အပင်တွေက ရေတွေကို ဘယ်လိုစုပ်ယူတာလဲ

08/01/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပင်တွေမှာဆိုရင် အမြစ်တွေက ရေကို စုပ်ယူကြတယ်ဆိုတာတော့သိကြတယ်။ ပန်းပွင့်ချိန်တွေမှာ ရေကိုပိုလိုတယ်ဆိုတာ ပြောကြတယ်။ အပွင့်လေးတွေဆီ ရေတွေ ဘယ်လိုရောက်သွားတာလဲ။ နေရောင်ခြည်နဲ့ အစာချက်တာက အရွက်မှာဖြစ်တယ်လို့ပြောတယ်။ အမြစ်ထဲက ရေတွေက အရွက်လေးဆီကို ဘယ်လိုရောက်သွားတာလဲ ဆိုတာကို ဒီတစ်ခေါက်မှာလေ့လာကြည့်ကြတာပေါ့။

အပင်တွေဘာကြောင့် ရေတွေလိုအပ်နေတာလဲ

တစ်ကမ္ဘာလုံးမှာစိုက်သမျှ ဖြစ်တည်နေသမျှ အပင်တွေအားလုံးမှာ ရေဟာ မရှိမဖြစ်ပါဝင်တဲ့ သက်မဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရေက အရေးကြီးသလား ဆိုတော့ ကြီးတာပေါ့။ အပင်တွေ အစာချက်လုပ်ဖို့အတွက် တကယ်လိုအပ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

အပင်တွေမှာ ကိုယ်တွေ မသိတဲ့ဖြစ်စဉ်တွေ အများကြီးဖြစ်ပါတယ်။ လေတွေစုပ်တယ်။ လေတွေထုတ်တယ်။ အသက်ရှုတယ်။ နောက်တစ်ခုက ရေငွေ့ပါပြန်သေးတာတဲ့။ အဲ့လိုဖြစ်စဉ်ကို Transpiration လို့ခေါ်ပါတယ်။ လူတွေမှာလိုဆို ပါးစပ်ကနေ ရေသောက်ပြီးတော့ ချွေးပြန်ထွက်သလို ဖြစ်စဉ်မျိုးပါပဲ။ သူတို့လည်း ချွေးထွက်တာပေါ့။

အပင်အမြစ်တွေကနေ စုပ်ယူတဲ့ ရေပမာဏ အားလုံးထဲမှာမှ ()ရာခိုင်နှုန်းပဲ အပင်တွေအတွက် ဆဲလ်တွေကြီးထွားဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ သုံးတာဖြစ်ပါတယ်တဲ့။ ကျန်တဲ့ (၉၅)ရာခိုင်နှုန်းကတော့ အဲ့လို ချွေးပြန်တာနဲ့ ကုန်ဆုံးသွားတာပါတဲ့။ နွေရာသီမှာ စိုက်တဲ့ ပြောင်းပင်တစ်ပင်တည်းကနေ ချွေးပြန်တာက ရေသန့်ဘူး (၂၀၀)စာလောက် ရှိပြီးတော့ မိုးသစ်တောတွေမှာဆို တစ်ရက်တည်းနဲ့ ရေသန့်ဘူး (၁၂၀၀) လောက် တောင် ချွေးပြန်ကြတာပါတဲ့။ အဲ့ဒါကြောင့် အပင်တွေရှိရင် ရာသီဥတုမှန်တယ်လို့ ဆိုကြတာဖြစ်မှာ...

အပင်တွေက ရေလိုတယ်ဆို ဘာလို့အဲ့လောက်တောင် ပြန်ထုတ်ပစ်နေရတာလဲ

အလင်းမှီစု အစာချက်လုပ်တဲ့ဖြစ်စဉ်ကို ပြန်သွားရမှာ ဖြစ်ပါတယ်။ အပင်တွေမှာ စတိုမာတာ လို့ ခေါ်တဲ အပေါက်ကလေးတွေ အရွက်မျက်နှာပြင်မှာပါပါတယ်။ မနက်စောစောပိုင်းတွေ နေရောင်လည်း မထွက်သေးတဲ့အချိန်မျိုးမှ ကာဗွန်ဒိုင်အောက်ဆိုဒ် မော်လီကျူး တစ်လုံးကိုစုပ်ယူတိုင်းမှာ ရေမော်လီကျုး (၄၀၀)လောက်ကို ပြန်စွန့်ထုတ်ပါတယ်။ အဲ့ စတိုမာတာ ဆိုတဲ့ အပေါက်လေးတွေကနေ တစ်ဆင့်ပါ။ သူကပဲ ရေများရင် ပြန်ထုတ်ပေးတယ်။ ရေကိုလည်း ပြန်စုပ်ယူပေးနိုင်တယ်။ အပင်အားဆေးတွေ ဖျန်းတဲ့အခါ အဲ့ စတိုမာ လေးတွေကို ထိအောင် ဖျန်းပေးရပါတယ်။

မြေကြီးမှသည် အပင်ဆီသို့

မြေကြီးမှာ ချစိုက်ထားတဲ့ အပင်တွေက ရေတွေကို အမြစ်ကနေပဲ စုပ်ယူရတာပါပဲ။ ကြီးသွားလို့ မာသွားတဲ့ အမြစ်တွေကတော့ သိပ်မစုပ်ယူနိုင်တော့ပါဘူး။ အမြစ်နုတွေက စုပ်ယူတယ်။ အဲ့ အမြစ်တွေကမှ ပွားလာတဲ့ မြစ်မွှေးလေးတွေကနေ အများဆုံးစုပ်ယူပေးပါတယ်။ အပင်တွေ ရေစုပ်စွမ်းအားပိုကောင်းစေဖို့အတွက်ဆို မြေထဲက မိုင်ကိုရိုင်ဇာမှိုလေးတွေက ကူညီပါတယ်။

အမြစ်ထဲက ရေတွေ အပင်အပေါ် ဘယ်လိုတက်?

အပင်တွေထဲမှာ အစာကြောနဲ့ ရေကြောဆိုပြီး အတွင်းထဲမှာ ရှိပြီးသားပါ။ လိုအပ်တဲ့ရေတွေကို အဲ့ရေကြောကနေ တစ်ဆင့် ပြန်ပြီးတော့ အောက်ဖက်ကနေ အပေါ်ဖက်ကို သယ်ဆောင်ပေးပါတယ်။ သူတို့က ပိုက်ကလေးတွေနဲ့ တူပါတယ်။

အပင်တွေမှာ ဘာလို့ ရေမပြတ်သွားတာလဲ

မြေကြီးက ရေတွေရှိနေတဲ့ ခွက်ကြီးဖြစ်ပါတယ်။ အပင်လေးတွေက ပိုက်ချောင်းလေးတွေနဲ့ တူပါတယ်။ သုံးလိုက်ရတဲ့ စွမ်းအင်နဲ့ နေရောင်ခြည်တွေကကျတော့ သောက်သုံးသူပေါ့။ အပေါ်ပိုင်းကနေ အငွေ့ပျံပြီးဆုံးသွားတဲ့ ရေတွေ၊ သုံးလိုက်လို့ ကုန်ဆုံးသွားတဲ့ရေတွေကို စုပ်ယူပြီးတော့ အောက်က ရေတွေက အပေါ်ကို ပြန်ဖြည့်တင်းပေးကြတယ်။ အဲ့လိုနဲ့ အပင်တွေဟာ ရေတွေပြည့်နေကြတာပါ..

ထွန်းဝင်းကျော်

Reference

https://www.nature.com/scitable/knowledge/library/water-uptake-and-transport-in-vascular-plants-103016037/

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်