အစားအစာတွင် အန္တရာယ်ဖြစ်စေသော အရာများနှင့် ကာကွယ်ရေးနည်းလမ်းများ (အဏုဇီ၀ဆိုင်ရာအန္တရာယ်)

24/07/2023 17:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိတ်မချရသောအစားအစာများသည် ယင်းတို့တွင်ပါဝင်နေသည့် အဏုဇီဝပိုးမွှားများနှင့် ထွက်ရှိသော  ဓါတုအဆိပ်အတောက် များက လူများကို ရောဂါများနှင့် နာမကျန်းမှုများဖြစ်စေပါသည်။ သို့ဖြစ်၍ အစားအစာများတွင် စားသုံးသူကို ‌ဘေးဥပါဒ်ဖြစ်စေနိုင်သည့် အန္တရာယ်ရှိသောအရာများ ရောနှောပါဝင်နေနိုင်သည်ကို ခွဲခြားသိရှိနိုင်ရန် အလွန်အရေးကြီးသည် သာမက၊ ယင်းတို့ကို စံနစ်ကျသည့်ကာကွယ်ရေးနည်းလမ်းတို့ဖြင့် ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ပါသည်။

အစားအစာဆိုင်ရာ ဘေးအန္တရာယ်အုပ်စု (၄)ခုမှာ-

၁။အဏုဇီ၀ဆိုင်ရာ ‌ အန္တရာယ် (Biological hazard)

၂။ ဓာတု အန္တရာယ် (Chemical hazard)

၃။ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် (Physical hazard)

 

၄။ ဓာတ်မတည့်မှု အန္တရာယ် (Allergen)

အဏုဇီ၀ဆိုင်ရာ ‌ အန္တရာယ် (Biological hazard)

၁။ အဏုဇီ၀ဆိုင်ရာ အန္တရာယ်ဖြစ်စေသည့် အကြောင်းရင်းများ၊ ဇစ်မြစ်များ

အဏုဇီ၀ဆိုင်ရာ အန္တရာယ်များသည် လူ့ကျန်းမာရေးကို ထိခိုက်မှုအကြီးမားဆုံးသော အန္တရာယ်များ ဖြစ်ပါသည်။  အန္တရာယ်ရှိသော သို့မဟုတ် ရောဂါပိုးဖြစ်စေသော ဇီ၀သက်ရှိများ  အစားအစာသို့ ဝင်ရောက်သောအခါတွင် ဇီဝဆိုင်ရာအန္တရာယ်များ ဖြစ်ပေါ်လာပြီး စားသုံးသူများအတွက် အစားအစာဘေးကင်းရေးဆိုင်ရာ အန္တရာယ်ရှိလာပါသည်။ ဇီဝဆိုင်ရာအန္တရာယ်များသည် ပတ်ဝန်းကျင် (ဥပမာ- မြေဆီလွှာဘက်တီးရီးယားများ၊ စိုက်ပျိုးရေးထွက်ကုန်များ) သို့မဟုတ် သယ်ယူပို့ဆောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် သိုလှောင်စဥ်အတွင်း ညစ်ညမ်းမှုများမှကူးစက်ခြင်း (တနည်း - အစားအသောက် သန့်ရှင်းမှုဆိုင်ရာ အလေ့အကျင့်များ ညံ့ဖျင်းခြင်း) တို့မှ ဖြစ်ပေါ်နိုင်သည်။

အဏုဇီ၀ပိုးမွှားများမှာ-

၁) အစားအစာ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ပိုးမွှားများ (ဥပမာ - ဘီယာဖောက်ရာတွင် သုံးသည့် တဆေး ခေါ် yeast)

၂)အစားအစာပုပ်သိုးခြင်းကိုဖြစ်စေသောပိုးမွှားများ(ဥပမာ-နွားနို့များကို အချဉ်ဖောက်ရာတွင် သုံးသော Streptococcus spp.)

၃)စားသုံးသူကို ရောဂါအပြင်းအထန်ဖြစ်စေနိုင်သော အန္တရာယ်ရှိရောဂါပိုးများ (ဥပမာ- ဥများတွင် အများဆုံးတွေ့နိုင်သော Salmonella)  

ဇီ၀ဆိုင်ရာအန္တရာယ်ရှိပိုးမွှားများနှင့် တွေ့ရများသော အစားအစာ ထုတ်ကုန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ဘက်တီးရီးယား

o    ဆာမိုနဲလား (Salmonella) - ကြက်ဥ ၊ မသန့်ရှင်းသောရေ ၊ မကျက်တကျက်အသားများ

o  စတပ်အောရီးရပ်စ်(Staphylococcus aureus)- အသားများ၊ မသန့်ရှင်းသော အစားအစာကိုင်တွယ်မှုအလေ့အထများ၊ ပူတင်း၊ ခရင်မ်ပါသောမုန့်များ

o    အီးကိုလိုင် (E. coli) - မသန့်သောရေ၊ အစားအစာ ကိုစံနစ်မကျကိုင်တွယ်သူများ၊ မသန့်ရှင်းသော မြေကြီးမှ ထွက်ကုန်များ၊ နွားနို့

o    လစ်စရီးယား(Listeria) - နို့နှင့် နို့ထွက်ကုန်များ၊ အသီးများ၊ မကျက်တကျက်ကင်ထားသော အသားနှင့် ငါးများ

o    ကလော့စရီးရီးရမ်းဘော်ကျူလီနမ် (Clostridium botulinum)- စည်သွတ်ဘူး၊ လက်လုပ်ချဥ်ဖတ်များ

(ခ) ဗိုင်းရပ်စ်

o    အသည်းရောင်အသားဝါ အေနှင့် အီး ရောဂါရှိသူ၏ မစင်၊ တံတွေး တို့မှတစ်ဆင့် ရောဂါဖြစ်စေနိုင်သော ပိုးမွှားပါသော ရေနှင့် အစားအစာများ

(ဂ) ကပ်ပါးကောင်များ

o    တေးနီးယားဆိုလီယမ်(Taenia solium) - ကောင်းစွာ မချက်ပြုတ်သော ၀က်သား

o    တေးနီးယားဆာဂျင်နေတာ (Taenia saginata) - ကောင်းစွာ မချက်ပြုတ်သော အမဲသား

(ဃ) မှိုများ

o    အယ်ဖလာတောက်ဇင် (Aflatoxin)- စိုစွတ်သော အခြေအနေများ၊ မသန့်ရှင်းသော ပတ်၀န်းကျင်

၂။ အဏုဇီ၀ အန္တရာယ် ကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများ

o    အန္တရာယ်ပေးနိုင်သော အဏုဇီ၀ ပိုးမွှားများ၊ အရင်းအမြစ်များကို စာရင်းပြုစု မှတ်တမ်းတင်ထားခြင်း

o    ကောင်းမွန်သော ထုတ်လုပ်မှုလုပ်ငန်းစဉ်များကိုလိုက်နာခြင်း (တစ်ကိုယ်ရေးသန့်ရှင်းရေး၊ ပတ်၀န်းကျင် သန့်ရှင်းရေး၊ အသုံးအဆောင်များ သန့်ရှင်းရေး)

o    မှန်ကန်သော ထုတ်လုပ်မှုအဆင့်များကို လိုက်နာခြင်း (သတ်မှတ်ထားသော အပူချိန်တွင် သတ်မှတ်ထားသော ကြာချိန်အတိုင်း ချက်ပြုတ်ခြင်း၊ အဆင့်တိုင်းကို စနစ်တကျ မှန်ကန်စွာ လိုက်နာခြင်း)

o    စနစ်တကျ ခွဲခြားသတ်မှတ်ခြင်း (ကုန်ကြမ်းနှင့် ကုန်ချောများ ခွဲခြားထားခြင်း၊ အသုံးပြုသည့် အသုံးအဆောင်များ ခွဲခြားထားခြင်း၊ ထုတ်လုပ်မှုဇုံများ ခွဲခြားထားခြင်း)

o    ပြင်ပမှ လေနဲ့အတူ ၀င်ရောက်နိုင်သော ပိုးမွှားများ၊ အညစ်အကြေးများကို စနစ်တကျ ထိန်းချုပ်ခြင်း

o    ကြိုတင်ပြင်ဆင်ခြင်း (လိုအပ်ပါက ထုတ်ကုန်ကို ပြန်လည်သိမ်းယူခြင်း (product recall) -  အတွက်မှန်ကန်သော စနစ်ကျသော လုပ်ငန်းစဉ်တစ်ခု ပြင်ဆင်ထားရှိခြင်း)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်