ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။
စပါးစိုက်ပျိုးသောတောင်သူဦးကြီးအများစုသည် စပါးရိတ်သိမ်းပြီးသောအခါ ကောက်ရိုးများကို အလွယ်တကူမီးရှို့ပစ်ကြပါသည်။ အချို့သောတောင်သူများသည်လည်း မီးမရှို့ဘဲ တိရစ္ဆာန်အစာအဖြစ်လည်း အသုံးပြုကြပါသည်။ ထိုသို့မီးရှို့ခြင်းသည် မြေကြီး အတွက် အာဟာရဓာတ်များပြန်လည် ရရှိသော်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်သောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးမှုကိုပါဖြစ်စေပါသည်။ ထို့အပြင် မြေကြီးထဲရှိ အကျိုးပြုအဏုဇီဝပိုးများနှင့် သက်ရှိအများစု သေဆုံးသွားနိုင်ပါသည်။ ထိုကြောင့် ကောက်ရိုးများကို မီးမရှိ့ဘဲ မည်ကဲ့သို့အကျိုးရှိရှိအသုံးချမည်ကို ဆက်လက် လေ့လာကြရအောင်။
တိရစ္ဆာန်အစာအဖြစ်အသုံးပြုခြင်း
စိုက်ပျိုးရေးဆိုသည်မှာ သီးနှံ၊သစ်ပင်များ စိုက်ပျိုးနေရုံ မဟုတ်ဘဲ မွေးမြူရေးနှင့် တွဲ၍လုပ်ကိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူများအနေနှင့် ဝင်ငွေ ပိုရစေရန် မွေးမြူရေးပါ တွဲ၍လုပ်ကိုင်သင့်ပါသည်။ စပါးစိုက်ပျိုးသော တောင်သူများအနေနှင့် ကျွဲ၊ နွား မွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်ပါက တိရစ္ဆာန်အစာအတွက် ပူစရာမလိုတော့ပါ။ ကျွဲ၊ နွားများ မွေးမြူသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းတွင် ထိုကျွဲ၊ နွားများ အသုံးပြု၍ လုပ်ကိုင်နိုင်သောကြောင့် ကုန်ကျစရိတ်ပါသက်သာစေပါသည်။
မြေဆွေးပြုလုပ်ခြင်း
ကျွဲ၊ နွားများ မွေးမြူရန် မလွယ်ကူသော တောင်သူများသည် ကောက်ရိုးများကို မီးမရှို့ဘဲ မြေဆွေးပြုလုပ်နိုင်ပါသည်။ ထို့သို့မြေဆွေးပြုလုပ်ခြင်းသည်လည်း သြဂဲနစ်စိုက်ပျိုး ရေးလုပ်ကိုင်နေသူများအတွက် အလွန်အရေးပါပါသည်။ စပါးစိုက်တောင်သူများအတွက် လည်း ရရှိလာသော မြေဆွေးများကို မိမိတို့စိုက်ခင်းများတွင် ပြန်လည်ထည့်သွင်း ပေးသောကြောင့် မြေသြဇာကုန်ကျစရိတ်ကို များစွာသက်သာစေပါသည်။
ဥယျာဥ်ခြံသီးနှံများစိုက်ပျိုးခြင်းတွင် မြေများဖုံးအုပ်ပေးခြင်း
ဥယျာဥ်သီးနှံများဖြစ်ကြသော ငရုတ်၊ခရမ်းချဥ်၊ ခရမ်း၊ ပန်းမုန်လာ၊ ဟင်းနုနွယ်၊ ကိုက်လံ၊ အစရှိသည့် သီးနှံမျိုးစုံများတွင် ကောက်ရိုးများကို ပလတ်စတစ်များအစား အပင်ခြေပတ်ပတ်လည်ရှိမြေကြီးအား ဖုံးအုပ်၍(Mulching) စိုက်ပျိုးနိုင်ပါသည်။ ထိုသို့ဖုံးအုပ်၍ စိုက်ပျိုးပေးခြင်းဖြင့် မြေကြီး၏ အစိုဓာတ်ကို ထိန်းချုပ်ထားသောကြောင့် ရေလိုအပ်မှုနည်းပါးစေခြင်း၊ ပေါင်းများပေါက်ရောက်မှုကို လျော့နည်းစေသောကြောင့် ပေါင်းသတ်ဆေးကုန်ကျစရိတ်၊ လုပ်အားကုန်ကျစရိတ်များကို သက်သာစေပါသည်။
ကောက်ရိုးမှိုစိုက်ပျိုးခြင်း
ကောက်ရိုးမှိုစိုက်ပျိုးခြင်းတွင် အဓိကလိုအပ်သော ကုန်ကြမ်းမှာ ကောက်ရိုးဖြစ်ပါ သည်။ ကောက်ရိုးများကို မီးမရှို့ပစ်ဘဲ ကုန်ကျစရိတ်နည်းသော ကောက်ရိုးမှိုစိုက်ပျိုး၍ နောက်ထပ်ဝင်ငွေတစ်ခု ထပ်ရှာနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်လင်း သိုက်
လွန်ခဲ့သော ၅ နှစ် ကဘာလို့ လုပ့်ရမှာလည်
နိုင်လင်း
လွန်ခဲ့သော ၅ နှစ် ကမြေဆွေးပြုလုပ်ပုံ သိခ ျင်ပါတယ်
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကThis is a very effective way to get more income and technology to the farmers and consumers.
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020
အပင်နာခြင်း သို့မဟုတ် နလန်ထူနှေးခြင်း
13/11/2020