အစားအစာတွင် အန္တရာယ်ဖြစ်စေသော အရာများနှင့် ကာကွယ်ရေးနည်းလမ်းများ (ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်)

11/08/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

 

ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် (Physical hazard)

၁။ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေသည့် အကြောင်းရင်းများ၊ ဇစ်မြစ်များ

ရုပ်ပိုင်းဆိုင်ရာအန္တရာယ်ဆိုသည်မှာ အစာအစာ လက်ခံရရှိချိန်၊ ပြင်ဆင်နေချိန်၊ ထုတ်ပိုးနေချိန်တွင် ပြင်ပမှ မတော်တဆ သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိ ထည့်ခြင်းဖြင့်လည်းကောင်း ပါလာနိုင်သည့်၊  လူကိုအန္တရာယ်ဖြစ်စေနိုင်သော အရာများကို ဆိုလို ပါသည်။ ဥပမာ- အရိုးလွတ်အသားဟု ပြောသော်လည်း အသားထဲတွင် အရိုးပါခြင်းသည် မတော်တဆဖြစ်နိုင်သော ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တစ်ခု ဖြစ်ပါသည်။ သို့သော် အသားထဲတွင် ဖန်ကွဲစ၊ အပ်ချိတ်၊ မူလီ ပါလာခြင်းသည် ရည်ရွယ်ချက်ရှိရှိ ထည့်ခြင်းကြောင့် ဖြစ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာအန္တရာယ်ဖြစ်နိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာအန္တရာယ် ဖြစ်စေနိုင်သော အဓိကအရာများနှင့် အရင်းအမြစ်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

o    ဖန်ကွဲစ၊ မှန်ကွဲစများ - မီးချောင်းများ ကွဲခြင်း၊ မျက်နှာကျက်များ ကွာကျခြင်း၊ ဖန်ထည်များကွဲခြင်း

o    မူလီ၊ သတ္တုအပိုင်းအစများ၊ ဇာဂနာ - စက်များမှ ပြုတ်ကျခြင်း၊ ပဲ့ကျခြင်း၊ သန့်ရှင်းရေးလုပ်နေစဉ် ကျန်ခဲ့ခြင်း

o    ဆံပင်၊ မျက်တောင်တု၊ သနပ်ခါး၊ လက်စွပ်များ - သန့်ရှင်းမှု အားနည်းခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းလမ်းများကို စနစ်တကျ မလိုက်နာခြင်း

o    ဖုန်၊ အမှိုက်သရိုက်များ၊ အ၀တ်စများ - သန့်ရှင်းမှု အားနည်းခြင်း

o    သစ်သားစများ၊ ခဲ၊ သဲ - ကုန်ကြမ်းများ၊ သစ်သားခုံများမှ

o    ပလတ်စတစ်အပိုင်းအစများ - အစားအစားထုတ်ပိုးသည့် အိတ်များ၊ ဗူးများ

၂။ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်များကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများ

o    မျက်စိဖြင့် အရင်ဆုံး စစ်ဆေးခြင်း (ပလတ်စတစ်၊ အ၀တ်စများ ဖယ်ခြင်း)

o    စနစ်တကျ စစ်ဆေးမှတ်တမ်းတင်ခြင်း (သာမိုမီတာ အရေအတွက်စစ်ဆေးခြင်း၊ မီးချောင်းများ ကောင်း၊ မကောင်း စစ်ဆေး မှတ်တမ်းတင်ခြင်း၊ စက်များကို စစ်ဆေးခြင်း)

o    တကိုယ်ရေသန့်ရှင်းရေးနည်းလမ်းများကို စနစ်တကျလိုက်နာခြင်း (ဦးထုတ်ဆောင်းခြင်၊ အကာအကွယ်၀တ်စုံ စနစ်တကျ ၀တ်ဆင်ခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း)

o    ပတ်၀န်းကျင်ကို သန့်ရှင်းရေးကောင်းစွာ လုပ်ခြင်း (ဖုန်များ၊ အမှိုက်သရိုက်များ မရှိစေခြင်း)

o    ဖုံးအုပ်ထားခြင်း (မီးချောင်းများ)

o    ဇကာများသုံးခြင်း (ဂဲများ, အစအနများ စစ်ထုတ်ခြင်း)

o    သံလိုက်ကဲ့သို့သော အရာများ သုံး၍စစ်ဆေးခြင်း (Metal detector, X ray)

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်