မြန်မာအပြည်ပြည်ဆိုင်ရာလယ်ယာသုံးစက်ကိရိယာပြပွဲနဲ့အတူ ကျေးလက်တေးသီချင်းပြိုင်ပွဲ ကျင်းပသွားမည်

23/01/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာအပြည်ပြည်ဆိုင်ရာလယ်ယာသုံးစက်ကိရိယာပြပွဲ ၂၀၂၀ နဲ့အတူ မြန်မာသံစဉ်ကျေးလက်တေး သီချင်းအဆိုပြိုင်ပွဲကျင်းပသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။

တောင်သူလယ်သမားများကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မြန်မာအပြည်ပြည်ဆိုင်ရာလယ်ယာသုံးစက်ကိ ရိယာပြပွဲနဲ့အတူ ကျေးလက်တေးသီးချင်းပြိုင်ပွဲကို ကျင်းပရတာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါပြပွဲကြီးကိုဖေဖေါ်ဝါရီလ (၂၉)ရက်နေ့မှ မတ်လ(၂)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ်၊မင်းနန္ဒာလမ်း Fortune Plaza ရှိMyanmar Expo Hall ခန်းမမှာ ကျင်းပပြုလုပ် သွားမှာဖြစ်ကြောင်းသိရပါတယ်။

မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲ ၂၀၂၀မှာ နိုင်ငံတကာမှ လယ်ယာသုံးစက်ကိ ရိယာများ ၊ နည်းပညာ ၊မျိုးစေ့ ၊ မြေသြဇာ နဲ့သွင်းအားစုများ ပြသသွားမှာဖြစ်ပြီး ဟောပြောပွဲများပါဝင် သွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြပွဲနဲ့အတူ ကျေးလက်၊ တောသဘာဝဓလေ့ကို စာစီဖော်ညွှန်းသော မြန်မာသံစဉ် ကျေးလက်တေးသီ ချင်း အဆိုပြိုင်ပွဲကျင်းပသွားမှာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ သိရပါတယ်။

တိုးတိုးခိုင် (ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်