ဝဥဈေးကွက်ပျက်စီးမှုကြောင့် အရှုံးနှင့် ရင်ဆိုင်နေရတဲ့ ချင်း 'ဝဥ' စိုက်တောင်သူတွေ

30/06/2023 17:00 PM တွင် Ning Naing Ling Ning Naing Ling မှ ရေးသား

ကိုဗစ်-၁၉ ကပ်ရောဂါအလွန်မှာ နယ်စပ်ကုန်သွယ်ရေးကန့်သတ်ချက်များကြောင့် ဈေးနှုန်းကျဆင်းခြင်း၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးကွင်းဆက်များ ရပ်တန့်ခြင်းတို့ကြောင့် ဝဉဈေးကွက်ပျက်စီးကာ ချင်းပြည်နယ်က ဝဥစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဝဥကို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ရေဇွာ အစရှိတဲ့ ဒေသများမှာ အဓိကအားထားစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ဧကလျှင် ဝဥ ပိဿာချိန် ၃,၀၀၀ ကနေ ၅,၀၀၀ အထိ ထွက်ရှိနိုင်တာဖြစ်တယ်လို့ ဝဉစိုက်တောင်သူများထံက သိရပါတယ်။

ဝဉစိုက်တောင်သူတွေအနေနဲ့ ဝဉကုန်ကြမ်းအစို၊ အခြောက်အပြင် ကုန်ချောကိုပါ ပြည်တွင်းမှာ ထုတ်လုပ်ပြီး ပြည်ပသို့ ဖြန့်ဖြူးနိုင်ရန် အဓိကရည်ရွယ် စိုက်ပျိုးလုပ်ကိုင်ကြတာပါ။ တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံတို့က အဝယ်ရှိပြီး ဒေသစီးပွားရေးကို အဓိကမြှင့်တင်ပေးနေတဲ့ စိုက်ပျိုးထွက်ကုန်တွေထဲက တစ်ခုဖြစ်ပါတယ်။

ယခင်ကတော့ ချင်းပြည်နယ် ဝဉဈေးကွက်မှာ အစိုတစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိရှိပြီး ဝဥ အခြောက်တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ဈေးပေါက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ အခုအခါမှာတော့ ဝဥဈေးကွက်ပျက်နေပြီး ဝဥ အစိုတစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိသာဈေးပေါက်နေကာ ဝဥ အခြောက်ကလည်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်အထိသာ ဈေးပေါက်နေလို့ တောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဝဥစိုက်တောင်သူတစ်ဦးထံကနေ သိရပါတယ်။

ဒီလိုဈေးကွက်ပျက်မှုကြောင့် ဝဥကိုသာ အဓိကအားထားစိုက်ပျိုးနေရတဲ့ တောင်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေဘက်က ကောင်းမွန်တဲ့မူဝါဒများ ထောက်ပံ့ပေးရန်၊ ပြည်တွင်းကုန်သွယ်ရေးလမ်းကြောင်းများသာမက ပြည်ပကုန်သွယ်ရေးလမ်းကြောင်းများပါ ထိထိရောက်ရောက်စီမံဆောင်ရွက်နိုင်ရန် ဝဥစိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် ကုန်သည်များကတော့ မျှော်လင့်နေကြပါတယ်။

 

 

ဝဥစိုက်တောင်သူတွေအတွက် အဓိကစိန်ခေါ်မှုတွေအနေနဲ့ ခေတ်မီနည်းပညာများဖြင့် မစိုက်ပျိုးနိုင်သေးခြင်း၊ စိုက်ပျိုးနည်းစနစ် အသိပညာနည်းပါးခြင်း၊ စိုက်ပျိုးသည့်အဆင့်မှ ကုန်ချောထုတ်လုပ်သည့်အဆင့်၊ ဈေးကွက်တင်ပို့သည့်အဆင့်၊ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်သည့် အဆင့်တို့မှာ အားနည်းခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်