#တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ - ၁ (စိန်ကွက်ဖလံနှိမ်နင်းနည်း)
စိုက်ပျိုးရေးကိုအားထားနေရတဲ့ မြန်မာနိုင်ငံမှာ တောင်သူဦးရေဟာ ၇၀%ရှိတယ်လို့ ဆိုပါတယ်။
ဒီတော့ တောင်သူတဦးချင်း ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။
တောင်သူဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံအချက်ကတော့ ကျေးလက်စိုက်ပျိုးရေးနည်းပညာ တိုးတက်မြင့်မားရေး (Rural agriculture education development) ဖြစ်ပါတယ်။
အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာလည်း ကျေးလက်စိုက်ပျိုးရေးနည်းပညာ တိုးတက်ဖို့ (Farmer field schools) ကျေးရွာနည်းပညာပေးသင်တန်းကျောင်းတွေ ဖွင့်လှစ်ပြီး ခန်းမတွေ၊ ဇရပ်တွေ၊ သစ်ပင်ရိပ်အောက်တွေ၊ လယ်တဲတွေထဲမှာ လက်တွေ့ ရော စာ တွေ့ပါ ကွင်းဆင်းပညာပေးလျက်ရှိပါတယ်။
စာရေးသူတို့ဆီမှာလည်း၊ (Knowledge center) တွေဖွင့်ပြီး စိုက်ပျိုးရေးဌာနဝန်ထမ်းတွေ လုပ်ဆောင်နေပါတယ်။
တောင်သူတွေနဲ့ အများဆုံးထိတွေ့ ဆက်ဆံနေရတာကတော့ စိုက်ပျိုးရေး ဆေးပစ္စည်း ကုမ္ပဏီများမှ တိုးချဲ့နည်းပညာပေး ကွင်းဆင်းဝန်ထမ်းတွေ ဖြစ်ပါတယ်။
ပညာလည်းပေး၊ လက်ဆောင်လည်းပါ၊ ဆေးလည်းကြော်ငြာရင်းပေါ့လေ။
အဓိကအချက် ပညာပေးရတာကတော့ Pesticides(ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး) စတဲ့ chemicals ဓာတုအဆိပ်ရှိပစ္စည်းတွေကို အန္တရာယ်ကင်းစွာနဲ့ အသုံးပြုတတ်စေရေး ဦးစားပေး ဆွေးနွေးရပါတယ်။
Farmer meeting or group meeting တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံအရ လွဲမှားနေတဲ့ အယူအဆ အတွေးအခေါ် လေးတွေကို လိမ္မာပါးနပ်စွာ ပြုပြင်ပြောင်းလဲပေးရပါတယ်။
အစွဲချွတ်ဖို့(နည်းပညာအသစ်ကိုလက်ခံဖို့) အခဲယဥ်းဆုံး တောင်သူများဟာ ကျေးလက်မှာ ရှိပါတယ်။
အခုလည်း စာရေးသူ ရှမ်းတောင်ပိုင်း၊ ကလောဒေသကို ရောက်နေတုန်း လုပ်ခဲ့တဲ့ ပန်းမုံလာ၊ ဂေါ်ဖီထုပ် စိုက်ခင်းတွေမှာ ကျရောက်တဲ့ စိန်ကွက်ဖလံအကြောင်း ဆွေးနွေးပွဲ အတွေ့အကြုံလေး ပြောပြချင်ပါတယ်။

ရိုးသားတဲ့ တိုင်းရင်းသားတွေလည်းဖြစ်တော့ သူတို့နားလည်မယ့် ဒေသန္တရ အသုံးအနှုန်းနဲ့ သတိထား ပြောရပါတယ်။
စိန်ကွက်ဖလံ(diamond back moth)ကို ဖလံလို့ ခေါ်ကြပါတယ်။
ဂေါ်ဖီထုပ်၊ ပန်းမုံလာတွေကို ဖျက်ဆီးနေတာက ဖလံက ပေါက်လာတဲ့ ပိုးစိမ်းကောင် ဆိုတာလည်း သူတို့သိပါတယ်။
အဲဒီမှာ..ပိုးသတ် ဆေးဖျန်းကြတော့ အဓိကဖျက်ဆီးတဲ့ ပိုးစိမ်းကောင်ထက် ဖလံတွေကို သေစေတဲ့ ဆေးကို ရှာဖျန်းနေကြပါတယ်။
ဖလံရှိရင် ပိုးစိမ်းကောင်ရှိမယ်၊ ဖလံမရှိမှ ပိုးစိမ်းကောင်မရှိမှာမို့လို့ပါတဲ့ဗျာ။
ဒါလည်း ဟုတ်တာပဲလေ. နော့။
သို့ သော်..
ဖလံသေစေချင်လို့..ဖလံသတ်ဆေးကို သီးသန့်ဖျန်းစရာမလိုပါ။
ဒါကြောင့်..မိတ်ဆွေတို့၊ တောင်သူအပေါင်းတို့...
""ဖလံတွေ များများသေဖို့၊ ပိုးသတ်ဆေးဖျန်းစရာမလိုတဲ့နည်းလေးရှိရင်..မလိုချလား” ဆိုတော့ လိုချင်တာပေါ့ဆရာရယ်..လုပ်စမ်းပါဦး..တဲ့။
ဒီတော့မှ..အယူအဆ လွဲနေတာလေး ပြင်ဖို့ လမ်းစတွေ့သွားတယ်။
"ပိုးဖလံမျိုး၊မီးကိုတိုး၊..ကိုယ်ကျိုးနည်းကုန်၏..တဲ့""
ကြားဖူးကြလားဗျာဆိုတော့ 'ဟင့်အင်း..ကြားဖူးဘူး' တဲ့။
ဗုဒ္ဓေါ..၊ လမ်းပျောက်တော့မှာပဲ။
ဟုတ်ပါပြီ။ မကြားဖူးရင်မှတ်ထားပါ။ ဖလံဆိုတာ ညထွက်ကောင်တွေပါ၊ မီးရောင်မြင်ရင် လာတိုးတတ်ပါတယ်။ မီးကိုမှ ခင်တွယ်၊ မီးကိုချစ်တယ်၊ မီးနဲ့ဆိုရင်..မီးတောင်ကိုကျော်၊ မီးပင်လယ်ကို ဖြတ်မယ်..ဆိုတဲ့ ဖလံတွေကိုး။
ဒါကြောင့်..ညမှာ ဘတ္ထရီမီးချောင်းလေးကို လယ်ကွင်းထဲမှာထွန်းထားရင် ဖလံတွေ စုပြုံတိုး ဝှေ့လာကြပါတယ်။
မီးချောင်းအောက် တည့်တည့်မှာ ရေခွက်ချထားရင် ရေခွက်ထဲပြုတ်ကျလာပါတယ်။
မနက်ခင်းမှာ၊ လယ်ထဲသွားကြည့်ရင် ဖလံတွေ ရာပေါင်း၊ ထောင်ပေါင်းများစွာ သေနေတာ တွေ့ရပါမယ်။
ဒါဟာ ပိုးသတ်ဆေးဖျန်းတာထက် ဖလံသေနှုန်းအရေအတွက် ပိုပါတယ်။
ဒီလိုလုပ်တာကို မီးထောင်ချောက်(lite trap)ထွန်းညှိခြင်းလို့ ခေါ်ပါတယ်။
တခုသတ်ထားရမှာကတော့ မီးထောင်ချောက်ထွန်းရင် တဦးတယောက်တည်းမလုပ်ဘဲ နီးစပ်ရာ ကွင်းတောင်သူများ စုပေါင်းထွန်းညှိ လုပ်ဆောင်ဖို့ လိုတာပါပဲ။
ဒီနည်းကို ဘက်စုံ ပိုးမွှားကာကွယ်နည်းစနစ် IPM(integrated pest management)လို့ ခေါ်ပါတယ်။
အဲသလို ဖလံတွေကိုလည်း IPM နည်းတွေနဲ့ ကာကွယ်နှိမ်နင်းပြီးမှ ကျရောက်လာတဲ့ စိုက်ခင်းထဲက ပိုးစိမ်းကောင် စိန်ကွက်ဖလံကို လောက်ကောင်ပထမဆင့်၊ ဒုတိယအဆင့်မှာ ပိုးသတ်ဆေး ဖျန်းတာလုပ်ရပါမယ်။
ဖလံမ ဘဝကနေ ဥဥမယ်၊ လောက်ကောင်အဆင့်မှာဖျက်ဆီးမယ်၊ အဆင့် ၄ ပြီးရင် ရုပ်ဖုံးလုပ်မယ်၊ ရုပ်ဖုံးဘဝကနေ ဖလံအဖြစ် ဘဝတခု ပြန်စမယ်။
အဲသလို ဘဝသံသရာ တပတ်လည်ဖို့ ရာသီဥတုအပေါ်မူတည်ပြီး ၂၀-၅၀ ရက်ကြာတတ်ပါတယ်။
စိန်ကွက်ဖလံတွေက နေထိုင်စားသောက်မှုသဘာဝအရ ဆေးဒဏ်ခံနိုင်လို့ ပိုးသတ်ဆေးအုပ်စုကိုတော့ ရွေးချယ်ဖျန်းဖို့လိုပါတယ်။
ငမြှောင်တောင်နဲ့ ပိုးစိမ်းကောင်အုပ်စုအတွက် အကောင်းဆုံးထဲက တခုကိုညွှန်းရရင် Ememactin bebzoate 5% WDG အုပ်စုပါ။
ကုမ္ပဏီအသီးသီးမှာ နာမည်အမျိုးမျိုးရှိကြပါတယ်။ အမဲနက် ဆေးလိုမျိုးပေါ့။
အခုနောက်ပိုင်း Ememactin 20% နဲ့ thiamethoxan20%WDG တို့လို အသစ်ထုတ်လုပ်တဲ့
လှေး၊ ယင်ဖြူ ၊ မွှားပင့်ကူစုပ်စားပိုးရော၊ ငမြှောင်တောင်၊ ပိုးစိမ်းကောင်ရော နှိမ်နင်းနိုင်တဲ့ ဆေးတွေ ထွက်ရှိလာပါတယ်။
"ဆရာကိုင် ဆေး" ဆိုလား။
ဘာဆေးတွေပဲဖြစ်ဖြစ် အညွှန်းအတိုင်း စနစ်တကျဖျန်းကြဖို့နဲ့ ဆေးဖျန်းရင်( ဘေးကင်းဝတ်စုံ)အင်္ကျီလက်ရှည်၊ ဦးထုပ်၊ နှာခေါင်းအုပ်၊ အသုံးပြု ဖျန်းကြဖို့ တိုက်တွန်းရင်း...
ဒီတပတ်မှာ ဒီလောက်နဲ့ နိဂုံးချုပ်ပါရစေ။
စေတနာများစွာဖြင့်
ပျံလွှား(ပုလဲ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒို့ဦးလေး
လွန်ခဲ့သော ၄ နှစ် ကlight trap ပါ။ အမှန်တကယ် လုပ်ဆောင်သင့်တဲ့ အရမ်းလည်း အသုံးဝင်တဲ့ နည်းလမ်းပါ။
ရဲဝင်း
လွန်ခဲ့သော ၄ နှစ် ကlight trap က အရမ်းအသုံးဝင်ပါတယ်
ဆက်စပ်မေးခွန်းများ
ဆရာ ညနေဆေးဖျန်းချင်လို့ ရောဂါကင်းလားကြည့်ပေးပါအူး ညနေ အမိုင်နိုနဲ့မင်းသားဖျန်းချင်တယ်ဆရာ ရှယ်ပီကေပါထည့်ချင်လို့ထည့်လို့ရလားဆရာ အခုဆေးတွေဖျန်းလို့ရလားဆရာ အဲ့ပထမပုံကအသီးတွေက ရှုံ့တွန့်ပီးမှည့်ကုန်လို့ဆရာ အရင် ရှေ့ 10 ရက်လောက် ဂရမ်းဖျန်းထားတယ်ဆရာ
U Yan • ဖြေကြားချက် 2 ခု
ဝါပင် အပေါက်မလှလို့ ဘာဆေး ကောင်းလဲဗျ
ကိုကျော်လေး • ဖြေကြားချက် 4 ခု
ဝါးဆင့်ပိတ် တောင်ထိပ့်ဝါးပါ ၁နှစ် ၁ကြိမ်မီးလောင်မိတဲ့ ဝါးပင်ပါ တောင်ထိပ့်လဲဖြစတော့ ဝါးပင်က ၁၅ပေထက်မရှည်ဘူး သဘာဝဝါးပင်ပါ ဘယ်အချိန်မှာခုတ်ရင် ပိုးမထိုးလဲ မိုတွင်းခုတ်ရင်ရော အဆင်ပြေလား ခုတ်ပြီးရေစိမ်နည်းက ရေရှားလို့ အဆင်မပြေပါလိုပါ သူများပြောပြဒါတော့ ခုတ်ပြီး အပင် အနားမှာဘဲ ပြန်ထောင်းပြီး ၁လနေရင် အရိပ့်ထဲသိမ်းရင် အဆင်ပြေနိုင်လား သိပါရစေ ပုံက သူများဟာပါ
ဘိုဘို • ဖြေကြားချက် 1 ခု
(Profenofos 50% EC) ကို ကြက်သွန်နီစိုက်ခင်း နှစ်လ ဆယ်ရက်သားကို ငမြှောင်တောင်နိမ်နင်းဖို့အတွက် သုံးရလား ဆေးေလာင်ကျွမ်းတာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာကြီးတို့ခင်ဗျ
aungsoe • ဖြေကြားချက် 2 ခု
ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း
ဒေါ်စိုးမိုးသန်း • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from Thar Po
အားလုံး