အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝဥဈေးကွက်ပျက်စီးမှုကြောင့် အရှုံးနှင့် ရင်ဆိုင်နေရတဲ့ ချင်း 'ဝဥ' စိုက်တောင်သူတွေ

ဝဥဈေးကွက်ပျက်စီးမှုကြောင့် အရှုံးနှင့် ရင်ဆိုင်နေရတဲ့ ချင်း 'ဝဥ' စိုက်တောင်သူတွေ

Ning Naing Ling
Ning Naing Ling • 30/06/2023

ကိုဗစ်-၁၉ ကပ်ရောဂါအလွန်မှာ နယ်စပ်ကုန်သွယ်ရေးကန့်သတ်ချက်များကြောင့် ဈေးနှုန်းကျဆင်းခြင်း၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးကွင်းဆက်များ ရပ်တန့်ခြင်းတို့ကြောင့် ဝဉဈေးကွက်ပျက်စီးကာ ချင်းပြည်နယ်က ဝဥစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဝဥကို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ရေဇွာ အစရှိတဲ့ ဒေသများမှာ အဓိကအားထားစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ဧကလျှင် ဝဥ ပိဿာချိန် ၃,၀၀၀ ကနေ ၅,၀၀၀ အထိ ထွက်ရှိနိုင်တာဖြစ်တယ်လို့ ဝဉစိုက်တောင်သူများထံက သိရပါတယ်။

ဝဉစိုက်တောင်သူတွေအနေနဲ့ ဝဉကုန်ကြမ်းအစို၊ အခြောက်အပြင် ကုန်ချောကိုပါ ပြည်တွင်းမှာ ထုတ်လုပ်ပြီး ပြည်ပသို့ ဖြန့်ဖြူးနိုင်ရန် အဓိကရည်ရွယ် စိုက်ပျိုးလုပ်ကိုင်ကြတာပါ။ တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံတို့က အဝယ်ရှိပြီး ဒေသစီးပွားရေးကို အဓိကမြှင့်တင်ပေးနေတဲ့ စိုက်ပျိုးထွက်ကုန်တွေထဲက တစ်ခုဖြစ်ပါတယ်။

ယခင်ကတော့ ချင်းပြည်နယ် ဝဉဈေးကွက်မှာ အစိုတစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိရှိပြီး ဝဥ အခြောက်တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ဈေးပေါက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ အခုအခါမှာတော့ ဝဥဈေးကွက်ပျက်နေပြီး ဝဥ အစိုတစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိသာဈေးပေါက်နေကာ ဝဥ အခြောက်ကလည်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်အထိသာ ဈေးပေါက်နေလို့ တောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဝဥစိုက်တောင်သူတစ်ဦးထံကနေ သိရပါတယ်။

ဒီလိုဈေးကွက်ပျက်မှုကြောင့် ဝဥကိုသာ အဓိကအားထားစိုက်ပျိုးနေရတဲ့ တောင်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေဘက်က ကောင်းမွန်တဲ့မူဝါဒများ ထောက်ပံ့ပေးရန်၊ ပြည်တွင်းကုန်သွယ်ရေးလမ်းကြောင်းများသာမက ပြည်ပကုန်သွယ်ရေးလမ်းကြောင်းများပါ ထိထိရောက်ရောက်စီမံဆောင်ရွက်နိုင်ရန် ဝဥစိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် ကုန်သည်များကတော့ မျှော်လင့်နေကြပါတယ်။

 

 

ဝဥစိုက်တောင်သူတွေအတွက် အဓိကစိန်ခေါ်မှုတွေအနေနဲ့ ခေတ်မီနည်းပညာများဖြင့် မစိုက်ပျိုးနိုင်သေးခြင်း၊ စိုက်ပျိုးနည်းစနစ် အသိပညာနည်းပါးခြင်း၊ စိုက်ပျိုးသည့်အဆင့်မှ ကုန်ချောထုတ်လုပ်သည့်အဆင့်၊ ဈေးကွက်တင်ပို့သည့်အဆင့်၊ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်သည့် အဆင့်တို့မှာ အားနည်းခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
Su Shweyi Oo

Su Shweyi Oo

လွန်ခဲ့သော ၃ နှစ် က

အောက်ဆုံးအပိုဒ်ကတော့ အမှန်ပါဘဲ ပြည်တွင်းစားသုံးနှုန်းမြှင့်တင်နိုင်ဖို့ တပိုင်တနိုင်စီးပွားရေးအနေနဲ့ အလွယ်တကူလုပ်နိုင်တဲ့ ဝဥတုံလိုဟာမျိုးကို မိရိုးဖလာလုပ်နည်းထက် နည်းစနစ်ပိုကောင်းအောင်လုပ်နိုင်ရင် ပြည်တွင်းဈေးကွက်ရှိပေမယ့် နည်းစနစ်ကျ ဘယ်မှာရှာရမှန်းမသိ၊ မိရိုးဖလာနည်းတွေဘဲရှိတယ်

kyaw zin oo

kyaw zin oo

လွန်ခဲ့သော ၃ နှစ် က

ယခုနှစ်ဈေးအခြေအနေကောင်းနိုင်လား

You

ဆက်စပ်မေးခွန်းများ

မတ်ပဲခုတ်ဖုံးကိုတစ်ဧကဘယ်နှစ်ပြည်ကြဲသင့်လဲ

Sawsamson • ဖြေကြားချက် 1 ခု

2026တစ်နှစ်စာအတွက် တိုင်းဒေသအလိုက်ပေါ်ဆန်း ဆန်ဈေးနှုန်းကို ဘယ်လိုရှာလို့ရလဲ သိချင်လို့ပါ သိတဲ့သူများရှိရင် ပြောပြပေးပါအုံးရှင့်

Kyi Phyu Myint • ဖြေကြားချက် 2 ခု

ဝါဉဝယ်လိုသူများရှိပါသလာ

Sar Kar • ဖြေကြားချက် 1 ခု

ဆောင်းစပါးအတွက်။ ဘယ်ရက်က စပြီး မျိုးကြဲရလဲဆရာ။ စောလွန်းရင်လဲ စပါးမထွက်မှာဆိုးလို့။ လယ်တွေက။ ကုန်းလယ်မို့။ ရေက သိပ်မရှိတော့ဘူး ကြဲရင် ဘယ်ရက်ကစ။ ကြဲရက်ဝင်လဲ ဖြေပေးပါအုန်းဆရာ

Nwe Nwe aung • ဖြေကြားချက် 2 ခု

ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ

U Yan • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။