အစားအစာတွင် အန္တရာယ်ဖြစ်စေသော အရာများနှင့် ကာကွယ်ရေးနည်းလမ်းများ (ဓာတု အန္တရာယ် )

31/07/2023 16:22 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဓာတု အန္တရာယ် (Chemical hazard)

ဓာတုအန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းရင်းများ၊ ဇာတ်မြစ်များ

အစားအစာများတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများသည် လက်ခံနိုင်သည့်ပမာဏထက် ပိုမိုပါဝင်နေသော အခါတွင် ဓာတုအန္တရာယ်များကို ဖြစ်ပေါ်စေပါသည်။ ဓာတု အန္တရာယ်များမှာ-

(က) ပတ်၀န်းကျင်တွင် သဘာ၀အတိုင်း တွေ့ရသော အန္တရာယ်များ

o    အစားအစာများတွင် ပါ၀င်နေသည့် မှိုများ (ဥပမာ- အယ်ဖလာတောက်ဆင်၊ မိုက်ကိုတောက်ဆင်)

(ခ) လူလုပ် ဓာတုအန္တရာယ်များ

o    စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး အကြွင်းအကျန်များ

o    စက်ရုံသုံးဓာတုပစ္စည်းများ

o    သန့်ရှင်းရေးသုံးဆပ်ပြာများ

o    ပုံနှိပ်မှင်များ၊ ချောဆီများ

o    ပတ်၀န်းကျင်ရှိ ရေ၊ လေ ညစ်ညမ်းမှုမှတစ်ဆင့်ပါလာသော အန္တရာယ်ဖြစ်စေနိုင်သောအရာများ (ဥပမာ- ခဲ, ပြဒါး)

(ဂ) ရည်ရွယ်ချက်ရှိရှိ အသုံးပြုသည့် လူလုပ်ဓာတုဆိုင်ရာ အန္တရာယ်များ

o    အစားအစာများတွင် အသုံးပြုရန် ခွင့်မပြုထားသည့် ဆိုးဆေးများ (ဥပမာ- ဆူဒမ် ၃၊ အော်ရမင်း-အို)

o    အစားအစာများတွင် အသုံးပြုရန် ခွင့်မပြုထားသည့် တာရှည်ခံဆေးများ (ဥပမာ - ဖော်မလင်၊ လက်ချား)

o    သတ်မှတ်ပမာဏထက် ပိုလွန်၍အသုံးပြုမှုများ (ဥပမာ- ဆော့စ်များတွင် ဆိုဒီယမ်ဘန်ဇိုရိတ်စ် ကိုသတ်မှတ်ပမာဏ ၀.၁ % ထက် ပို၍ အသုံးပြုခြင်း)

ဓာတု အန္တရာယ်များကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများ

o    စိုက်ပျိုးထုတ်လုပ်သူများကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာစေခြင်း

o    လက်ခံနိုင်သော၊ ယုံကြည်ရသော ရောင်းချသူ supplier ကို ရွေးချယ်၀ယ်ယူခြင်း

o    ကုန်ကြမ်းများကို စနစ်တကျ စီစစ် လက်ခံခြင်း

o    ကုန်ကြမ်းများ၊ ကုန်ချောများကို စနစ်တကျ ခွဲခြားသိမ်းဆည်းခြင်း

o    မှိုပေါက်ဖွားမှုကို ဖြစ်စေနိုင်သော ပတ်၀န်းကျင် အနေအထားများကို သိရှိထားခြင်း

o    အစားအစာတွင် အသုံးပြုရန်သတ်မှတ်ထားသည့် ဓာတုပစ္စည်းများကိုသာ သုံးခြင်း

o    အစားအစာတွင် ခွင့်ပြုထားသော သတ်မှတ်ပမာဏများကို သိရှိလိုက်နာခြင်း

o    ဓာတု ပစ္စည်းများကို စနစ်တကျ ခွဲခြားထားခြင်း

o    မှတ်တမ်းတင်ခြင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်