ဘူး၊ ဖရုံ၊ သခွား တွင် ကျရောက်တတ်သော မှိုရောဂါများ

29/09/2020 11:45 AM တွင် Sandakue Aung Sandakue Aung မှ ရေးသား

ပင်ညှိုးရောဂါ (Fusarium wilt)

ရောဂါဖြစ်စေသောသက်ရှိ  - Fusarium oxysporum

ရောဂါလက္ခဏာ

             အပင်ငယ်စဉ်မှစ၍ ရောဂါကျရောက်နိုင်သည်။ အရွက်များသည် နေ့ခင်းပိုင်းတွင် ညှိုးနွမ်းနေပြီး ညနေပိုင်း တွင် ပြန်လည်ကောင်းလာသည်ကို တွေ့ရသည်။ ရောဂါပြင်းထန်ပါက အောက်ဆုံးအရွက်များ အဝါရောင် ပြောင်းလာပြီး အပေါ်အရွက်များပါ တဖြည်းဖြည်း အဝါရောင် ပြောင်းလာကြသည်။ ပင်စည်၏ အစာရေကြောစည်းကို ကန့်လန့်ခွဲကြည့်ပါက အရောင်ပြောင်းလာသည်ကို တွေ့ရသည်။

ရောဂါပျံ့နှံပုံ

             အပူချိန် ၃၀ဒီဂရီစင်တီဂရိတ်တွင် ရောဂါပျံနှံ့နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

    • သီးလှည့် စိုက်ပျိုးပါ။

    • ရောဂါဖြစ်ပွားထားသော ပင်ကြွင်းပင်ကျန်များကို ဖျက်ဆီးပစ်ပါ။

    • Carbendazim၊ Hexaconazole၊ Benomyl အစရှိသော ဓာတုဆေးများသုံး၍ ကာကွယ်နှိမ်နည်းနိုင်ပါသည်။

ဒေါင်းနှီးမှိုရောဂါ (Downy mildew)

ရောဂါဖြစ်စေသောသက်ရှိ  - Pseudoperonospora cubensis

ရောဂါလက္ခဏာ

     အရွက်၏မျက်နှာပြင်တွင် သေးငယ်သော အဝါရောင်အကွက်များ စတင်ဖြစ်ပေါ်လာသည်။ အောက်မျက်နှာပြင်တွင် အဖြူရောင်၊ မီးခိုးရောင်(သို့) ခရမ်းရောင် မှိုမျှင်များကို တွေ့ရသည်။ ရွက်ကြောများနှင့် ကန့်သတ်ထားသောကြောင့် အနာကွက်သည် ဒေါင့်ကွက်သဏ္ဍာန် ဖြစ်ပေါ်နေပါသည်။ အနာကွက်များပေါင်းစပ်ကာ အရွက်တစ်ခုလုံး အညိုဖျော့ရောင် ပြောင်းလဲလာသည်။ ရောဂါဆိုးရွားပါက အရွက်သည် ခြောက်သွေ့၍ ကြွေကျသွားသည်။ နောက်ဆုံးတွင် အပင်ကြီးထွားမူ ရပ်တန့်ကာ အပင်သေသွားနိုင်ပါသည်။

ရောဂါပျံ့နှံပုံ

             အရွက်မျက်နှာပြင်ပေါ်ရှိ မိုးရေစက် နှင့် နှင်းစက်များသည် မှိုစပိုးများ မျိုးညှောင့်ပေါက်ရန်အတွက် အခြေအနေပေးပါသည်။ နေ့အပူချိန် ၂၅ဒီဂရီစင်တီဂရိတ် နှင့် ညအပူချိန် ၁၅ဒီဂရီစင်တီဂရိတ် တို့တွင် ရောဂါပြင်းထန်စွာ ကျရောက်နိုင်ပါသည်။ ဆောင်းရာသီ နှင့် မိုးရာသီတွင် အများဆုံး ကျရောက်တတ်သည်။

ကာကွယ်နှိမ်နင်းနည်းများ

    • ရောဂါဒဏ်ခံနိုင်သော မျိုးကို ရွေးချယ်ပါ။

    • ရေကောင်းစွာ စီးဆင်းနိုင်စေရန် ပင်ကြား၊တန်းကြား ခပ်ကျဲကျဲ စိုက်ပျိုးပါ။

    • မှိုသတ်ဆေးများဖြစ်သော Mancozeb၊ Metalaxyl+Mancozeb၊ Copper oxychloride များကို ပတ်ဖျန်း၍ နှိမ်နင်းနိုင်ပါသည်။

ဖားဥမှိုရောဂါ (Powdery mildew)

ရောဂါဖြစ်စေသောသက်ရှိ  - Erysiphe cichoracearum

ရောဂါလက္ခဏာ

             အရွက်၏အပေါ်မျက်နှာပြင်ပေါ်တွင် ပေါင်နာမှုန့် ဖြူးထားသကဲ့သို့ အဖြူရောင်မှိုမျှင်များကို တွေ့ရသည်။ထို့နောက် အရွက်တစ်ခုလုံး သာမက ရွက်ညှာနှင့် ပင်စည်အထိ ရောဂါပျံ့နှံနိုင်သည်။ ရောဂါဆိုးရွားလာပါက အရွက်တစ်ရွက်လုံး အညိုရောင် အဖြစ် ပြောင်းလာပါသည်။

ရောဂါပျံ့နှံပုံ

             ရောဂါဖြစ်စေသော မှိုစပိုးများသည် လေဖြင့်ပျံ့နှံ့နိုင်သည်။ လယ်ယာသုံးစက်ကိရိယာများမှ တစ်ဆင့် ရောဂါကူးစက်နိုင်သည်။  မြေတွင် အစိုဓာတ်နည်းခြင်းသည် ရောဂါဖြစ်ပွားမှုကို အားပေးပါသည်။

ကာကွယ်နှိမ်နင်းနည်း

    • ရေကိုလုံလောက်စွာ သွင်းပေးပါ။

    • Hexaconazole၊ Sulphur၊ Carbendazim စသောမှိုသတ်ဆေးများသုံး၍ ဖားဥမှိုရောဂါကို နှိမ်နင်းနိုင်ပါသည်။

မစန္ဒကူးအောင်

Ref https://www.slideshare.net/mobile/mohammadramjan2/diseases-of-cucurbits-vegetables-by-md-ramjan

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်