မွေးမြူရေးခြံသုံး ပိုးသတ်သန့်စင်ဆေးများနှင့် ၎င်းတို့၏အစွမ်းသတ္တိများ (၁)

12/08/2022 15:30 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံရေး စီမံခန့်ခွဲမှုမှာ မရှိမဖြစ်အရေးကြီးသည့် လုပ်ငန်းတစ်ရပ် ဖြစ်သည်။ ဇီဝလုံခြုံရေးအကြောင်းပြောလျှင် ခြံသုံးပိုးသတ်သန့်စင်ဆေးများ (Disinfectants) အကြောင်းက မပါမဖြစ်ပေ။ 

မွေးမြူရေးသမားများအနေဖြင့် စျေးကွက်တွင် လွယ်လွယ်ကူကူဝယ်ယူ၍ရသော ခြံသုံးပိုးသတ်သန့်စင်ဆေးများကိုသာ အဆင်ပြေသလို ဝယ်ယူကာ သုံးစွဲလေ့ရှိကြသည်။ သို့ရာတွင် ခြံသုံးပိုးသတ်သန့်စင်ဆေး တစ်မျိုးချင်းစီတွင် မတူညီသော လုပ်ငန်းလုပ်ဆောင်ပုံများရှိနေခြင်းကြောင့် ဇီဝလုံခြုံရေးအစီအမံများကို ထိရောက်စွာ ဆောင်ရွက်လိုလျှင် ယင်းခြံသုံးပိုးသတ်သန့်စင်ဆေးများ၏ လုပ်ငန်းဆောင်ရွက်ပုံများကို အကြမ်းဖျဉ်း သိရှိထားရန် လိုအပ်ပါသည်။ 

ခြံသုံးပိုးသတ်သန့်စင်ဆေးများ၏ လုပ်ငန်းလုပ်ဆောင်ပုံ

ခြံသုံးပိုးသတ်သန့်စင်ဆေးများသည် ဘက်တီးရီးယားများ၏ cell membrane ကို ဖျက်ဆီးပစ်ခြင်းအားဖြင့် ဘက်တီးရီးယားများကို သတ်ဖြတ်ပစ်နိုင်စွမ်းရှိပါသည်။ ဗိုင်းရပ်စ်များကိုမူ envelopes ကို ဖျက်ဆီးခြင်းဖြင့်လည်းကောင်း၊ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇပစ္စည်းဖြစ်သော RNA သို့မဟုတ် DNA ကို ဖျက်ဆီးပစ်ခြင်းဖြင့်လည်းကောင်း သတ်ဖြတ်ပစ်ခြင်း ဖြစ်ပါသည်။ 

ခြံသုံးပိုးသတ်သန့်စင်ဆေးများကို သုံးစွဲမည်ဆိုပါက အသုံးမပြုမီ သန့်ရှင်းစေလိုသော (ပိုးသတ်လိုသော) အရာများကို ဦးစွာ ဆေးကြောသန့်ရှင်းထားရန်လိုအပ်ပါသည်။ 

ခြံသုံးပိုးသတ်သန့်စင်ဆေး ရွေးချယ်ရာတွင် စဉ်းစားရမည့် အချက်များ

ပိုးသတ်ဆေးများကို ရွေးချယ်ရာတွင် စျေးနှုန်း၊ အလွယ်တကူဝယ်ယူ ရရှိနိုင်မှု၊ အသုံးပြုသူအတွက် ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို အထူးအလေးပေး ရွေးချယ်ရမည် မှန်သော်လည်း အောက်ပါအချက်များကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရွေးချယ်ရန် လိုအပ်ပါသည်။ သို့မှသာ ထိရောက်သော ဇီဝလုံခြုံရေးကို ရရှိနိုင်မည် ဖြစ်ပါသည်။ ခြံသုံးပိုးသတ်သန့်စင်ဆေးများတွင်ပါရှိသည့် အညွှန်းစာရွက်များကို ဖတ်ရှုကာ အောက်ပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးရန်လည်း လိုအပ်ပါသည်။ 

  • Organic Load - ပိုးသတ်သန့်ရှင်းမည့်အရာ (ပစ္စည်း၊ အဆောက်အဦ စသည်) တွင် သြဂဲနစ် အညစ်အကြေးများ မည်မျှကပ်ငြိနေသည်ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ သြဂဲနစ် အညစ်အကြေးများ များပြားလွန်းနေပါက ယင်းတို့ကို ခံနိုင်ရည်ရှိသည့် ခြံသုံးပိုးသတ်သန့်စင်ဆေးကို ရွေးချယ် အသုံးပြုရမည် ဖြစ်ပါသည်။ 
  • Surface type - ပိုးသတ်သန့်စင်မည့်အရာ၏ မျက်နှာပြင်အနေအထားကလည်း ထည့်သွင်း စဉ်းစားရမည့်အချက်ဖြစ်ပါသည်။ သစ်သားမျက်နှာပြင်နှင့် စတီးလ်မျက်နှာပြင်တွင် အသုံးပြုရမည့် ပိုးသတ်ဆေးက မတူညီနိုင်ပါ။ အချို့ပိုးသတ်ဆေးများက လောင်စားစေတတ်သည့် သဘောရှိသည်ကို သတိပြုရပါမည်။ 
  •  Residual ability - ပိုးသတ်သန့်စင်ဆေးအသုံးပြုပြီးနောက် အစွမ်းသတ္တိကို မည်မျှကြာကြာ ရှိနေစေချင်သနည်း ဆိုသည့် မေးခွန်းကိုထည့်သွင်းစဉ်းစားရပါမည်။ အစားအသောက် ပြုပြင်ထုတ်ပိုးသည့် လုပ်ငန်းတွင် အသုံးပြုသည့်ပစ္စည်းပစ္စယများကို ပိုးသတ်သန့်စင်ပါက အစွမ်း သတ္တိကြာရှည်မခံမှသာ စားသုံးသူအတွက် အန္တရာယ်ကင်းရှင်းနိုင်ပါမည်။ တိရစ္ဆာန်များကို “အကုန်သွင်း - အကုန်ထုတ်” စနစ် ကျင့်သုံးသည့်ခြံများတွင် တိရစ္ဆာန်များ  ရောင်းချပြီးပါက နောက်တစ်ကြိမ် တိရစ္ဆာန်အသစ်များ မရောက်လာမီ  ခြံကို ပိုးသတ်သန့်စင်မည်ဆိုပါက အချိန်ကြာကြာရနိုင်သဖြင့် ပိုးသတ်သည့်အစွမ်း ကြာရှည်ခံသည့် ပိုးသတ်ဆေးကို ရွေးချယ် အသုံးပြုသင့်ပါသည်။ 
  •  Water - အချို့ပိုးသတ်ဆေးများမှာ ရေစေး၊ ရေသွက်နှင့် ရေအပူချိန်တို့ပေါ်မူတည်၍ အစွမ်းသတ္တိ ကွာခြားလေ့ရှိသဖြင့် မိမိခြံတွင် ရရှိနိုင်သည့်  ရေအမျိုးအစားပေါ်မူတည်၍ သင့်လျော်သည့် ပိုးသတ်ဆေးကို ရွေးချယ်ရန် လိုအပ်ပါသည်။ 
  •  Presence of animal - ပိုးသတ်ဆေးအချို့မှာ တိရစ္ဆာန်များကို အန္တရာယ်ရှိစေနိုင်သဖြင့် ခြံ၌ တိရစ္ဆာန်များရှိနေချိန်တွင် တတ်နိုင်သမျှ တိရစ္ဆာန်များကို ဥပါဒ်မဖြစ်စေနိုင်သော ပိုးသတ်ဆေးကို ရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။

ဒေါက်တာသက်ခိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်