ကျန်းမာသောဆိတ်နှင့် မကျန်းမာသောဆိတ်တို့၏ သဏ္ဌာန်လက္ခဏာများ

19/08/2022 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျန်းမာသောဆိတ်နှင့် မကျန်းမာသောဆိတ်များကို ခွဲခြားနိုင်မှသာ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီပေးနိုင်ခြင်း၊ ရောဂါမကူးစက်နိုင်စေရန် ခွဲထားခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ကျန်းမာသောဆိတ်၏ သဏ္ဌာန်လက္ခဏာများ

  • အစာကောင်းမွန်စွာစားသုံးခြင်း၊ စားမြုံ့ပြန်နေခြင်း
  • တောက်ပသောအမွေးနှင့် နူးညံ့ပြီး ဆွဲဆန့်နိုင်သော အရေပြားရှိခြင်း
  • တောက်ပသောမျက်လုံးနှင့် ပန်းရောက်မျက်ခွံရှိခြင်း
  • ပျော်မြူးနေခြင်း၊ ဖျတ်လတ်နေခြင်း
  • နို့စားဆိတ်မျိုးတွင် နို့ထွက်နှုန်းမှန်ခြင်း
  • ဆိတ်ချေးပုံမှန်ယိုချခြင်း
  • ခြေ၊ လက်များ ခိုင်မာစွာရပ်နေခြင်း

မကျန်းမာသောဆိတ်၏ သဏ္ဌာန်လက္ခဏာများ

  • အုပ်စုမှခွဲပြီး မှိုင်၍ ရပ်နေတတ်ခြင်း
  • အစာကောင်းစွာမစားခြင်း
  • စားမြုံ့ပြန်မှု ပုံမမှန်ခြင်း
  • အသားအရေ ခန်းခြောက်နေခြင်း (မစိုပြေခြင်း)
  • သာမန်ကိုယ်အပူချိန်၏အထက် (သို့မဟုတ်) အောက်တွင်ရှိနေခြင်း
  • မျက်လုံးနှင့်ပါးစပ်ဝန်းကျင်တွင် အရောင်ပြောင်းခြင်း
  • ဝမ်းလျှောခြင်း
  • နှာခေါင်းနှင့်ပါးစပ်တွင် အရိအရွဲများရှိခြင်း
  • မျက်လုံးများနီရဲခြင်း
  • ခြေမသန်ခြင်း
  • သွားလာလှုပ်ရှားမှုမမှန်ခြင်း
  • အမွေးကျွတ်ခြင်း (သို့မဟုတ်) အမွေးကြမ်းခြင်း
  • ပိန်ချုံးခြင်း
  • နို့စားဆိတ်များဆိုပါက နို့ထွက်ကျဆင်းခြင်း

ဆိတ်များကို ကျန်းမာရေးစောင့်ရှောက်ခြင်း

  • ကျန်းမာသောဆိတ်များ မွေးမြူခြင်းဖြင့်သာ ထုတ်လုပ်မှုကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းနိုင်ပါမည်။
  • ရောဂါဖြစ်ပွားမှုမှကာကွယ်ရန် အစာအာဟာရ ကောင်းမွန်စွာကျွေးမွေးပေးခြင်း၊ 
  • သန့်ရှင်းသောရေ လုံလောက်စွာတိုက်ခြင်း၊ ခြံ၊ တဲ သန့်ရှင်းမှုကို နေ့စဉ် သန့်ရှင်းပေးခြင်း၊ 
  • မြေစိုက်ခြံဖြစ်ပါက ဆိတ်ငယ်ကလေးများအတွက် အခင်းပုံမှန်လဲပေးခြင်း၊ 
  • အစာကျန်များ ဖယ်ရှားခြင်း၊ နို့ညှစ်မှုတွင် နို့ညှစ်သူတစ်ကိုယ်ရည် သန့်ရှင်းခြင်း၊ 
  • သန့်ရှင်းသော နို့ပုံးနှင့် ကိရိယာများ အသုံးပြုခြင်း၊
  • နာမကျန်းဆိတ်အား သီးခြားခွဲခြားထားခြင်း
  • နာမကျန်းတိရစ္ဆာန်ထားသည့်နေရာအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ရပါမည်။ 

အသစ်ဝယ်ယူထားသောဆိတ်များကို မူလမွေးမြူထားသောဆိတ်အုပ်တွင် မရောဘဲ အနည်းဆုံး ရက် (၃၀) သီးခြားခွဲထားခြင်း (Quarantine) ဖြင့် လက္ခဏာမပေါ်သေးသည့် ကူးစက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

( Food Security Working Group မှ ထုတ်ပြီး မွေးမြူရေးပညာရှင် ဒေါက်တာခင်မောင်ဝင်း ရေးသားထားသည့် ‘ ကျေးလက်ဒေသ ဆိတ်မွေးမြူရေး’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

(ဆိတ်မွေးမြူရေးနှင့်ပတ်သက်၍ အသေးစိတ် ပြည့်ပြည့်စုံစုံပါဝင်သော ‘ ကျေးလက်ဒေသ ဆိတ်မွေးမြူရေး’ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့  ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်