သတိထားစားသင့်တဲ့ မာကျူရီပါဝင်မှုမြင့် ငါးအမျိုးအစားများ

20/12/2022 18:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးစားမယ်ဆိုရင် မှတ်ဉာဏ်ကောင်းစေမယ်၊ အသားအရေကို နုပျိုစေနိုင်တယ်၊ အသက်အရွယ်ကြီးရင့်ခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုပြီး လူသိများကြပါတယ်။ ဒါပေမဲ့ ငါးအမျိုးအစားတွေကို သေချာမသိဘဲ မစားသင့်တာတွေ မှားယွင်းစားသုံးမိမယ်ဆိုရင်တော့ သွေးတွင်းမှာ မာကျူရီ(Mercury)ပမာဏတွေ မြင့်တက်လာနိုင်ပါတယ်။

ဒီလို မာကျူရီမြင့်တက်လာတာဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေမှာ ပြဿနာရှိနိုင်ပါတယ်။ အကြောင်းရင်းကတော့ သန္ဓေသားနဲ့ မွေးကင်းစကလေးတွေဟာ မာကျူရီနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိမခံနိုင် ဖြစ်တတ်ကြလို့ပါ။ 

ဆိုတော့ ဘယ်လိုငါးမျိုးတွေက မာကျူရီပါဝင်မှုမြင့်မားသလဲဆိုတာ သတိချပ်ကြစေဖို့ ဖော်ပြပေး လိုက်ပါတယ်။

မာကျူရီအနည်းနှင့် အများပါဝင်သော ငါးအမျိုးအစားများနှင့် အခွံမာရေသတ္တဝါများ

ငါးပါးနီ၊ ငါးခူ၊ ငါးသလောက်၊ ဆယ်လ်မွန်ငါး၊ ငါးပြေမ၊ ငါးခွေးလျှာ၊ မက်ကရယ်ငါး၊ ထရောက်ငါး၊ဂုံးကောင်၊ ကမာကောင်၊ ကဏန်း၊ ရေချိုပုစွန်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ငါးသေတ္တာငါး အစရှိတာတွေက မာကျူရီပမာဏ အနည်းငယ်သာ ပါဝင်တဲ့ ငါးအမျိုးအစားများဖြစ်ကြပါတယ်။

ကကတစ်ငါး၊ ငါးကြင်း၊ ငါးသိုင်း၊ တူနာငါး၊ ရေချိုငါးပြေမ၊ ငါးလိပ်စွန်၊ ကျောက်ပုစွန်ထုပ် စတာတွေကတော့ မာကျူရီပမာဏ အလယ်အလတ်သာ ပါဝင်ပါတယ်။

တူနာငါးအမျိုးအစားခွဲတစ်ခုဖြစ်တဲ့ Bluefish စည်သွပ်တူနာ၊ ပင်လယ်ကကတစ်ငါး၊ ပင်လယ်ထွက် မက်ကရယ်ငါး(Mackerel)၊ ပင်လယ်ငါးပြေမတွေကတော့ တစ်လမှာ ၃ ကြိမ်ထက် ပိုမစားသင့်တဲ့ မာကျူရီပါဝင်မှုပမာဏ အလွန်မြင့်တဲ့ငါးတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေ အနေနဲ့တော့ ဒီလိုမာကျူရီပါဝင်မှုပမာဏ အလွန်မြင့်တဲ့ငါးတွေဆိုရင် လုံးဝရှောင်ရှားနိုင်လေကောင်းလေ ဖြစ်ပါတယ်။

ဓားရှည်နှုတ်သီးငါး၊ ငါးမန်း၊ မက်ကရယ်ငါးဘုရင်တွေကလည်း အန္တရာယ်ရှိနိုင်လို့ FDA ကနေ တားမြစ်ထားတဲ့ ငါးအမျိုး အစားတွေပဲဖြစ်ပါတယ်။

ငါးများတွင် ပါဝင်သော မာကျူရီအန္တရာယ်

ငါးတွေအကုန်လုံးမှာ မာကျူရီပါဝင်ကြပါတယ်။ ဒါကြောင့် မာကျူရီပမာဏ အများကြီးပါဝင်တဲ့ငါးကိုပဲ မစားသုံးမိဖို့ အရေးကြီးတာပါ။ 

မာကျူရီအမျိုးအစား(၃)မျိုး ရှိပါတယ်။

  • (၁) Organic ဆိုပြီး ဇီဝအခြေခံတဲ့ အမျိုးအစား၊
  • (၂) Inorganic အဇီဝ၊
  • (၃) Metallic သတ္တုအမျိုးအစားဆိုပြီး ဖြစ်ပါတယ်။

မီသိုင်းမာကျူရီ(Methylmercury) ကတော့ လူတွေကို အဆိပ်သင့်စေနိုင်တဲ့ ဇီဝအခြေခံ Organic အမျိုးအစားဖြစ်ပါတယ်။ ပုံမှန်အခန်းအပူချိန်မှာဆိုရင် အခဲကနေ အရည်အဖြစ် ပြောင်းလဲရှိနေတတ်ပြီး ငါးကို တစ်ဆင့်စားသုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းစုပုံလာတတ်ပါတယ်။

ဒါကြောင့် ဆိပ်ကမ်းမှာ သတ္တုတူးဖော်ရေးလုပ်နေတဲ့သူတွေ၊ သန္တာကျောက်တန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်သူတွေဟာလည်း မီသိုင်းမာကျူရီအဆိပ်သင့်နိုင်တာနဲ့ပတ်သက်ပြီး ကြိုတင်စဉ်းစားထားဖို့ သတိထားပြင်ဆင်ဖို့ လိုအပ်ပါတယ်။

မီးသိုင်းမာကျူရီဟာ အဓိကအာရုံကြောလုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပြီး ဦးနှောက်နဲ့ကျောရိုးနာ့ဗ်ကြောလုပ်ဆောင်မှုတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ မမြင်ရတဲ့အဆိပ်သင့်မှုမျိုးကနေ မွေးဖွားလာမဲ့ ကိုယ်ဝန်ဆောင်ကလေးရဲ့ ဦးနှောက်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဘယ်လို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်လဲဆိုတာကတော့ မာကျူရီပမာဏ အနည်းအများပေါ်မူတည်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

မီသိုင်းမာကျူရီအဆိပ်သင့်မှုကြောင့် မမွေးဖွားခင်ကတည်းက ဦးနှောက်ချို့ယွင်းမှုရောဂါ၊ ဦးနှောက်ချို့ယွင်းရာကတစ်ဆင့် ဖြစ်ပေါ်လာနိုင်တဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းရောဂါ၊ မွေးရာပါမျက်မမြင်ရောဂါ၊ နားမကြားရောဂါ၊ ကျောက်ကပ်ချို့ယွင်းမှုနဲ့ ခေါင်းသေးကိုယ်ကြီးရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။

မာကျူရီပမာဏဟာ ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်းစုပုံလာတာနဲ့တစ်ပြိုင်နက် အရွယ်ရောက်ပြီးသားလူတွေမှာလည်း ကျောက်ကပ်နဲ့ဦးနှောက်ပျက်စီးမှုကို ဦးတည်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ မာကျူရီတွေကို သဘာဝဖြစ်စဉ်အရ ဖယ်ရှားနိုင်ပေမဲ့ ခန္ဓာကိုယ်တွင်းက ပျောက်ကွယ်သွားဖို့အတွက်ဆိုရင်တော့ လနဲ့ချီကြာတတ်ပါတယ်။ ဒါကြောင့် မာကျူရီပါဝင်နေတဲ့ ငါးစားသုံးမှုတွေကို သတိထားပြီး ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်။

အမေရိကန်နိုင်ငံ ဆေးဝါးနှင့်အစာစီမံခန့်ခွဲမှုအဖွဲ့အစည်းကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အသက် ၆ နှစ်အောက် ကလေးတွေဟာ ငါးကြော်၊ ငါးဟင်း၊ ငါးကင် စတာတွေကို တစ်ပတ်မှာ ၃ ကြိမ်ထက် ပိုမစားသင့်ဘူးလို့ အကြံပြုထားပါတယ်။

မာကျူရီပမာဏနည်းနည်းပဲပါဝင်တဲ့ငါးတွေက ဘေးအကင်းဆုံးလို့လည်း ဆိုပါတယ်။

ငါးများမှာပါဝင်တဲ့ မာကျူရီပမာဏ

ပထမဦးစွာ ငါးတွေမှာရှိနေတဲ့ မီသိုင်းမာကျူရီတွေဟာ ငါးတွေထဲ ဘယ်လိုဝင်ရောက်လာရသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မာကျူရီပမာဏအနည်းငယ်က အနီးအနားပတ်ဝန်းကျင်လေထုထဲမှာ ရှိနေတတ်ပါတယ်။ မီးတောင်ပေါက်ကွဲတာမှအစ မီးလောင်တာတွေအပြင် လူတွေလုပ်လိုက်တဲ့ ကျောက်မီးသွေးမီးရှို့တာ၊ ဆီလောင်ကျွမ်းတာ၊ သစ်သားတွေ လောင်ကျွမ်းတဲ့အခါမှာတော့ လေထဲကနေရေထဲ၊ မြေကြီးထဲကို တဖြည်းဖြည်း စိမ့်ဝင်အနည်ထိုင်ပါတယ်။

မာကျူရီဟာရေထဲမှာပျော်ဝင်နေတဲ့ သေးငယ်အဏုဇီဝက ပိုးမွှားတွေနဲ့ တွေ့ပြီး ဓာတ်ပြုပြောင်းလဲတဲ့အခါမှာ မီသိုင်းမာကျူရီအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကို ငါးမျိုးနွယ်များစွာနဲ့ အခွံမာကမာကောင်တွေက စုပ်ယူရင်း ငါးတွေထဲမှာ မီသိုင်းမာကျူရီရှိနေတာပဲ ဖြစ်ပါတယ်။

အချို့သောငါးတွေမှာ ဘာလို့မီသိုင်းမာကျူရီပမာဏ များနေရတာလဲဆိုရင်တော့ ငါးတွေမှာလည်း အစာကွင်းဆက်၊ ဇီဝဖြစ်စဉ်တွေ ရှိပါတယ်။ ငါးတွေလည်း အကြီးကနေ အသေးကို တစ်ဆင့်ပြန်လည်စားသုံးရင်း မီသိုင်းမာကျူရီပမာဏ တက်လာတာပဲ ဖြစ်ပါတယ်။ ငါးတွေမှာ ပါဝင်တဲ့ မာကျူရီအဆင့်သတ်မှတ်မှုကိုကြည့်ရင်း သူတို့တွေအချင်းချင်း ဘယ်လောက်စားသုံးလဲ၊ ဘယ်လိုငါးတွေမှာ အများဆုံးလဲဆိုတာကို လေ့လာနိုင်ပါတယ်။

FDA အစားအသောက်နဲ့ ဆေးဝါးအဖွဲ့အစည်းရဲ့ စာရင်းသတ်မှတ်ချက်အရ တချို့ငါးတွေဟာ မာကျူရီပါဝင်မှုနည်းတာကြောင့်  သာမန်လူတွေအနေနဲ့ ၁ ပတ်ကို ၃ ကြိမ် အများဆုံး စားသုံးနိုင်ပါတယ်။(ကိုယ်ဝန်ဆောင်နှင့် အသက်ငယ်ကလေးများတော့ မပါဝင်ပါ။)

ငါးတွေကို ကျန်းမာစေတဲ့ အစားအသောက်ပုံစံတစ်ခုကနေ ငြင်းပယ်လို့ မရနိုင်ပါဘူး။ ငါးစားတာဟာ အကျိုးကျေးဇူးများတာတွေရှိသလို မာကျူရီပါဝင်မှုကိုလည်း သေချာစစ်ဆေးရပါမယ်။ မာကျူရီပါဝင်မှုများတဲ့ငါးကြီးတွေကို ရှောင်ရှားရမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း  ငါးစားရင်းနဲ့ မာကျူရီပါဝင်မှုတွေကို အိမ်ရှိမီးဖိုချောင်မှာကပ်ထားပြီး သတိထားနိုင်ရင် အကောင်းဆုံးပါပဲ။ ပရိုတိန်းပါဝင်မှုများပြီး အိုမီဂါ-၃ ပါဝင်မှုလည်းများတဲ့ ငါးတွေကို အကောင်းဆုံးပြင်ဆင်စားသောက်ကြည့်ရင်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ပုံတွေရရှိလို့ ပျော်ရွှင်အသက်ရှည်တဲ့ ဘဝတစ်ခုကို ထူထောင်နိုင်ကြပါစေ။

Ref; (1) Department of Fisheries.

       (2) The best Types of Fish for Healthy by very wellfie.com.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်