ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )

14/05/2020 15:00 PM တွင် ayethandasoe ayethandasoe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဒူးရင်းအရွက်များတွင် ကျရောက်သော ရောဂါဖြစ်စေသောသက်ရှိ  Cephaleuros viresecens  / Trentepohlia sp.  ဖြစ်သည့် algae ရေညှိကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲခြင်းများဖြစ်သည့် မြေဆီအဟာရချို့တဲ့ခြင်း၊ အပင်ခြေရှုပ်ထွေးခြင်း၊ နွယ်တက်အပင်များရှိနေခြင်း၊ ခြများကျရောက်ခြင်းတို့ကြောင့် ကျရောက်သည်။ 

ရောဂါလက္ခဏာ

    ဒူးရင်းအရွက်များအပါ်တွင် သေးငယ်သော မီးခိုးစိမ်းရောင် အစက်ပြောက်များမှ စတင်ဖြစ်ပေါ်သည်။ အချိန်ကြာလာသည့်အခါ လိမ္မော်ရောင်သို့ပြောင်းလာသည်။ သတိပြုမိသောအချိန်တွင် အရွက်များအပေါ်တွင် သံချေးရောင် အစက်အပြောက်များကို  အရွက်၏အပေါ်မျက်နှာပြင်တွင် တွေ့ရသည်။ အစက်အပြောက်များမှာ (3-5 mm ) အချင်းထိ ရှိသည်။ အရွက်၏ အောက်မျက်နှာတွင်လည်း ရောဂါလက္ခဏာကို တွေ့ရသည်။ ရောဂါကျရောက်မှုများပါက အပင်၏ အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေကာ ပန်းပွင့်နှုန်းကို ကျဆင်းစေပါသည်။ နောက်ဆက်တွဲ ရောဂါကျရောက်မှုများကိုလည်း ဖြစ်စေသည်။

ကာကွယ်နှိမ်နင်းနည်း

    များသောအားဖြင့် အပင်အဟာရချို့တဲ့ချိန်တွင် ကျရောက်မှု ပို၍ပြင်းထန်သည်။ အပင်ကို အဟာရချို့တဲ့မှုမရှိအောင် ဂရုစိုက်၍ ရေလိုအပ်ချိန် ရေမှန်မှန်သွင်းပေးပါ။ အပင်ခြေပေါင်းရှင်း၍ အပင်လေဝင်လေထွက်ကောင်းမွန်စေရန် စနစ်တကျ ကိုင်းဖြတ်ပေးပါ။ စနစ်တကျကိုင်းဖြတ်ပေးခြင်းဖြင့် အပင်အရွက်အုပ်များအတွင်း စိုထိုင်းဆများခြင်းကိုလည်း လျော့နည်းစေသည်။ ရောဂါကျရောက်မှုပြင်းထန်ပါက အကိုင်းများကွဲအက်ကာ နောက်ဆက်တွဲရောဂါများ ကျရောက်တတ်သဖြင့် နောက်ဆက်တွဲ ရောဂါကျရောက်မှုမှ ကာကွယ်ရန် မှိုသတ်ဆေးဖြန်းပါ။

    မှိုသတ်ဆေးအဖြစ် ai benomyl ဘီနိုမိုင်း သို့  thiophenate methyl သိုင်အိုဖန်းနိတ် မီသိုင်းသို့ ကော့ပါး ပါသောမှိုသတ်ဆေးအပြင် အခြားသော ပင်လုံးပြန့်အာနိသင်ရှိသော မှိုသတ်ဆေးများကို ရောဂါကျပျိုးပင်များအား ပက်ဖျန်းနိုင်ပါသည်။ 

22.4.2020

အေးသန္တာစိုး၊ B.Agr.Sc-1998

Ref; http://jaowoffice.weebly.com/blog/durian-diseases

http://animhosnan.blogspot.com/2013/12/durian-foliar-diseases.html

https://forum.thaivisa.com/topic/1063745-durian-leaf-antracnose/


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်