာန်များအတွက် acidosis မဖြစ်စေရန် လိုအပ် သည်။

အသားဓာတ်လိုအပ်ချက်

- နွားငယ်များနှင့် နွားမတမ်းများ၏ အစာတွင် အသားဓာတ် ၁၈ ရာခိုင်နှုန်း လိုအပ်သည်။ 

-မွေးပြီး ရက်ပေါင်း (၁၀၀) အတွင်းရှိ နို့ပေးနွားမများကို ကိုယ်ဝန်ရရှိနိုင်ရန် အသားဓာတ် (၁၈) ရာခိုင်နှုန်း အစာကျွေးရန် လိုအပ်သည်။
-မွေးပြီး ရက်ပေါင်း (၂၀၀) ရှိ နွားများကို အသားဓာတ် (၁၆) ရာခိုင်နှုန်း အစာကျွေးရန် လိုအပ်ပြီး နို့ညှစ်သက်တမ်း ရက် (၂၀၀) နောက်ပိုင်းရှိနွားမများကို အသားဓာတ် (၁၄) ရာခိုင်နှုန်း ပါရှိသော အစာကျွေးရန်လိုအပ်ပါသည်။
- ခန္ဓာကိုယ်မှ လိုအပ်သည်ထက် ပိုလျှံသော အသားဓာတ်ကို ဆီးလမ်းကြောင့်မှ စွန့်ထုတ်သည်။ 
အစာတွက်နည်း အမေးအဖြေ 
  • ခန္ဓာကိုယ် အလေးချိန် (၅၅၀)ကီလိုဂရမ် ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်ပေါင်း (၁၂) ပတ် လိုအပ်လျက်ရှိပြီး ယခုအချိန်ထိ နွားနို့ ၆ ပိဿာ (သို့) ၉.၆ လီတာ ထွက်ရှိသည်။ ထို နွားမကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှလိုအပ်မည်နည်း။
  • ခန္ဓာကိုယ် အတွက် လိုအပ်သော စွမ်းအင်ပမာဏ =   ၆၃ MJME
  • နို့ (၆) ပိသာ ထွက်ရှိရန် လိုအပ်သော စွမ်းအင်ပမာဏ= နို့ ၆ ပိဿာ  x ၉.၃  = ၅၅.၈ MJME
  • ကိုယ်ဝန်ဆောင်ကာလ (၁၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ = ၁၃ MJME
  • တနေ့တာအတွက် စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၃၂ MJME/day
  • ၎င်းနွားမကို CP ၀၀၆ စပ်စာ ၄ ကီလိုဂရမ်  စတင်ကျွေးမွေးနေပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် မွန်ဘားဆားမြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ 
  • CP ၀၀၆ ၄ ကီလိုဂရမ်  x (အစာနုတွင် ပါဝင်သော စွမ်းအင်ပမာဏ) ၉ MJME = ၃၆ MJME
  • စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၃၂) – ၃၆ = ၉၆ MJME
  •  (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)
  • ၉၆ / ၈.၅ = ၁၁.၃ ကီလိုဂရမ် မွန်ဘားဆားမြက်၏အစာခြောက်ပမာဏ 
  • (အရည်သွေးပြည့်  အစာကြမ်းပမာဏ)
  •  အခြောက်ဓာတ်(၂၀)ရာခိုင်နှုန်းရှိသော မွန်ဘားဆားမြက်အစို ၅၇ ကီလိုဂရမ်ကျွေးရန်လိုအပ်ပါသည်။
source - မြန်မာ−နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း 

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်