မြန်မာနိုင်ငံရှိ စီးပွားဖြစ်ငါးမျိုးစိတ်အချို့၏ မျိုးပွားရန်အသင့်ဖြစ်သောအရွယ်အစားများ

12/12/2022 15:15 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

အရွယ်မရောက်သေးသောငါးများကို ယနေ့ဖမ်းဆီးပါက နောင်တွင်မျိုးပွားရန် ငါးကြီးများရှိမည်မဟုတ်ပါ။ ထို့ကြောင့် ဖမ်းဆီးခြင်းမပြုသင့်သည့် စီးပွားဖြစ်ငါးမျိုးစိတ်အချို့၏ မျိုးပွားရန်အသင့်ဖြစ်သော အရွယ်အစားများကို ဖော်ပြပေးလိုက်ပါသည်။

၁။ ကကတစ်

သိပ္ပံအမည် = Lates calcarifer

အင်္ဂလိပ်အမည် = Barramudi (or) Seabass

မြန်မာအမည် = ကကတစ်(Kaka Dit)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၃၈.၂ စင်တီမီတာ

၂။ ငါးသလောက်

သိပ္ပံအမည်= Tenualosa ilisha

အင်္ဂလိပ်အမည်= Hilsa

မြန်မာအမည်= ငါးသလောက်(Nga Tha Laut)

 

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၂၅.၇ စင်တီမီတာ

၃။ ငါးသလောက်ယောက်ဖ

 

သိပ္ပံအမည် = Tenualosa toli

အင်္ဂလိပ်အမည် = Toli shad

မြန်မာအမည် = ငါးသလောက်ယောက်ဖ(Nga Tha Laut Yank  Pha)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၂၅.၉ စင်တီမီတာ

၄။ ငါးနုသန်း

သိပ္ပံအမည် = Ompok bimaculatus

အင်္ဂလိပ်အမည် = Butter catfish

မြန်မာအမည် = ငါးနုသန်း(Nga Nu Thaan)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၂၃.၅ စင်တီမီတာ

၅။ ငါးခူ

သိပ္ပံအမည် = Clarias batrachus

အဂ်လိပ်အမည် = Phillippine catfish

မြန်မာအမည် = ငါးခူ(Nga Khu)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၆ စင်တီမီတာ

၆။ ငါးဇင်ရိုင်း

သိပ္ပံအမည် = Mystus vittatus

အင်္ဂလိပ်အမည် = Striped dwarf catfish

မြန်မာအမည် = ငါးဇင်ရိုင်း(Nga Zin Yine)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၆.၉ စင်တီမီတာ

၇။ ငါးဖယ်ခုံး

သိပ္ပံအမည် = Notopterus Notopterus

အင်္ဂလိပ်အမည် = Bronze featherback

မြန်မာအမည် = ငါးဖယ်ခုံး(Nga Phae Khone)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၉ စင်တီမီတာ 

၈။ ငါးကျည်း

သိပ္ပံအမည် = Heteropneustes fossilis

အင်္ဂလိပ်အမည် = Stinging catfish

မြန်မာအမည် = ငါးကျည်း(Nga Kyee)

မျိုးပွားရန်အရွယ်ရောက်သော အရွယ် = ၁၂ စင်တီမီတာ

၉။ ငါးရံ့ကျား

သိပ္ပံအမည် = Channa striata

အင်္ဂလိပ်အမည် = Striped snakehead

မြန်မာအမည် = ငါးရံ့ကျား(Nga Yant Kyar)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၈ စင်တီမီတာ

၁၀။ ငါးပနော်

သိပ္ပံအမည် = Channa punctata

အင်္ဂလိပ်အမည် = Spotted snakehead

မြန်မာအမည် = ငါးပနော်(Nga Pa Naw)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၆.၅ စင်တီမီတာ 

၁၁။ ငါးရံ့ခေါင်းတို

သိပ္ပံအမည် = Channa gachua

အင်္ဂလိပ်အမည် = Dwarf snakehead

မြန်မာအမည် = ငါးရံ့ခေါင်းတို(Nga Yant Goung Toe)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၁.၁ စင်တီမီတာ 

၁၂။ ငါးဘဲဖြူ

သိပ္ပံအမည် = Amblypharyngodon mola

အင်္ဂလိပ်အမည် = Mola carplet

မြန်မာအမည် = ငါးဘဲဖြူ(Nga Bae Phyu)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၂.၉ စင်တီမီတာ 

၁၃။ ငါးဖမ်းမ

သိပ္ပံအမည် = Osteobrama cotio cotio

အင်္ဂလိပ်အမည် = Cotio

မြန်မာအမည် = ငါးဖမ်းမ(Nga Phan Ma)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၁၀ စင်တီမီတာ

၁၄။ ငါးခုံးမမီးနီ

သိပ္ပံအမည် = Puntius sophore

အင်္ဂလိပ်အမည် = Pool barb 

မြန်မာအမည် = ငါးခုံးမမီးနီ(Nga Khone Ma Mee Ni)

မျိုးပွားရန်အရွယ်ရောက်သောအရွယ် = ၈.၄ စင်တီမီတာတို့ ဖြစ်ပါသည်။

ရေးသားသူ=ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်