မြန်မာနိုင်ငံရှိ စီးပွားဖြစ်ငါးမျိုးစိတ်အချို့၏ မျိုးပွားရန်အသင့်ဖြစ်သောအရွယ်အစားများ

12/12/2022 15:15 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

အရွယ်မရောက်သေးသောငါးများကို ယနေ့ဖမ်းဆီးပါက နောင်တွင်မျိုးပွားရန် ငါးကြီးများရှိမည်မဟုတ်ပါ။ ထို့ကြောင့် ဖမ်းဆီးခြင်းမပြုသင့်သည့် စီးပွားဖြစ်ငါးမျိုးစိတ်အချို့၏ မျိုးပွားရန်အသင့်ဖြစ်သော အရွယ်အစားများကို ဖော်ပြပေးလိုက်ပါသည်။

၁။ ကကတစ်

သိပ္ပံအမည် = Lates calcarifer

အင်္ဂလိပ်အမည် = Barramudi (or) Seabass

မြန်မာအမည် = ကကတစ်(Kaka Dit)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၃၈.၂ စင်တီမီတာ

၂။ ငါးသလောက်

သိပ္ပံအမည်= Tenualosa ilisha

အင်္ဂလိပ်အမည်= Hilsa

မြန်မာအမည်= ငါးသလောက်(Nga Tha Laut)

 

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၂၅.၇ စင်တီမီတာ

၃။ ငါးသလောက်ယောက်ဖ

 

သိပ္ပံအမည် = Tenualosa toli

အင်္ဂလိပ်အမည် = Toli shad

မြန်မာအမည် = ငါးသလောက်ယောက်ဖ(Nga Tha Laut Yank  Pha)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၂၅.၉ စင်တီမီတာ

၄။ ငါးနုသန်း

သိပ္ပံအမည် = Ompok bimaculatus

အင်္ဂလိပ်အမည် = Butter catfish

မြန်မာအမည် = ငါးနုသန်း(Nga Nu Thaan)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၂၃.၅ စင်တီမီတာ

၅။ ငါးခူ

သိပ္ပံအမည် = Clarias batrachus

အဂ်လိပ်အမည် = Phillippine catfish

မြန်မာအမည် = ငါးခူ(Nga Khu)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၆ စင်တီမီတာ

၆။ ငါးဇင်ရိုင်း

သိပ္ပံအမည် = Mystus vittatus

အင်္ဂလိပ်အမည် = Striped dwarf catfish

မြန်မာအမည် = ငါးဇင်ရိုင်း(Nga Zin Yine)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၆.၉ စင်တီမီတာ

၇။ ငါးဖယ်ခုံး

သိပ္ပံအမည် = Notopterus Notopterus

အင်္ဂလိပ်အမည် = Bronze featherback

မြန်မာအမည် = ငါးဖယ်ခုံး(Nga Phae Khone)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၉ စင်တီမီတာ 

၈။ ငါးကျည်း

သိပ္ပံအမည် = Heteropneustes fossilis

အင်္ဂလိပ်အမည် = Stinging catfish

မြန်မာအမည် = ငါးကျည်း(Nga Kyee)

မျိုးပွားရန်အရွယ်ရောက်သော အရွယ် = ၁၂ စင်တီမီတာ

၉။ ငါးရံ့ကျား

သိပ္ပံအမည် = Channa striata

အင်္ဂလိပ်အမည် = Striped snakehead

မြန်မာအမည် = ငါးရံ့ကျား(Nga Yant Kyar)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၈ စင်တီမီတာ

၁၀။ ငါးပနော်

သိပ္ပံအမည် = Channa punctata

အင်္ဂလိပ်အမည် = Spotted snakehead

မြန်မာအမည် = ငါးပနော်(Nga Pa Naw)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၆.၅ စင်တီမီတာ 

၁၁။ ငါးရံ့ခေါင်းတို

သိပ္ပံအမည် = Channa gachua

အင်္ဂလိပ်အမည် = Dwarf snakehead

မြန်မာအမည် = ငါးရံ့ခေါင်းတို(Nga Yant Goung Toe)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၁.၁ စင်တီမီတာ 

၁၂။ ငါးဘဲဖြူ

သိပ္ပံအမည် = Amblypharyngodon mola

အင်္ဂလိပ်အမည် = Mola carplet

မြန်မာအမည် = ငါးဘဲဖြူ(Nga Bae Phyu)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၂.၉ စင်တီမီတာ 

၁၃။ ငါးဖမ်းမ

သိပ္ပံအမည် = Osteobrama cotio cotio

အင်္ဂလိပ်အမည် = Cotio

မြန်မာအမည် = ငါးဖမ်းမ(Nga Phan Ma)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၀ စင်တီမီတာ

၁၄။ ငါးခုံးမမီးနီ

သိပ္ပံအမည် = Puntius sophore

အင်္ဂလိပ်အမည် = Pool barb 

မြန်မာအမည် = ငါးခုံးမမီးနီ(Nga Khone Ma Mee Ni)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၈.၄ စင်တီမီတာတို့ ဖြစ်ပါသည်။

ရေးသားသူ=ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်