လူနှင့် တိရစ္ဆာန်တွေ ဘယ်လိုမှိုဆိပ်သင့်သလဲ..

15/03/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မှိုဆိပ်များသည် အသည်း၊ အာရုံကြောအဖွဲ့အစည်း၊ ကျောက်ကပ်၊ အရေပြား၊ နှလုံးနှင့်သွေးကြော အဖွဲ့ အစည်း၊ မျိုးပွားလမ်းကြောင်း၊ ခုခံအားစနစ် စသည့် ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများရှိ ဆဲလ်များထံသို့ တိုက်ရိုက်သွားကာ တိုက်ခိုက်နိုင်ပါသည်။ ယင်းနည်းလမ်းကို Direct-target toxicity ဟု ခေါ်ပါသည်။ 

ထို့ပြင် ကင်ဆာဖြစ်စေခြင်း၊ မျိုးဗီဇထွန်းခြင်းဖြစ်ပေါ်စေခြင်းနှင့် သန္ဓေသားကို တိုက်ခိုက်ပြီး ပုံစံမမှန်သည့် သ‌န္ဓေသားဖြစ်ပေါ်စေခြင်း အစရှိသည့် တိုက်ရိုက်မဟုတ်သော နည်းလမ်းများဖြင့်လည်း တိုက်ခိုက်နိုင်ပါသည်။ ယင်းကို Non-direct-target effect ဟု ခေါ်ပါသည်။

စုပ်ယူခြင်း

မှိုဆိပ်များကို စားသုံးမိပါက အစာချေလမ်းကြောင်းမှ ယင်းအဆိပ်များကို ဦးစွာ စုပ်ယူသွားမည် ဖြစ်ပါသည်။ အစားအစာထဲတွင် ပါဝင်သည့် မှိုဆိပ်များကို ပါးစပ်၊ အစာရေမျို၊ အစာအိမ်နှင့် အူ သိမ်တို့၏ နံရံများမှ စုပ်ယူကြမည်ဖြစ်သည်။ လမ်းကြောင်းတလျှောက် အစာရေမျို (Oesophagus) သည် စုပ်ယူမှုအနည်းဆုံးနေရာ ဖြစ်သည်။ အူသိမ် (Small intestine) သည် မှိုဆိပ်စုပ်ယူမှု အမြင့်မားဆုံးနေရာဖြစ်သည်။ ယင်းနေရာကို ကျော်လွန်ပြီးနောက် ကျန်ရှိနေသည့် မှိုဆိပ်အနည်းငယ်ကို အူမကြီးဦးပိုင်း (Colon) ကလည်း အနည်းငယ် စုပ်ယူနိုင်သည်။

အစားအသောက်ထဲမှတဆင့် မဟုတ်ဘဲလည်း မှိုဆိပ်နှင့် ထိတွေ့နိုင်ပါသည်။ 

ဥပမာ အသက်ရှူလမ်းကြောင်းမှ မှိုဆိပ်ဝင်ရောက်နိုင်ပါသည်။ လေထဲရှိ ဖုန်မှုန့်များတွင် မှိုဆိပ်များ ကပ်ငြိပါလာနိုင်သည်။ ယင်းဖုန်မှုန့်များကို ရှူရှိုက်မိသည့်အခါ မှိုဆိပ်များ အဆုတ်သို့ ရောက်ရှိလာ မည်ဖြစ်သည်။ အဆုတ်ရှိ လေအိတ် (alveoli) များမှတဆင့် မှိုဆိပ်ကို စုပ်ယူသွားပြီး ခန္ဓာကိုယ် အနှံ့အပြားသို့ ပို့ဆောင်ပေးသည်။ ဥပမာ အိုခရာတောက်ဆင် - အေ (Orchratoxin A) သည် လေမှတဆင့် အဆုတ်သို့ကူးစက်ပြီး လေအိတ်ငယ်လေးများက ခန္ဓာကိုယ်အနှံ့ သယ်ဆောင်သွားနိုင်သည့် မှိုဆိပ်များ ဖြစ်သည်။ 

မှိုဆိပ်များ အရေပြားနှင့်ထိတွေ့မိခြင်း၊ မျက်လုံးမှတဆင့် ဝင်ရောက်ခြင်းများကိုလည်း တွေ့ရနိုင်ပါသည်။ 

ဖြန့်ဝေခြင်း

ခန္ဓာကိုယ်ထဲသို့စုပ်ယူခြင်းခံရသည့် မှိုဆိပ်များသည် ခန္ဓာကိုယ်အနှံ့အပြားသို့ မတူညီသည့် နည်းလမ်းများဖြင့် ဖြန့်ခွဲရောက်ရှိသွားကြပါသည်။ 

အချို့မှိုဆိပ်များ (ဥပမာ အိုခရာတောက်ဆင် - အေ) သည် သွေးရည်ကြည်အသားဓာတ် (plasma protein)များနှင့် ပေါင်းနိုင်သည့်အစွမ်းရှိပါသည်။ ထို့ကြောင့် ၄င်းကို စုပ်ယူပြီးနောက် သွေးကြောထဲရှိ သွေးရည်ကြည်အသားဓာတ်များနှင့် ပေါင်းသွားပါသည်။ ထို့ကြောင့် မှိုဆိပ်ကို  အခြားနေရာများသို့ သွေးထဲမှတဆင့် ပို့ဆောင်ဖြန့်ဝေပေးပါတော့သည်။ 

အချို့မှိုဆိပ်များမှာမူ အဆီတွင်ပျော်ဝင်နိုင်ပြီး အဆီတစ်သျှူးများတွင် တဖြည်းဖြည်းစုပုံလာကြသည်။ 

ခန္ဓာကိုယ်တွင် ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်းသည် အလွန်အရေးကြီးပြီး နူးညံ့သည့် အင်္ဂါအစိတ်အပိုင်းများ ဖြစ်ပါသည်။ ထို့ကြောင့် သွေးထဲတွင်ပါဝင်လာသည့်အရာများ ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်းထဲသို့ အလွယ်တကူမဝင်ရောက်နိုင်အောင် တားဆီးပေးထားရပါသည်။

ယင်းအတားအဆီးကို Blood-Brain Barrier ဟု ခေါ်ပါသည်။ သွေးရည်ကြည်တွင် ပျော်ဝင်သည့် မှိုဆိပ်များမှာ အဆိုပါအတားအဆီးကို ကျော်ဖြတ်ကာ ဦးနှောက်နှင့် အာရုံကြောများသို့ ရောက်ရှိရန် မလွယ်ကူပါ။ အဆီတွင်ပျော်ဝင်နိုင်သည့် မှိုဆိပ်များမှာမူ ယင်းအတားအဆီးကိုကျော်ကာ ဦးနှောက်နှင့်အာရုံကြောအဖွဲ့အစည်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်ပါသည်။  

တိုက်ခိုက်ခြင်း

ခန္ဓာကိုယ်ထဲသို့ ရောက်ရှိပြီးပါက မှိုဆိပ်များသည် မှိုဆိပ်အမျိုးအစားအလိုက် မတူညီသော နည်းလမ်းများကို အသုံးပြုကာ မတူညီသော ဆဲလ်များကို တိုက်ခိုက်ကြပါသည်။ 

 

ပုံ - မှိုဆိပ်များ၏ တိုက်ခိုက်ပုံနည်းလမ်းများ

ချေဖျက်စွန့်ထုတ်ခြင်း

ခန္ဓာကိုယ်ထဲသို့ ဝင်‌ရောက်တိုက်ခိုက်နေသော မှိုဆိပ်များကို ခန္ဓာကိုယ်က အတတ်နိုင်ဆုံး ချေဖျက်ကာ စွန့်ထုတ်ပစ်မည် ဖြစ်သည်။ ဝင်ရောက်လာသည့် မှိုဆိပ်များ၏ တစ်ဝက်ကိုလျှော့ချပစ်ရန် ကြာမြင့်သည့်အချိန်ကို ယင်းမှိုဆိပ်၏ “half-life” ဟု ခေါ်သည်။ အတိအကျဆိုရလျှင် သွေးရည် ကြည်ထဲသို့ ရောက်ရှိလာသည့် မှိုဆိပ်ပမာဏကို ထက်ဝက်လျော့ချရန် ကြာချိန်ကို half-life ဟု ခေါ် ဆိုခြင်းဖြစ်သည်။ 

မှိုဆိပ်တစ်ခု၏ half-life သည် မှိုဆိပ်အမျိုးအစားပေါ်တွင်သာမက ယင်းမှိုဆိပ်ကို မည်သို့ စားသုံးမိခဲ့သည် (ပမာဏအများအပြားကို တကြိမ်တည်းစားမိခြင်းလား သို့မဟုတ် ပမာဏအနည်းငယ်ကို ရေရှည်ဆွဲ၍ စားမိခဲ့ခြင်းလား) ဆိုသည့်အချက်ပေါ်တွင်လည်း များစွာမူတည်သည်။ ရေရှည်ဆွဲ၍ စားခဲ့မိလေလေ၊ half-life က ရှည်ကြာလေလေပင် ဖြစ်ပါသည်။ ဥပမာ အိုခရာတောက်ဆင် - အေ ကို ရေရှည်ဆွဲ၍ စားသုံးမိသည့် လူများတွင် ယင်းအဆိပ်၏ half-life သည် နာရီပေါင်း ၅၆၀ အထိ ကြာမြင့်သည်ကို လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့ရသည်။ 

ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည့် မှိုဆိပ်များကို အကုန်အစင် မစွန့်ထုတ်ပစ်နိုင်သည့်တိုင် တစိတ်တပိုင်းကို စွန့်ထုတ်ပစ်မည်ဖြစ်ပါသည်။ များသောအားဖြင့် မှိုဆိပ်များကို ကျောက်ကပ်မှ စွန့်ထုတ်ပစ်သဖြင့် ဆီးထဲတွင် ပြန်လည်တွေ့ရှိရနိုင်ပါသည်။

ကျောက်ကပ်က မှိုဆိပ်ကို စွန့်ထုတ်ရင်းမှာပင် ယင်းကျောက်ကပ်တွင် မှိုဆိပ်များစုပုံလာကာ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပြန်ပါသည်။ ဥပမာ အိုခရာတောက်ဆင် - အေ သည် ကျောက်ကပ်ကို ထိခိုက်စေသည့် မှိုဆိပ်ဖြစ်ပါသည်။ 

မော်လီကျူလာအလေးချိန် (Molecular weight) မြင့်မားသည့် မှိုဆိပ်များကိုမူ သည်းခြေရည် (bile) မှတဆင့် စွန့်ထုတ်ပါသည်။ အချို့မှိုဆိပ်များ (ဥပမာ အဖာလတောက်ဆင် ဘီ-၁) ကို နွားမများက ပုံစံပြောင်းကာ နို့ထဲတွင် ပြန်လည်စွန့်ထုတ်ကြပါသည်။ အခြားစွန့်ထုတ်နိုင်သည့် နည်းလမ်းများမှာ ချွေးနှင့်တံတွေးထဲမှတဆင့် စွန့်ထုတ်သည့်နည်းလမ်း ဖြစ်သည်။ 

အစားအစာထဲတွင် ပါဝင်လာသော်လည်း အစာလမ်းကြောင်းတလျှောက်တွင် စုပ်ယူခြင်းမခံလိုက်ရသည့် မှိုဆိပ်များကိုမူ မစင်ထဲတွင် ပြန်လည်စွန့်ထုတ်ပစ်မည် ဖြစ်ပါသည်။ ၄င်းတို့ကို အစာလမ်း ကြောင်းက မစုပ်ယူလိုက်နိုင်သော်လည်း ၄င်းတို့ ဖြတ်သန်းခဲ့ရာ အစာလမ်းကြောင်းနံရံများကိုမူ မှိုဆိပ်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်