မိုးများ ရုတ်တရက်ရွာသော် စိုက်ပျိုးရေးလုပ်သူများ အနေဖြင့်..

21/03/2022 10:03 AM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းဒေသတွေပေါ်မှာ တိမ်အနိမ့်တွေဖုံးလွှမ်းမှုက ၄၀% မှ ၉၀% အထိ ရှိနေပြီး  မိုးရေချိန်ကတော့ ၀.၀၁ လက်မှ ၀.၀၅ လက်မခန့်သာရွာနိုင်တာကြောင့် အလွန်ပါးပါး(ဆောင်းမိုး)ရွာတာ ဖြစ်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဆရာဦးဝင်းနိုင်က သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာကနေ ယနေ့ နံနက်က ပြောခဲ့ပါတယ်။ 

ဆရာက ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ တိမ်ထု ထူထူဖြစ်နေတာကလွဲရင် မုန်တိုင်းမရှိပါလို့လည်း တင်ပြထားပါတယ်။ 

 

သို့သော်ငြားလည်း စိုက်ပျိုးရေးလုပ်ကိုင်နေသူများအနေဖြင့် ကြိုတင်ကာကွယ်ပြင်ဆင်ကာ ပြုပြင်လို့ရနိုင်တဲ့ အချက်များကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ရေထုတ်၊ ရေနုတ်မြောင်းများကို စိုက်ဘောင်၊ စိုက်ကွင်းများတွင် ပြုလုပ်ထားခြင်း၊ 

(၂) ဥယျဉ်ခြံအပင်များဖြစ်ပါက ပင်ခြေများကို ကောက်ရိုး သို့မဟုတ် မြေဆွေး၊ ပလတ်စတစ်စများဖြင့် အုပ်မိုးထားခြင်း (Mulching)၊

(၃) ကယ်ဆီယမ် နှင့် ပိုတက်ဆီယမ် ပါသော မြေဩဇာများကို အပင်ဆဲလ်များတောင့်တင်းမာကြောလာစေရန် ဖျန်းခြင်း၊ ကျွေးခြင်း၊ (မြေဆောင်ရောဂါများ နှင့် ရေရရှိမှု မမျှတခြင်းကို ကူညီပေးနိုင်ရန်အတွက် ရည်ရွယ်ပါသည်။) ဥပမာ ကျောက်မှုန့်ထည့်ခြင်းသည် မြေလွှာအတွင်း ရေစီးဆင်းမှုကို အားပေးစေသည်။

(၄) နိုက်ထရိုဂျင်ပါသော မြေဆီကျွေးမှုကို ခဏတာ ရပ်တန့်ပေးထားရမည်။ နိုက်ထရိုဂျင်ဓာတ်သည် ရေဖြင့် စီးလွယ်မျောပါနိုင်သည်။ မြေဆောင်မှိုရောဂါတစ်ချို့ကို အားပေးသည်။ ဥပမာ - မြေအစိုဓာတ်ရှိနေစဉ် စခရိုရှမ် မှိုပင်ညှိုးရောဂါအား နိုင်ထရိုဂျင်ဓာတ်မှ အားပေးသည်။ 

(၅) အရွယ်အစားတစ်ခုသို့ ရောက်စ အသီးကင်းများအတွက် အိပ်စွပ်ခြင်း၊ အသီးအညှာကို အားပေးသော ဟော်မုန်းများ ( ဥပမာ ဂျစ်ဘရဲလစ်အက်ဆစ် ခေါ် ဂျစ်ဘရယ်လင် (GA3) နှင့် ပိုတက်ဆီယမ်ဓာတ်များ ပါသော ရွက်ဖျန်းများ) ကို အသုံးပြုခြင်း၊ 

(၆) ကြိုတင်မှိုရောဂါ ပင်လုံးပြန့်၊ ကာကွယ်ဆေးများကို သုံးခြင်း 

( ဥပမာ သိုင်အိုဖီးနိတ်မီသိုင်း အေအိုင် )

(အစွမ်းထက် - အဆိပ်ပစ္စည်း Thiophenate methyl)

မိတ်ဆွေတို့အနေနဲ့ ထိခိုက်မှုမရှိဘဲ ကြိုတင်လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ပြီး စိမ်းစိုအောင်မြင်စေပါကြောင်း ဆုတောင်းရင်းဖြင့်..

 အပူချိန်စတင် မြင့်နေစဉ် ရုတ်တရက်မိုးများ ဆက်၍ ရွာလာပါက -

(၁) မြေဆီလွှာအတွင်းရေရရှိမှုမညီမျှခြင်း (Imbalance water supply) 

(၂) မြေဆောင် မှိုရောဂါများ ဆိုးဝါးလာခြင်း (Soil-born fungal diseases) 

(၃) သီးနှံပင်များ၏ ဇီဝကမ္မဖြစ်စဉ်များကို ထိခိုက်စေခြင်း (Crop physiological stress)

(၄) ရွေ့လျားလွယ်သော အပင်အာဟာရဓာတ်များ ရေဖြင့်မျောပါနိုင်ခြင်း (Loss of Mobile Plant Nutrients)

(၅) ပန်းပွင့်နေသော အဆင့်ဖြစ်ပါက ဝတ်မှုန်ကူးခြင်း နှင့် အသီးကင်းများကို ထိခိုက်စေခြင်း 

(Damage on Pollination rate and immature fruit fall) စသည့်ထိခိုက်မှုများ ဖြစ်စေနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်