နို့တိုက်ဝက်မများနှင့် ဝက်သားပေါက်လေးများ အာဟာရပြည့်အောင် ပြုစုကျွေးမွေးနည်း

28/03/2023 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

နို့တိုက်ရမည့် ဝက်ငယ်ကောင်ရေများပြီး ရာသီဥတုကလည်း အလွန်ပူပြင်းမည်ဆိုလျှင် နို့တိုက်ဝက်မကြီးသည် အစာစားနှုန်းလျော့ကျမည်ဖြစ်ပါသည်။ ထိုကဲ့သို့အခြေအနေနှင့် ကြုံတွေ့လာသည့်အခါတွင် နို့တိုက်ဝက်မကြီးကိုကျွေးသောအစာတွင် အာဟာရဓာတ်ပါဝင်မှုနှုန်း အကောင်းဆုံးဖြစ်အောင် စီမံကျွေးမွေးရပါမည်။ နို့တိုက်ဝက်မကြီးများ အစာစားနှုန်းကျဆင်းနေလျှင် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရပါမည်။

  • ၁။ အစာကိုရေဆွတ်၍ကျွေးခြင်းသည် အစာစားနှုန်းပို၍ မြင့်မားစေပါသည်။
  • ၂။ အစာတောင့်ကျွေးခြင်းသည် ရောစပ်စာကျွေးခြင်းထက် ပို၍ကောင်းပါသည်။
  • ၃။ တစ်နေ့လျှင် အကြိမ်များစွာ အစာခွဲ၍ ကျွေးခြင်းဖြင့်သော်လည်းကောင်း၊ လိုသလောက် အစာကျွေးခြင်းဖြင့်သော်လည်းကောင်း အစာစားနှုန်းကို မြင့်တက်စေနိုင်ပါသည်။
  • ၄။ နို့တိုက်ဝက်မကြီးများ ထားရှိသည့်အခန်းသည် အပူချိန်မြင့်တက်နေလျှင် အစာစားနှုန်းလျော့ကျတတ်ပါသည်။ ထို့ကြောင့် ပူပြင်းသောအချိန်တွင် ခြံ၏အမိုးပေါ်မှ ရေဖျန်းပေးခြင်းဖြင့်သော်လည်း ကောင်း၊ ဝက်မကြီးများကို ရေချိုးပေးခြင်းဖြင့်သော်လည်းကောင်း အစာစားနှုန်းမြင့်အောင် ဆောင် ရွက်နိုင်ပါသည်။

ဝက်ငယ်ကလေးများကို အစာကျွေးခြင်း

ဝက်မများကို မျိုးဥကြွေနှုန်းမြင့်မားရန်၊ သန္ဓေသား ရှင်သန်နှုန်းမြင့်မားရန်အချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် သားပေါက်ကောင်ရေများလာမည်ဖြစ်ပါသည်။ သို့သော် ထိုကဲ့သို့ သားပေါက်ကောင်ရေ အလွန်အမင်းများလာသည့်အခါမျိုးတွင် ဝက်မကြီး၏နို့သည် ဝက်ကလေးအားလုံးအတွက် မလုံလောက်နိုင်တော့ပါ။ ဝက်ကလေးများ အသက်ကြီးလာသည်နှင့်အမျှ အစာလိုအပ်ချက် ပိုမိုမြင့်မားလာသလို ဝက်မကြီး၏ နို့ထွက်နှုန်းသည်လည်း တဖြည်းဖြည်းလျော့ကျလာမည်ဖြစ်ပါသည်။

ထိုအခါတွင် နို့အလုံအလောက်မသောက်သုံးရတော့သဖြင့် အာဟာရဓာတ်ပြည့်စုံကြွယ်ဝစွာပါဝင်သော ဝက်ကလေးသီးသန့်စာကို ဖြည့်စွက်ကျွေးရပါမည်။

နို့စို့ဝက်ငယ်ကလေးများအား ရှေးဦးအစပျိုးစာ(Prestarter diet) ကို အသက် ၁၄ ရက်သားအရွယ်တွင် စတင်ကျွေးရပါမည်။ ထိုအစာ၏ အာဟာရဓာတ်ပါဝင်မှုသည် အမြင့်ဆုံးစံချိန်တွင် ရှိရပါမည်။ ထိုအရွယ်ဝက်ငယ်ကလေးများ၏ အစာအိမ်သည် ဖွံ့ဖြိုးမှု အလွန်နုနယ်သေးသောကြောင့် အမျှင်ဓာတ်ပေါများသော အစာကြမ်းကိုကျွေးရန် မသင့်တော်သေးပါ။

ဖြစ်နိုင်မည်ဆိုလျှင် ဝက်ကလေးများအသက် ၇ ရက်သားအရွယ်မှ စတင်၍ အထူးစီမံပြုလုပ်ထားသော ရှေးဦးအစပျိုးစာ (Pre-starter diet)ကို နည်းနည်းစီ စတင်၍ ကျွေးနိုင်ပါသည်။

အစပိုင်းတွင် အစာပမာဏအနည်းငယ်စီခွဲ၍ အကြိမ်များစွာ ကျွေးရပါမည်။ ကျွေးသောအစာသည် သန့်ရှင်းလတ်ဆတ်ရန် အထူးလိုအပ်ပါသည်။ ဝက်ငယ်ကလေးများသည် အစာကို ပို၍ ပို၍ ကြိုက်နှစ်သက်လာလေလေ တဖြည်းဖြည်းနှင့် အစာပို၍ တိုးကျွေးရန် လိုအပ်လာလေလေဖြစ်ပါသည်။ အမြင့်ဆုံးစားနှုန်းရရှိစေရန် ရည်မှန်း၍ ဆောင်ရွက်ရပါမည်။ သန့်ရှင်းလတ်ဆတ်သော သောက်ရေကိုလည်း အချိန်ပြည့် သောက်သုံးနိုင်ရန် စီမံပေးထားရပါမည်။

နို့တိုက်ဝက်မများအား အစာကျွေးမှုအစီအစဉ်

မွေးဖွားသည့်နေ့ - ရေအလုံအလောက်တိုက်၍ အစာလုံးဝ မကျွေးရန်

(ပထမနေ့)မွေးပြီးနောက်တစ်နေ့       -      ၁ ကီလို

ဒုတိယနေ့                                        -     ၂ ကီလို

တတိယနေ့                                       -     ၃ ကီလို

စတုတ္ထနေ့မှ သတ္တမနေ့အထိ               -     ၄ ကီလို

၈ ရက်သားမှ သားခွဲချိန်အထိ              -    ၂ ကီလို (ဝက်မကြီးအတွက် တစ်နေ့ ၂ ကီလိုနှင့် ဝက်ကလေးတစ်ကောင်ရှိတိုင်း ဝ.၃ ကီလို ပေါင်းပေးရပါမည်။ ((ဝက်ကလေးကောင်ရေ x ၀.၃) + ၂ ကီလို)။ ဝက်မကြီးဝလျှင် တွက်၍ရသော အစာစုစုပေါင်းတွင် ဝ.၅ ကီလို လျှော့ကျွေးပြီး ဝက်မကြီးပိန်ပါကမူ ဝ.၅ ကီလို တိုး၍ကျွေးရပါမည်။

သားခွဲသောနေ့တွင်တော့ အစာလုံးဝ မကျွေးဘဲ ရပ်ထားရပါမည်။ သောက်ရေသောက်ခွင့်တော့ ပြုထားရပါမည်။

သားခွဲပြီးသည့်နေ့၏ နောက်နေ့မှစ၍     ၃.၅ ကီလိုမှ ၄ ကီလိုထိ နောက်တစ်ကြိမ်သားပြန်တောင်း သည်အထိ အစာတိုးကျွေးသွားရပါမည်။ အများဆုံး ၁၀ ရက်ခန့် ကျွေးရမည်။

ဝက်ငယ်ကလေးများနှင့် သားခွဲဝက်ငယ်ကလေးများအား ကျွေးရမည့်အစာအစီအစဉ်

နှစ်ပတ်သား - ၁ဝဝ ဂရမ် (ရှေးဦးအစပျိုးစာ)

သုံးပတ်သား  - ၁၅၀ ဂရမ် (ရှေးဦးအစပျိုးစာ)

လေးပတ်သား -  ၂၀၀ ဂရမ် (ရှေးဦးအစပျိုးစာ)

ငါးပတ်သား   - ၃၀၀ ဂရမ် (ရှေးဦးအစပျိုးစာ)

ခြောက်ပတ်သား - ၄၀၀ ဂရမ် (ရှေးဦးအစပျိုးစာ + အစပျိုးစာ)

ခုနစ်ပတ်သား -  ၅၀၀ ဂရမ် (အစပျိုးစာ)

ရှစ်ပတ်သား   -  ၆၀၀ ဂရမ် (အစပျိုးစာ)

ကိုးပတ်သား  - ၇၀၀ ဂရမ် (အစပျိုးစာ)

၁၀ ပတ်သား  - ၈၀၀ ဂရမ် (အစပျိုးစာ)

(ရှေးဦးအစပျိုးစာ = Pre-starter,  အစပျိုးစာ=Starter, ရှေးဦးအစပျိုးစာ+အစပျိုးစာ=Pre-starter + starter)

ကျန်းမာရေးစောင့်ရှောက်မှု

ရောဂါဖြစ်ပွားခြင်းကြောင့် ဝက်များသေဆုံးလျှင် စီးပွားရေးထိခိုက်မည်ဖြစ်ပါသည်။ ရောဂါဖြစ်ပွားပြီး မသေဆုံးသော်လည်း နာမကျန်းဝက်များကို ကုသရသည့်စရိတ်နှင့် နာမကျန်းဖြစ်သောကြောင့် ကြီးထွားနှုန်းညံ့ဖျင်းခြင်း စသည့်ထုတ်လုပ်မှုများကို ထိခိုက်စေနိုင်သည့်အပြင် ဆေးဝါးကုသစရိတ်လည်း ကုန်ကျမည်ဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်းတွင် မွေးမြူထားသောတိရစ္ဆာန်များ ကျန်းမာသန်စွမ်းနေပြီး ထုတ်လုပ်မှုရည်မှန်းချက်ရရှိမှသာ အမြတ်အစွန်းရနိုင်မည် ဖြစ်ပါသည်။

အထူးသဖြင့် နို့တိုက်ဝက်မကြီးများနှင့် နို့စို့ဝက်ငယ်ကလေးများ၏ ကျန်းမာရေးကိုပို၍အလေးထား ဆောင်ရွက်ရပါမည်။ ကျန်းမာရေးအထောက်အကူပြုစေရန်အတွက် အောက်ဖော်ပြပါအချက်များကို အလေးထားဆောင်ရွက်ရပါမည်။

  • ၁။ ကျန်းမာရေးနှင့်ညီညွတ်သည့် အဆောက်အအုံဒီဇိုင်းပုံ ဖြစ်ရပါမည်။(နေရောင်ခြည်ကောင်းစွာ ရရှိခြင်း၊ လေဝင်လေထွက်မှန်ခြင်း၊ စွတ်စိုမှုမရှိဘဲ ခြောက်သွေ့သန့်ရှင်းသော အခင်းများဖြစ်ခြင်း၊ ရာသီဥတုပူပြင်းချိန်တွင် အပူချိန်လျှော့ချနိုင်အောင် စီမံထားခြင်း၊ ရာသီဥတုအေးလွန်းသည့်အချိန်တွင် အနွေးဓာတ်ရရှိအောင် ဆောင်ရွက်ထားခြင်း၊ဝက်များ တစ်ကောင်နှင့် တစ်ကောင်တိုက်ခိုက်မှု မရှိစေရန် အထောက်အကူပြုသော အဆောက်အအုံပုံစံဖြစ်ခြင်း၊ ကြမ်းခင်းများသည် ခြေချော်မှု မရှိစေရန် စီမံထားခြင်း စသည့် အချက်များနှင့် ကိုက်ညီအောင် ဆောက်လုပ်ရပါမည်။)
  • ၂။ အာဟာရဓာတ်ပြည့်ဝသော အစာကို လုံလောက်စွာကျွေးရပါမည်။
  • ၃။ ခြံသန့်ရှင်းရေးနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ရပါမည်။
  • ၄။ ရောဂါကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးရပါမည်။
  • ၅။ ပဋိဇီဝဆေးများကို စနစ်တကျ တိုက်ကျွေးရပါမည်။ ပဋိဇီဝဆေးကို တိရစ္ဆာန်ဆေးကုဆရာဝန် ၏ ညွှန်ကြားချက်အတိုင်း တိုက်ကျွေးရပါမည်။ ပဋိဇီဝဆေးများကို စနစ်တကျ မသုံးစွဲလျှင် ရောဂါပိုးများသည် ပဋိဇီဝဆေးများကို ယဉ်ပါးပြီး နောက်နောင်တွင် ထိုပဋိဇီဝဆေးများဖြင့် ကုသ၍ မပျောက်ကင်းဘဲ ဖြစ်သွားတတ်ပါမည်။
  • ၆။ ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သော အားဆေးများကို လိုအပ်ချက်နှင့်အညီ တိုက်ကျွေးရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်