pHမီတာ အသုံးပြုနည်း

15/01/2021 11:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေကြီးအစိုဓာတ်တိုင်းကိရိယာ အသုံးပြုပုံ 

      အစိုဓာတ်တိုင်းမည်ဆိုပါက ကိရိယာ၏  အီလက်ထရုတ် ၂ ချောင်းအပေါ်နားတွင် ရှိသော ခလုတ်အမဲလေးအား “MOIST” ဟူသော စာတန်းလေးဘက်သို့ ရွှေ့ပါ။ မိမိတိုင်းလိုသည့် မြေကြီး၊ အိုး စသည်တို့အထဲသို့ ၃ စင်တီမီတာမှ ၁၅ စင်တီမီတာလောက်အထိနစ်မြုစ်အောင် ထိုးထည့်ပါ။

        ပိုမိုတိကျသောအဖြေရရန် ၁၅ စင်တီမီတာ( တိုင်းတာသည့်အီလက်ထရုတ်အချောင်း၏ ၄ ပုံ ၃ ပုံ)အထိ ရောက်အောင် ထည့်သင့်ပါသည်။

        ဒိုင်ခွက်ထဲမှ မြှားတံငြိမ်သွားသည့်နေရာလေးအား(၁မှ ၁၀ ထိရေးထားသည့်နေရာလေး)ကို ကြည့်ရမည်ဖြစ်ပါသည်။

        အနီရောင်( ၁-၃) အတွင်းရှိပါက ရေကြိုက်သောအပင်ဖြစ်ပါက ရေလိုပါသည်။ ရေသိပ်မကြိုက်သောအပင်ဖြစ်ပါက မလောင်းလဲရသေးသည့်အခြေအနေဖြစ်ပါသည်။

        အစိမ်းရောင်(၃-၈)အတွင်းရှိပါက ရေပုံမှန်လောင်းရန်လိုအပ်သောအခြေအနေဖြစ်ပါသည်။

        အပြာရောင်(၈-၁၀) ရေမလိုအပ်ပါ။

_

အလင်းတိုင်းနည်း

      အလင်းတိုင်းရန် အမဲရောင်ခလုတ်လေးအား အလည်တည့်တည့်တွင်ထားပါ။ 

      ကိရိယာကို အလင်းလာရာဘက်သို့ မျက်နှာမူပြီး အပင်၏ အနီးအနားတွင်စိုက်ပါ။

      ဒိုင်ခွက်၏အပေါ်ဆုံးအတန်းသည် အပင်မှ အလင်းရရှိမှုပမာဏကို ဖော်ပြခြင်းဖြစ်ပါသည်။

မြေချဉ်ငံတိုင်းနည်း

      မြေချဉ်ငံတိုင်းရန် အမဲရောင် ခလုတ်လေးအား pH ဟူသော ဘက်သို့ရွှေ့ပါ။

      စမ်းသပ်လိုသော မြေကြီးတွင် ကျောက်ခဲများ ၊မှန်ကွဲစများ၊ အမှိုက်များမရှိအောင် ထားပါ။

      ကိရိယာ၏ တိုင်းတာသည့် တုတ်တံ ၂ ခုအား သန့်ရှင်းခြောက်သွေ့စေရန် အဝတ်နုနုဖြင့်သန့်စင်ပါ။

      ထို့နောက် တိုင်းတာလိုသည့် မြေထဲသို့ စိုက်ကာ တိုင်းတာနိုင်ပါသည်။

မှတ်ချက် ။ တိုင်းတာမည့်မြေသည် ကိရိယာထိုးသွင်းရန် မာကျောနေပါက အနည်းငယ်စိုစွတ်အောင် ကြိုတင်ပြုလုပ်ထားပါ။

      တိကျသည့်အဖြေရရန် တိုင်းတာသည့် တုတ်တံ ၏၄ပုံ ၃ ပုံအထိရောက်အောင် ထည့်သွင်းသင့်ပါသည်။ ဤသို့လုပ်ဆောင်ပြီး တစ်မိနစ်ကြာမှ အဖြေကို ဖတ်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်