ဆိတ်သားဖောက်ခြင်းနှင့် စပ်စာပြုလုပ်နည်းများ အပိုင်း(၂)

09/01/2023 18:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဆိတ်ခြံတည်ဆောက်ခြင်း

ဆိတ်တဲကို ကုန်းမြင့်မြင့်ပေါ်တွင် တည်ဆောက်ရပါမည်။ ဒါ့အပြင် အညစ်အကြေးများ အလွယ် တကူစီးဆင်းသွားအောင်လည်း ပြုလုပ်ပေးရပါမည်။ ကုန်းမြင့်(သို့မဟုတ်) ကုန်းကမူ မရှိပါက မြေကိုခပ်မြင့်မြင့်ဖို့ပေးဖို့ လိုပါသည်။ မိုးများသောအရပ်ဒေသများတွင်တော့ ကြမ်းခင်းပြုလုပ်၍ မွေးမြူလေ့ရှိကြသည်။

ဆိတ်တဲဆောက်မည်ဆိုပါက အမြင့်ပေ ၁၀ ပေ ထားရှိရပါမည်။ ဘေးပတ်ပတ်လည်ကိုမူ လေဝင်လေထွက်ကောင်းစေရန် ဝါးထရံများ ကာသင့်ပါသည်။

ဆိတ်အကြီးတစ်ကောင်လျှင် အကျယ် ၈ စတုရန်းပေ၊ ဆိတ်ငယ်တစ်ကောင်အတွက်ဆိုလျှင် ၆ စတုရန်းပေအကျယ်နှုန်းဖြင့် ထားပေးရပါမည်။

စပ်စာပြုလုပ်နည်းများ

အထက်တွင်ဆိုခဲ့သလို ဆိတ်များကို မြက်နှင့်အပင်တို့၏ အသီးအရွက်များကို ဖြည့်စွက်စာအဖြစ်ကျွေးနိုင်သလို စပ်စာများကိုလည်း ပြုလုပ်၍ ကျွေးနိုင်ပါသည်။ ထို့ကြောင့် စပ်စာပြုလုပ်နည်း(၃)မျိုးကို ဖော်ပြပေးသွားပါမည်။

စပ်စာအမျိုးအစား(၁) ရောစပ်ရမည့်နှုန်းထား

 

စပ်စာအမျိုးအစား(၂) ရောစပ်ရမည့်နှုန်းထား

 

စပ်စာအမျိုးအစား(၃) ရောစပ်ရမည့်နှုန်းထား

အထက်ပါစပ်စာများကို ဆိတ်တစ်ကောင်လျှင် ၁၀ ကျပ်သားမှ ၃၅ ကျပ်သားအထိ ကျွေးနိုင်ပါသည်။ ဆိတ်သဘာဝအစာဖြစ်သော မြက်နှင့်အပင်တို့၏အသီးအရွက်များကို ဖြည့်စွက်စာအဖြစ် ကျွေးမွေးနိုင်သလို အစာစပ်၍စပ်စာအဖြစ် အထက်ပါအချိုးအစားအတိုင်းလည်း ပြုလုပ်ကျွေးမွေးနိုင်ပါသည်။

ဆိတ်ကိုအများအားဖြင့်တော့ အသားစားရန်နှင့် နို့အတွက်သာ မွေးမြူကြပါသည်။ ဆိတ်သားသည် စျေးကောင်းရသော အသားအမျိုးအစားတစ်မျိုးဖြစ်သောကြောင့် မွေးမြူသူများအနေဖြင့် တွက်ခြေကိုက်သော မွေးမြူရေးလုပ်ငန်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။

အပိုင်း(၁) ကို ဖတ်ရှုလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3GpKxU3

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်