ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အားလုံးနီးပါးလည်း ဈေးတက်

12/03/2022 15:00 PM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်းငွေလဲနှုန်း မြင့်တက်လာမှုတွေ၊ ကမ္ဘာ့ဈေးကွက်အခြေအနေတွေကြောင့် ဆန်၊ စပါး ဈေးတွေနည်းတူ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အားလုံးနီးပါးလည်း  ဈေးတွေတက်နေတာပါ။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်းဈေးတက်လာပါတယ်။ ပဲမျိုးစုံဈေးတက်တာနဲ့အတူ တင်ပို့ မှုလည်း ရှိတဲ့အတွက်ဈေးတက်လာပေမယ့် တရုတ်လမ်းပိုင်းက ကိုဗစ်ကြောင့် ပိတ်ဆို့မှုတွေ ရှိလို့ တစ်ပတ်အတွင်းမှာဆိုရင် ဈေးအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ 

မတ်ပဲ

မတ်ပဲကတော့ ၂ ပတ်ဆက်တိုက်မြင့်တက်နေခဲ့ပါတယ်။စက်သုံးဆီဈေးမြင့်တက်လာမှုနဲ့ သယ်ယူပို့ ဆောင်စရိတ်မြင့်မားမှု၊တွေကြောင့် အခုလိုဈေးတက်နေတာဖြစ်ပြီးတော့ ပြည်တွင်းငွေလဲလှယ်နှုန်းဈေး မြင့်တက်နေတာ ငွေကြေးရရှိမှု ခက်ခဲနေတာ၊ကမ္ဘာ့နိုင်ငံတွေမှာ ပဲမျိုးစုံဈေးတက်နေတာတွေက  ပဲဈေးကို ဆက်တိုက်မြင့်တက်စေနေတာပါ။

အိန္ဒိယနိုင်ငံမှာလည်း မြန်မာ့မတ်ပဲတွေကို ပဲခွဲစက်တွေက ဝယ်ယူမှုများနေလို့ ပြည်တွင်းပဲတွေလည်း ဈေးတက်နေတာဖြစ်ပြီးတော့ ယခုလကုန်ထိ တင်သွင်းခွင့်ပေးထားတဲ့အတွက်ကြောင့် တင်ပို့မှုကလည်း ရှိနေတာဖြစ်ပါတယ်။တင်ပို့မှု ကာလ သတ်တမ်းကလက်ရှိအချိန်ထိမတိုးသေးတဲ့အတွက် ဝယ်ယူမှုကို ပြန်ထိန်းမှုကြောင့်ဈေးက ပြန်အေးသွားနိုင်ခြေရှိတယ်လို့ကုန်သည်တွေက သုံးသပ်ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်းဆက်တိုက်ဈေးမြင့်တက်နေပါတယ်။အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ ထွက်ရှိမှုနှုန်းလျော့နည်းမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ပဲခွဲစက်တွေက ဝယ်ယူမှုရှိနေလို့ဈေးတက်နေခဲ့တာဖြစ်တယ်လို့ အိန္ဒိယသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းမှာတော့ ငွေလဲနှုန်း မြင့်တက်နေမှုလည်း ရှိနေပြီး မတ်လအကုန်ထိ တင်သွင်းခွင့်ရရှိထားလို့ အဝယ်သွက်နေပါတယ်။

တင်ပို့မှုတွေပြီးတဲ့အချိန်မှာတော့ ဈေးက ပြန်လည်တည်ငြိမ်မယ်လို့ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ အသစ်တွေဈေးကွက်ထဲကို ဝင်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ ဈေးတက်ပေမယ့် တစ်ပတ်အတွင်းမှာတော့ ဈေးက ပြန်ကျဆင်းသွားပါတယ်။ ပြည်ပတင်ပို့မှု ရှိနေလို့အသစ်တွေ ဝင်နေပေမယ့် ဈေးမြင့်တဲ့အနေအထားရှိနေပါတယ်။ လလယ်လောက်မှာ လှိုင်လှိုင် ဝင်လာတော့မှာဖြစ်လို့ ဈေးက ဆက်ပြီးကျဆင်းနိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ဈေးကွက်ထဲကို နေ့စဉ် တန်ချိန် တစ်သိန်းနီးပါးပြန်လည်ဝင်ရောက်နေပြီဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တရုတ်အဝင်နည်းသွားတဲ့အတွက်ဈေးတက်လာပေမယ့် ရှမ်းကြက်သွန်ဖြူတွေကတော့အသစ်တွေ ဆက်တိုက်ဈေးကွက်ထဲ ဝင်နေလို့ ဈေးက ပြန်ကျဆင်းသွားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်