ပိုးသတ်ဆေးဘူးနဲ့ အထုပ်တွေမှာပါတဲ့ GHS ဆိုတာဘာလဲ?

05/09/2024 13:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

တစ်ခါတစ်လေမှာ ကျွန်တော်တို့က စေ့စေ့ပေါက်ပေါက် လိုက်ကြည့်တာရှိသလို မေ့မေ့ပျောက်ပျောက်လေး နေတာမျိုးလည်းရှိပါတယ်။ စိတ်ခံစားချက်အတိုင်းပေါ့။ ဒါလေးကတော့ ကျွန်တော်ထင်တယ် မေ့မေ့ပျောက်ပျောက်နေတတ်တဲ့ တစ်ခုဖြစ်မယ်ထင်ပါတယ်။ 

ဖျက်ပိုးသတ်ဆေးဝယ်လာတယ်။ ပိုးသတ်ဆေးလို့ ပြောလိုက်ရင် စိုက်ပျိုးရေးမှာသုံးတဲ့ ပေါင်းသတ်ဆေးက အစ ပါဝင်ပါတယ်။ သူကလည်း ဖျက်ပိုးသတ်ဆေးထဲမှာ ထည့်ထားပါတယ်။ 

အဲ့လို ဖျက်ပိုးသတ်ဆေးထုတ်နဲ့ ဘူးတွေကို ဝယ်လာပြီးရင် အညွှန်းကိုတော့ ဖတ်ကြည့်ကြမှာပါ။ အဲ့မှာ အမြဲတမ်းပါတာက GHS အုပ်စု GHSအဆင့်၊ အဆိပ်ဖြစ်မှုအဆင့်အတန်း ဆိုပြီးတော့ တစ်ကြောင်းလေးက အမြဲတမ်းပါပါတယ်။ 

အဆိပ်သင့်မှု အဆင့်အတန်း - GHS အုပ်စု (၁) ဘာညာ ဘာညာလို့ ထည့်ထားတာ၊ အရောင်လေးကလည်း ပါသေးတယ်ဆိုတော့ အဲ့မေ့မေ့လျော့လျော့လေး နေကြတာကို လေ့လာကြည့်ရအောင်

GHS ဆိုတာဘာလဲ

GHS အရှည်ကတော့ A Global Harmonized System for the Classification and Labeling of Chemicals ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ အဆိပ်သင့်မှု အဆင့်အတန်းဖြစ်ပါတယ်။ သူ့အတိုင်းကို အရှည်ပြန်ရင်တော့ ဓာတုပစ္စည်းတွေရဲ့ အဆိပ်သင့်မှုအဆင့်အတန်းအလိုက် အုပ်စုခွဲတဲ့ စနစ်၊ အညွှန်းတပ်ပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Global ဖြစ်တဲ့အတွက်ကြောင့်မို့ ကမ္ဘာတစ်ခုလုံးက ဒီစနစ်ကို အသုံးပြုကြရပါတယ်။ 

ဒါတွေကို သိထားရင် ဘာကောင်းကျိုးရမလဲဆိုတော့ ကိုယ်တွေ သုံးနေတဲ့ ပစ္စည်းတွေဟာ ဓာတုနဲ့ လွတ်ရဲ့လားဆိုတာကို တစ်ချက်ကြည့်တာနဲ့ သိနိုင်ပါတယ်။ နောက်တစ်ခုက ဓာတုဆေးနဲ့ ထိတွေ့နေကြရတဲ့ တောင်သူတွေအနေနဲ့ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို သတိထားနိုင်မှာဖြစ်ပါတယ်။ 

သူတို့မှာ အဆိပ်သင့်မှုအဆင့်အတန်းတွေ၊ ပေါက်ကွဲနိုင်မှုအဆင့်အတန်းတွေနဲ့၊ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ အဆင့်အတန်းတွေအလိုက် ခွဲခြားစိတ်ဖြာပါတယ်။ 

နောက်ပြီးတော့ အညွှန်းတပ်ပေးပါတယ်၊ အရောင်အလိုက်လည်း ရှိသလို ရုပ်ပုံဖော်ပြချက်တွေကိုလည်း သူတို့ သတ်မှတ်ထားတဲ့ အဆင့်အလိုက် သတ်မှတ်ပေးပြီးတော့ အညွှန်းတပ်ပါတယ်။ ပြီးတော့ ဒီဓာတုပစ္စည်းကို ဘယ်ကို ဘေးကင်းအောင်ကိုင်တွယ် အသုံးပြုရမလဲဆိုတာကိုပါ တစ်ခါတည်း အညွှန်းစာသတ်မှတ်ပေးပါတယ်။ 

ထုတ်ပိုးမှု ကိုလည်း သတ်မှတ်ပေးပါတယ်။ ထုတ်ပိုးမှုက ဓာတုပစ္စည်းကို ဘေးကင်းလုံခြုံမှုရှိအောင် ထုတ်ပိုးနိုင်စွမ်းရှိ မရှိဆိုတာကို လည်း တစ်ခါတည်းစစ်ဆေးပြီး ဘယ်ပစ္စည်းနဲ့ ထုတ်ပိုးပေးရမလဲဆိုတာကို သတ်မှတ်ပေးပါတယ်။ 

အတော်များများကို ကိုလုပ်ပေးနိုင်တာကြောင့်မို့ 

  • ဘေးကင်းလုံခြုံမှုကို တိုးတက်ကောင်းမွန်လာစေတယ်။
  • နိုင်ငံတကာကို တင်ပို့မှုမှာလည်း ပိုမိုမြန်ဆန်လာစေနိုင်တယ်။ 
  • ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်းလုံးဝသေချာလာစေပါတယ်။ 

ဆိုတော့ သူတို့ သတ်မှတ်ချက်ကို လေ့လာကြည့်ရအောင် 

အရောင်သတ်မှတ်ချက်အလိုက်ဆိုရင်

  • GHS အုပ်စု (၁) နဲ့ (၂) က အဆိပ်သင့်မှု အပြင်းထန်ဆုံးဖြစ်ပါတယ်။ ဆိုတော့ သူတို့ကို ပိုးသတ်ဆေးထုတ်တွေ ဘူးတွေမှာ အနီရောင်နဲ့ ပြပါတယ်။ ဆိုလိုတာက အဆိပ်ပြင်းထန်လို့ သတိထားပြီး သုံးဖို့ ဖြစ်ပါတယ်။
  • နောက် တစ်ခုကတော့ အဝါရောင်ဖြစ်ပါတယ်။ အနီရောင်လောက် မဆိုးပေမဲ့ အဆိပ်ဖြစ်မှု များနေပါသေးတဲ့ အုပ်စုပါ။ အုပ်စု (၃) ကို အဝါရောင်နဲ့ ဖော်ပြထားလို့ ဆေးဘူးမှာ အဝါရောင် ရုပ်ပုံလေးတွေပါတဲ့ စာတန်းကိုရှာကြည့်နိုင်ပါတယ်။ 
  • အဆိပ်ဖြစ်မှု အဆင့်အ (၄) နဲ့ (၅) ကိုတော့ အပြာရောင်နဲ့ ဖော်ပြပါတယ်။ အပြာရောင်မှာလည်း ဘေးကင်းတာတော့မဟုတ်ပါဘူး၊ သူတို့ လုပ်ထုံးလုပ်နည်းနဲ့ ကိုင်တွယ်သင့်တဲ့ နည်းလမ်းတွေကို အတိအကျလိုက်နာသင့်ပါတယ်။
  • နောက်ဆုံး အဆင့်ကတော့  GHS (-) ဖြစ်ပါတယ်။ သူ့ကိုတော့ အစိမ်းရောင်နဲ့ ပြပါတယ်။ အဆိပ်သင့်မှု အဆင့်အတန်းနည်းလို့ပါ။ ဘယ်လိုကြောင့် အဆိပ်သင့်မှုနည်းတာလဲဆိုရင် စိုက်ပျိုးရေးမှာဆိုရင် အပင်တွေအတွက် ထုတ်ထားတဲ့ ဟော်မုန်းဆေးလိုမျိုးတွေပါ။ ဓာတုဖြစ်ပေမဲ့လို့ ပတ်ဝန်းကျင်ကိုရော ကိုင်တွယ်တဲ့သူကိုရော ထိခိုက်မှု နည်းလို့ ဒီအဆင့်သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ 

ပုံလေးတွေကို လေ့လာကြည့်ရအောင်လားခင်ဗျာ

သူမှာကလည်း အဆင့်လိုက်အတိုင်း လုပ်ဆောင်ရမဲ့ သတိထားရမဲ့ အချက်လေးတွေကို တစ်ပုံချင်းစီဖော်ပြထားပါတယ်။ 

ထားသိုသိမ်းဆည်းတဲ့နေရာမှာဆိုရင် ကလေးများ လက်လှမ်းမမီသော နေရာတွင် ထား။

ဆေးရောစပ်တဲ့အခါမျိုးတွေမှာဆိုရင်လည်း

ပိုးသတ်ဆေးရည်ကိုရောစပ်တဲ့အခါမှာ သတိပြုဖို့ ပိုးသတ်ဆေးမှုန့်ကို ရောစပ်တဲ့အခါမှာ သတိပြုဖို့

အကြံပြုချက်တွေအနေနဲ့လည်း ဖိနပ်စီးပါ။ မျက်နှာဖုံး တပ်ပါ။ လက်အိပ်စွပ်ပါ။ နှာခေါင်းစည်း တပ်ဆင်ပါ။ သုံးစွဲပြီးတိုင်းမှာလည်း ရေနှင့်ဆပ်ပြာကို သုံးပြီး သေချာစွာ ဆေးကြောသန့်စင်ပါ။ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမပြုရ။ ရေနေသတ္တဝါများကို ထိခိုက်နိုင်သည်။ စတဲ့ အညွှန်းလေးတွေကို မြင်ရမှာဖြစ်ပါတယ်။ 

ဆိုတော့ ဒီရုပ်ပုံလေးတွေက အလှတော့လည်း ထည့်ထားတာ မဟုတ်ကြောင်းနဲ့ သေသေချာချာလေး သတိထားပြီး ကြည့်ဖို့ လိုကြောင်းကိုလည်း သိသွားပြီဆိုရင်ဖြင့် ကျေနပ် ပိတီဂွမ်းဆီထိရပါတယ် ခင်ဗျာ။ 

Reference

https://unece.org/about-ghs 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်