ပျားရည်ကို အပင်နှင့် စိုက်ခင်းများတွင် အသုံးချခြင်း
ပျားရည်ဆိုတာ အားလုံးသိတဲ့အတိုင်း အရသာရှိတဲ့ သဘာဝပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ပျားရည်ကို အစားအစာတွေထဲမှာ အမျိုးမျိုးအသုံးပြုလို့ရပြီး အကင်တွေပေါ်မှာ ဆမ်းတာမျိုး၊ ဒိန်ချဉ်နဲ့ လတ်ဆတ်တဲ့ သစ်သီးတွေပေါ်မှာ ရောစပ်စားသုံးတာမျိုး၊ သကြားအစားထိုး သစ်သီးတွေကြာရှည်ခံအောင် ပြုလုပ်တာမျိုးအပြင် စွဲမက်ဖွယ်ကောင်းတဲ့ ဟင်းလျာချက်ပြုတ်နည်း အမျိုးမျိုးမှာလည်း ထည့်သွင်းအသုံးပြုနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပျားရည်ကို ကျန်းမာရေးဆိုင်ရာကိစ္စတွေ၊ အသေးစား ထိခိုက်ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်အလှအပဆိုင်ရာ ကုသတဲ့နေရာတွေမှာလည်း သဘာဝပစ္စည်းအနေနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။ အတော်များများ မသိကြသေးတဲ့ ပျားရည်ရဲ့ အသုံးဝင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ အပင်နဲ့ စိုက်ခင်းတွေမှာပါ အကျိုးရှိရှိ အသုံးပြုနိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ယခုဆောင်းပါးမှာ" alt="" /> အပင်တွေ စိုက်ခင်းတွေမှာ ပျားရည်ကို ဘယ်လိုပုံစံနဲ့ အသုံးပြုလို့ရမလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
အမြစ်ကိုင်းဖြတ်မျိုးပွားရာ (root cutting) တွင် အသုံးပြုခြင်း
ပျားရည်မှာ ဘက်တီးရီးယားနဲ့ မှိုတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါရှိသလို အမြစ်ကြီးထွားမှုနဲ့ ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးနိုင်တဲ့ စွမ်းအင်အရင်းအမြစ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ အမြစ်တွေကို ဖြတ်တောက်ပြီး ကိုင်းဖြတ်မျိုးပွားရာမှာ ပျားရည်ကိုအသုံးပြုတဲ့အခါ အမြစ်အသစ်တွေဖြစ်ပေါ်လာစေဖို့ ကူညီပေးနိုင်သလို အမြစ်တွေ ဆက်လက်ကြီးထွားနိုင်ဖို့အတွက် ဘေးကင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပျားရည်မှာ အမြစ်ကြီးထွားမှုကို ပံ့ပိုးပေးနိုင်တဲ့ အင်ဇိုင်းတွေပါဝင်နေပြီး ၎င်းရဲ့ ဘက်တီးရီးယားနဲ့ မှိုတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် သီးနှံတွေ ပုပ်ခြင်း၊ ရောဂါပိုးဝင်ခြင်းနဲ့ မှို ပြဿနာတွေကို အပင်ကြီးပြင်းလာတဲ့အထိ ဘေးကင်းလုံခြုံမှုရှိအောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
အသုံးပြုပုံကတော့ ရိုးရှင်းပါတယ်။ ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းကို ရေနွေး သောက်ရေခွက် ၂ ခွက်ထဲကို ထည့်ပြီး အအေးခံထားလိုက်ပါ။ ဖျော်ရည်အေးသွားပြီဆိုရင်တော့ ကိုင်းဖြတ်ထားတဲ့အမြစ်တွေကို မစိုက်ပျိုးခင် ၎င်းအရည်ထဲသို့ နှစ်ထားပါ။ ပြီးပါက သတ်မှတ်ထားတဲ့နေရာမှာ စိုက်ပျိုးပါ။ အဆိုပါ ကိုင်းဖြတ်ထားတဲ့ အမြစ်တွေဟာ ရောဂါကျရောက်မှုကင်းပြီး ၁ ပတ်ကနေ ၃ ပတ်အတွင်းမှာ အမြစ်အသစ်တွေ ထွက်ရှိလာပါလိမ့်မယ်။
မြေသြဇာအဖြစ် အသုံးပြုခြင်း
ပျားရည်ဟာ ဘက်တီးရီးယားနဲ့ မှိုတွေကို ဆန့်ကျင်နိုင်ရုံသာမက အပင်များအတွက် အလွန်ကောင်းမွန်တဲ့ အာဟာရအရင်းအမြစ်တွေကိုလည်း ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ ပျားရည်မှာဆိုရင် အပင်တွေအတွက် အရေးကြီးဆုံး အာဟာရ ၃ မျိုးထဲကမှ ၂ ခုဖြစ်တဲ့ ဖော့စဖရပ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ အဓိကပါဝင်နေတဲ့အပြင် ကယ်လ်စီယမ်၊ အိုင်းယွန်း၊ မဂ္ဂနီဆီယမ်နဲ့ ဇင့် ကဲ့သို့သော အခြားသော အာဟာရဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပျားရည်ကို အပင်တွေအတွက် ကောင်းမွန်တဲ့ အော်ဂဲနစ် မြေသြဇာအရည်အနေနဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ပျားရည်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကြောင့် အပင်ရဲ့ ပန်းပွင့်နဲ့ အသီးတွေကို အထူး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ပျားရည်ကို မြေသြဇာဖျော်ရည်အနေနဲ့ အသုံးပြုဖို့အတွက် ပျားရည်ထမင်းစားဇွန်း ၁ ဇွန်း သို့မဟုတ် ၂ ဇွန်းကို ရေနွေး သောက်ရေခွက် ၇ ခွက်နဲ့ ရောစပ်ပြီး မွှေပေးပါ။ မွှေပြီးနောက် အအေးခံထားပါ။ ထို့နောက် ပန်းပွင့်တဲ့အပင်တွေနဲ့ သီးနှံပင်တွေကို ရေလောင်းသကဲ့သို့ လောင်းပေးပြီး အသုံးပြုနိုင်ပါတယ်။
ရွက်ဖြန်းဆေးအနေနဲ့ အသုံးပြုနိုင်ခြင်း
ပျားရည်ကို အသုံးပြုပြီး အမြစ်ကြီးထွားဖို့နဲ့ သီးနှံတွေရဲ့အရသာကို မြှင့်တင်ပေးရာမှာ အသုံးပြုနိုင်တဲ့အပြင် ရှင်သန်ကြီးထွားနိုင်ဖို့ ခက်ခဲနေတဲ့ အပင်တွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။
အပင်တွေမှာ အာဟာရဓာတ်ချို့တဲ့ခြင်း လက္ခဏာတွေ့ရှိရတဲ့အခါ အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ရရှိနိုင်စေဖို့ ပျားရည်အခြေခံ အရွက်ဖျန်းအားဆေးကို အသုံးပြုခြင်းဖြင့် အပင်ရဲ့ အာဟာရချို့တဲ့မှုပြဿနာတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ရေတစ်ဂါလံမှာ ပျားရည် ထမင်စားဇွန်း ၂ ဇွန်းကို ရောစပ်ပြီး ၁ ပတ်လျှင် ၁ ကြိမ် သို့မဟုတ် ၂ ပတ်လျှင် ၁ ကြိမ် အပင်တွေရဲ့ အရွက်များပေါ်ကို တိုက်ရိုက်ပက်ဖြန်းပေးနိုင်ပါတယ်။ ပျားရည်ရွက်ဖြန်းဆေး အသုံးပြုပြီး မကြာခင်မှာပဲ အပင်တွေပေါ်မှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
အဖျက်ပိုးမွှားများအတွက် ထောင်ချောက်အဖြစ် အသုံးပြုခြင်း
အကယ်လို့ ကျွန်ုပ်တို့စိုက်ခင်းအတွင်းမှာ ပက်ကျိတွေ သီးထိုးယင်တွေ ပေါပေါများများရှိနေမယ်ဆိုရင် ၎င်းတို့ကိုဖမ်းယူနိုင်ဖို့အတွက် ပျားရည်ကို ထောင်ချောက်အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ ပက်ကျိတွေကို ဖမ်းယူဖို့အတွက် ပျားရည်နဲ့ တဆေးကို ရောစပ်ပြီး အပြည့်ထည့်ထားတဲ့ ဗူးတစ်ခုလုံးကို မျက်နှာပြင်အဝဖော်ထားကာ မြေကြီးထဲနစ်မြုပ်ပြီး ပက်ကျိတွေလာစေဖို့ ဆွဲဆောင်နိုင်ပါတယ်။ ထို့နောက် ဗူးထဲကျရောက်လာမယ့် ပက်ကျိတွေကို စုဆောင်းကာ ပုံမှန်စွန့်ပစ်နိုင်ပါတယ်။
သစ်ထိုးယင်တွေဆိုတာ သီးနှံစိုက်ပျိုးတဲ့သူတိုင်း ရှောင်ရှားလိုပြီး ဆိုးရွားတဲ့အဖျက်ပိုးမွှားတွေ ဖြစ်ပါတယ်။
သီးထိုးယင်တွေကို ဖမ်းယူနိုင်ဖို့အတွက် ပုလင်း (သို့မဟုတ်) ဗူးတစ်ခုထဲကို ပုပ်နေတဲ့အသီးတွေ၊ ပျားရည်နဲ့ ပန်းသီးရှာလကာရည်တို့ကို ရောစပ်ပြီးထည့်ထားပါ။ ပြီးပါက ပုလင်း (သို့မဟုတ်) ဗူးရဲ့ ထိပ်ဝကို ပလပ်စတစ်အကြည် (သို့မဟုတ်) မှန်ကြည်စက္ကူဖြင့် ဖုံးအုပ်ပြီး ကြိုးဖြင့်ချည်ထားပါ။ ထို့နောက် ဗူးထဲသို့ အဖျက်ပိုးဝင်ရောက်နိုင်အောင် သွားကြားထိုးထံအသုံးပြုပြီး ပလပ်စတစ် (သို့မဟုတ်) စက္ကူအပေါ်မှာ အပေါက်ငယ်လေးတွေ ဖောက်ထားပေးပါ။ ၎င်းဗူးကို သီးထိုးယင်တွေ လာရောက်တတ်တဲ့ နေရာမှာချိတ်ဆွဲထားခြင်းဖြင့် အပေါက်ငယ်တွေကနေတဆင့် အတွင်းကို ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။
ကြက်များရဲ့ သေးငယ်သော ပြင်ပဒဏ်ရာများကို ကုသနိုင်ခြင်း
ပျားရည်ဟာ အပင်တွေမှာသာ အသုံးဝင်တာ မဟုတ်ပါဘူး။ ပျားရည်ကို လူတွေရဲ့ အသေးစား ထိခိုက်ဒဏ်ရာတွေ ရရှိတဲ့အခါ အသုံးပြုနိုင်သလို ကြက်တွေမွေးမြူရာမှာ တခါတရံဖြစ်ပေါ်တတ်တဲ့ ဒဏ်ရာအသေးအမွှားလေးတွေကို ပျားရည်သုတ်လိမ်းပေးထားခြင်းဖြင့် ၎င်းရဲ့ ဘက်တီးရီးယားနဲ့ မှို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိများကြောင့် ရောဂါပိုးတွေ မကူးစက်အောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြက်တွေကို တခါတရံ ဖြည့်စွက်စာအနေနဲ့ ပျားရည်တိုက်ကျွေးလို့ရပါတယ်။ ပျားရည်တိုက်ကျွေးခြင်းအားဖြင့် လုံလောက်တဲ့စွမ်းအင်ကို ထောက်ပံ့ပေးနိုင်ပြီး ခွန်အားတိုးစေကာ ကျန်းမာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇင်ထူးနိုင်
Ref: https://www.ruralsprout.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ေဒါ်႐ွယ်ေအာင်
လွန်ခဲ့သော ၃ နှစ် ကစိုက်ပၿုိေရးဆိုင်
Thet Paing Oo
လွန်ခဲ့သော ၃ နှစ် ကဟုတ်
ဇင်ထူးနိုင်
လွန်ခဲ့သော ၃ နှစ် ကသဘာဝပစ္စည်းတွေ ဖြစ်တာကြောင့် တွဲသုံးလည်း ပြဿနာတော့မဖြစ်လောက်ဘူး လို့တော့ ထင်ရပေမယ့် အမျိုးအစားမတူတာကြောင့် သပ်သပ်စီသုံးဖို့ပဲ အကြံပြုလိုပါတယ်။ တစ်မျိုးကို သုံးပြီးပြီးချင်း နောက်တစ်မျိုးချက်ချင်းသုံးတာမျိုးလည်း မလုပ်သင့်ပါဘူး။ အနည်းဆုံးတော့ ၃ - ၄ ရက်လောက်ခြားပြီးမှ အသုံးပြုသင့်ပါတယ်ခင်ဗျ။
Thet Paing Oo
လွန်ခဲ့သော ၃ နှစ် ကဆန်ဆေးရည်နဲ့ တွဲဖက်သုံး ရင်ရော အပင်အတွက် ပိုအကျိုး ရှိနိုင်လား ခင်ဗျ နောက်ပီး EM ရည် နဲ့တွဲ သုံးရင်ရော အပင်အတွက် ပိုအကျိုးရှိနိုင်မလား ဆုပ်ရုပ်သွားမလား ခင်ဗျ
ဆက်စပ်မေးခွန်းများ
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 1 ခု
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ
Aung Aung • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026