သစ်စိမ်းမြေသြဇာ (၂)

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
 သစ်စိမ်း မြေဩဇာ အပင် များအား ၎င်းတို့ချည်း သီးသန့် (Pure stand) စိုက်ပျိုး ပါက နောက် တစ်ရာသီ တွင် စိုက်ပျိုး မည့် နှံစားသီးနှံများ (ပြောင်း၊ လူးဆတ်၊ နေကြာ) အတွက် မြေဆီဩဇာ ကို ကောင်းစေ ပါသည်။ ၎င်း နှံစား သီးနှံပင်များ ကြားတွင် လည်း သီးညှပ် (Intercrop) အဖြစ် နှင့် သစ်သီးပင်များ အောက်တွင်လည်း စိုက်ပျိုး နိုင်ပါသည်။

သစ်စိမ်း မြေဩဇာ ပင်များ စိုက်ပျိုးခြင်းကို မည်သည့် မြေမျိုးတွင် မဆို ပြုလုပ် နိုင်ပါသည်။ အထူးသဖြင့် မြေဆီဩဇာ ထက်သန်မှု နည်းသော မြေများနှင့် မိုးရေချိန် နည်း၍ အစိုဓာတ် မရှိသောကြောင့် ဓာတု မြေဩဇာ များကို ထိထိ ရောက်ရောက် အသုံး မပြုနိုင်သော နေရာ ဒေသ များတွင် ပို၍ သင့်တော် ပါသည်။ သဲဆန်သော မြေများနှင့် ရွံ့စေးဆန်သော မြေကျပ်များ (Heavy soils) တွင်လည်း ပဲမျိုးရင်းဝင် သစ်စိမ်း မြေဩဇာ ပင်များကို စိုက်ပျိုးရန် သင့်တော်ပါသည်။

သစ်စိမ်း မြေဩဇာ အဖြစ် အသုံး ပြုရခြင်း၏ ကောင်းကျိုးများ

  • အချို့ သစ်စိမ်း မြေဩဇာ ပင်များသည် တိရစ္ဆာန်စာ အဖြစ် အသုံးပြု နိုင်ရုံ သာမက မြေကြီး၏ အရည် အသွေး ကိုပါ တိုးတက် ကောင်းမွန် စေပါသည်။
  • တိရစ္ဆာန် အစာဖြစ် အသုံးပြုသော ပဲမျိုးရင်းဝင် တစ်မျိုး ဖြစ်သည့် လူပင်းပင် (Lupin) သည် နိုက်ထရိုဂျင်ဓာတ် သာမက ဖော့စ်ဖရပ်ဓာတ် ကိုပါ ပေးပါသည်။
  • အချို့ ပဲမျိုးရင်းဝင် အပင်များနှင့် ပိုက်ဆံလျှော်ပင် (Sunn hemp) တို့သည် ပေါင်းပင်များ ပေါ်မှ အုပ်မိုး ကြီးထွား လေ့ ရှိကြ သဖြင့် ပေါင်းပင် များ၏ ပေါက်ရောက် ကြီးထွား မှု ကို ဖိနှိပ် ထားပြီး ဖြစ်သည်။
  • မြေ အတွင်း သို့ အခြား သဘာဝ မြေဩဇာများ (ဥပမာ - မြေဆွေး၊ တိရစ္ဆာန် အညစ် အကြေး) များ လိုက်လံ ထည့်ပေး ရခြင်း နှင့် စာလျှင် လုပ်အား များစွာ သက်သာ ပါသည်။
  • သစ်စိမ်း မြေဩဇာ ပင်များ သည် စိုက်ပျိုး စရိတ် နည်း၍ လုပ်ကိုင ်ဆောင်ရွက် ရမှု လွယ်ကူ သည်။
  • သစ်စိမ်း မြေဩဇာ အစေ့ များကို အလွယ် တကူ ရရှိနိုင် သည်။

သစ်စိမ်း မြေဩဇာ အဖြစ် အသုံး ပြုရခြင်း ၏ ဆိုးပြစ်များ

  • သစ်စိမ်း မြေဩဇာ ပင်များ စိုက်ခြင်း ၏ အကျိုး ကျေးဇူး သည် ရေရှည် အကျိုး တွက်သာ ကောင်းပြီး ချက်ချင်း မရခြင်း ဖြစ်သည်။
  • သစ်စိမ်း မြေဩဇာ ပင်များကို စိုက်ပျိုးပြီး စိုက်ခင်းများ အတွင်း အလွယ် တကူ ထယ်မှောက်၍ မြေကြီး အတွင်း ရောက်ရှိအောင် ရောနှောခြင်း မပြုနိုင်ပေ။
  • သစ်စိမ်း မြေဩဇာ အဖြစ် စိုက်ပျိုးသော အချို့ ပဲမျိုးများ (ပဲကြီး၊ Velvet bean) သည် အဓိက သီးနှံ ပင်များ အဖြစ် စိုက်ပျိုး ထားသော အပင် များနှင့် အာဟာရဓာတ်၊ နေရောင်ခြည်၊ အစိုဓာတ် တို့ကို လုယူ စားသုံး ကြသော ကြောင့် အဓိက သီးနှံ ပင်များ ကို အနှောင့် အယှက် မဖြစ် စေသော သစ်စိမ်း မြေဩဇာပင် များအား ဂရုတစိုက် ရွေးချယ်ရန် အရေးကြီး ပါသည်။
  • အချို့ သစ်စိမ်း မြေဩဇာ ပင်များသည် အဓိက စိုက်ထားသော သီးနှံ ပင်များ ကိုပါ ဖျက်ဆီး တတ်သည့် ပိုးမွှား ရောဂါ တို့ကို ဖိတ်ခေါ် တတ်သည်။
  • အချို့ သစ်စိမ်း မြေဩဇာ ပင်များ သည် အဓိက စိုက်ထားသော သီးနှံ စိုက်ခင်းများ အတွင်း အစေ့များ တည်ကျ ကျန်ခဲ့ပြီး နောက် စိုက်ပျိုး ရာသီတွင် ပေါင်းပင်များ အဖြစ် ကြီးထွား လာတတ် သည်။
  • သစ်စိမ်း မြေဩဇာ အဖြစ် အသုံး ပြုမည့် အပင် များသည် ခြောက်သွေ့ ပူပြင်းသော ဒေသ များတွင် အောင်မြင်စွာ မဖြစ်ထွန်း နိုင်ပေ။
  • ယခင်က ပဲမျိုးရင်းဝင် သစ်စိမ်း မြေဩဇာ ပင်များအား မစိုက်ခဲ့ ဖူးလျှင် မြေကြီး အတွင်း၌ ၎င်းတို့ လိုအပ်သော နိုက်ထရိုဂျင် ဖမ်းယူမည့် ဘက်တီးရီးယားပိုးများ မရှိနိုင်ပေ။
 

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်