ပိုးသတ်ဆေးဘူးနဲ့ အထုပ်တွေမှာပါတဲ့ GHS ဆိုတာဘာလဲ?

05/09/2024 13:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

တစ်ခါတစ်လေမှာ ကျွန်တော်တို့က စေ့စေ့ပေါက်ပေါက် လိုက်ကြည့်တာရှိသလို မေ့မေ့ပျောက်ပျောက်လေး နေတာမျိုးလည်းရှိပါတယ်။ စိတ်ခံစားချက်အတိုင်းပေါ့။ ဒါလေးကတော့ ကျွန်တော်ထင်တယ် မေ့မေ့ပျောက်ပျောက်နေတတ်တဲ့ တစ်ခုဖြစ်မယ်ထင်ပါတယ်။ 

ဖျက်ပိုးသတ်ဆေးဝယ်လာတယ်။ ပိုးသတ်ဆေးလို့ ပြောလိုက်ရင် စိုက်ပျိုးရေးမှာသုံးတဲ့ ပေါင်းသတ်ဆေးက အစ ပါဝင်ပါတယ်။ သူကလည်း ဖျက်ပိုးသတ်ဆေးထဲမှာ ထည့်ထားပါတယ်။ 

အဲ့လို ဖျက်ပိုးသတ်ဆေးထုတ်နဲ့ ဘူးတွေကို ဝယ်လာပြီးရင် အညွှန်းကိုတော့ ဖတ်ကြည့်ကြမှာပါ။ အဲ့မှာ အမြဲတမ်းပါတာက GHS အုပ်စု GHSအဆင့်၊ အဆိပ်ဖြစ်မှုအဆင့်အတန်း ဆိုပြီးတော့ တစ်ကြောင်းလေးက အမြဲတမ်းပါပါတယ်။ 

အဆိပ်သင့်မှု အဆင့်အတန်း - GHS အုပ်စု (၁) ဘာညာ ဘာညာလို့ ထည့်ထားတာ၊ အရောင်လေးကလည်း ပါသေးတယ်ဆိုတော့ အဲ့မေ့မေ့လျော့လျော့လေး နေကြတာကို လေ့လာကြည့်ရအောင်

GHS ဆိုတာဘာလဲ

GHS အရှည်ကတော့ A Global Harmonized System for the Classification and Labeling of Chemicals ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ အဆိပ်သင့်မှု အဆင့်အတန်းဖြစ်ပါတယ်။ သူ့အတိုင်းကို အရှည်ပြန်ရင်တော့ ဓာတုပစ္စည်းတွေရဲ့ အဆိပ်သင့်မှုအဆင့်အတန်းအလိုက် အုပ်စုခွဲတဲ့ စနစ်၊ အညွှန်းတပ်ပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Global ဖြစ်တဲ့အတွက်ကြောင့်မို့ ကမ္ဘာတစ်ခုလုံးက ဒီစနစ်ကို အသုံးပြုကြရပါတယ်။ 

ဒါတွေကို သိထားရင် ဘာကောင်းကျိုးရမလဲဆိုတော့ ကိုယ်တွေ သုံးနေတဲ့ ပစ္စည်းတွေဟာ ဓာတုနဲ့ လွတ်ရဲ့လားဆိုတာကို တစ်ချက်ကြည့်တာနဲ့ သိနိုင်ပါတယ်။ နောက်တစ်ခုက ဓာတုဆေးနဲ့ ထိတွေ့နေကြရတဲ့ တောင်သူတွေအနေနဲ့ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို သတိထားနိုင်မှာဖြစ်ပါတယ်။ 

သူတို့မှာ အဆိပ်သင့်မှုအဆင့်အတန်းတွေ၊ ပေါက်ကွဲနိုင်မှုအဆင့်အတန်းတွေနဲ့၊ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ အဆင့်အတန်းတွေအလိုက် ခွဲခြားစိတ်ဖြာပါတယ်။ 

နောက်ပြီးတော့ အညွှန်းတပ်ပေးပါတယ်၊ အရောင်အလိုက်လည်း ရှိသလို ရုပ်ပုံဖော်ပြချက်တွေကိုလည်း သူတို့ သတ်မှတ်ထားတဲ့ အဆင့်အလိုက် သတ်မှတ်ပေးပြီးတော့ အညွှန်းတပ်ပါတယ်။ ပြီးတော့ ဒီဓာတုပစ္စည်းကို ဘယ်ကို ဘေးကင်းအောင်ကိုင်တွယ် အသုံးပြုရမလဲဆိုတာကိုပါ တစ်ခါတည်း အညွှန်းစာသတ်မှတ်ပေးပါတယ်။ 

ထုတ်ပိုးမှု ကိုလည်း သတ်မှတ်ပေးပါတယ်။ ထုတ်ပိုးမှုက ဓာတုပစ္စည်းကို ဘေးကင်းလုံခြုံမှုရှိအောင် ထုတ်ပိုးနိုင်စွမ်းရှိ မရှိဆိုတာကို လည်း တစ်ခါတည်းစစ်ဆေးပြီး ဘယ်ပစ္စည်းနဲ့ ထုတ်ပိုးပေးရမလဲဆိုတာကို သတ်မှတ်ပေးပါတယ်။ 

အတော်များများကို ကိုလုပ်ပေးနိုင်တာကြောင့်မို့ 

  • ဘေးကင်းလုံခြုံမှုကို တိုးတက်ကောင်းမွန်လာစေတယ်။
  • နိုင်ငံတကာကို တင်ပို့မှုမှာလည်း ပိုမိုမြန်ဆန်လာစေနိုင်တယ်။ 
  • ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်းလုံးဝသေချာလာစေပါတယ်။ 

ဆိုတော့ သူတို့ သတ်မှတ်ချက်ကို လေ့လာကြည့်ရအောင် 

အရောင်သတ်မှတ်ချက်အလိုက်ဆိုရင်

  • GHS အုပ်စု (၁) နဲ့ (၂) က အဆိပ်သင့်မှု အပြင်းထန်ဆုံးဖြစ်ပါတယ်။ ဆိုတော့ သူတို့ကို ပိုးသတ်ဆေးထုတ်တွေ ဘူးတွေမှာ အနီရောင်နဲ့ ပြပါတယ်။ ဆိုလိုတာက အဆိပ်ပြင်းထန်လို့ သတိထားပြီး သုံးဖို့ ဖြစ်ပါတယ်။
  • နောက် တစ်ခုကတော့ အဝါရောင်ဖြစ်ပါတယ်။ အနီရောင်လောက် မဆိုးပေမဲ့ အဆိပ်ဖြစ်မှု များနေပါသေးတဲ့ အုပ်စုပါ။ အုပ်စု (၃) ကို အဝါရောင်နဲ့ ဖော်ပြထားလို့ ဆေးဘူးမှာ အဝါရောင် ရုပ်ပုံလေးတွေပါတဲ့ စာတန်းကိုရှာကြည့်နိုင်ပါတယ်။ 
  • အဆိပ်ဖြစ်မှု အဆင့်အ (၄) နဲ့ (၅) ကိုတော့ အပြာရောင်နဲ့ ဖော်ပြပါတယ်။ အပြာရောင်မှာလည်း ဘေးကင်းတာတော့မဟုတ်ပါဘူး၊ သူတို့ လုပ်ထုံးလုပ်နည်းနဲ့ ကိုင်တွယ်သင့်တဲ့ နည်းလမ်းတွေကို အတိအကျလိုက်နာသင့်ပါတယ်။
  • နောက်ဆုံး အဆင့်ကတော့  GHS (-) ဖြစ်ပါတယ်။ သူ့ကိုတော့ အစိမ်းရောင်နဲ့ ပြပါတယ်။ အဆိပ်သင့်မှု အဆင့်အတန်းနည်းလို့ပါ။ ဘယ်လိုကြောင့် အဆိပ်သင့်မှုနည်းတာလဲဆိုရင် စိုက်ပျိုးရေးမှာဆိုရင် အပင်တွေအတွက် ထုတ်ထားတဲ့ ဟော်မုန်းဆေးလိုမျိုးတွေပါ။ ဓာတုဖြစ်ပေမဲ့လို့ ပတ်ဝန်းကျင်ကိုရော ကိုင်တွယ်တဲ့သူကိုရော ထိခိုက်မှု နည်းလို့ ဒီအဆင့်သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ 

ပုံလေးတွေကို လေ့လာကြည့်ရအောင်လားခင်ဗျာ

သူမှာကလည်း အဆင့်လိုက်အတိုင်း လုပ်ဆောင်ရမဲ့ သတိထားရမဲ့ အချက်လေးတွေကို တစ်ပုံချင်းစီဖော်ပြထားပါတယ်။ 

ထားသိုသိမ်းဆည်းတဲ့နေရာမှာဆိုရင် ကလေးများ လက်လှမ်းမမီသော နေရာတွင် ထား။

ဆေးရောစပ်တဲ့အခါမျိုးတွေမှာဆိုရင်လည်း

ပိုးသတ်ဆေးရည်ကိုရောစပ်တဲ့အခါမှာ သတိပြုဖို့ ပိုးသတ်ဆေးမှုန့်ကို ရောစပ်တဲ့အခါမှာ သတိပြုဖို့

အကြံပြုချက်တွေအနေနဲ့လည်း ဖိနပ်စီးပါ။ မျက်နှာဖုံး တပ်ပါ။ လက်အိပ်စွပ်ပါ။ နှာခေါင်းစည်း တပ်ဆင်ပါ။ သုံးစွဲပြီးတိုင်းမှာလည်း ရေနှင့်ဆပ်ပြာကို သုံးပြီး သေချာစွာ ဆေးကြောသန့်စင်ပါ။ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမပြုရ။ ရေနေသတ္တဝါများကို ထိခိုက်နိုင်သည်။ စတဲ့ အညွှန်းလေးတွေကို မြင်ရမှာဖြစ်ပါတယ်။ 

ဆိုတော့ ဒီရုပ်ပုံလေးတွေက အလှတော့လည်း ထည့်ထားတာ မဟုတ်ကြောင်းနဲ့ သေသေချာချာလေး သတိထားပြီး ကြည့်ဖို့ လိုကြောင်းကိုလည်း သိသွားပြီဆိုရင်ဖြင့် ကျေနပ် ပိတီဂွမ်းဆီထိရပါတယ် ခင်ဗျာ။ 

Reference

https://unece.org/about-ghs 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်