"အရသာကောင်းမွန်ထူးခြား ........... ရေခဲငါး"

25/01/2021 11:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ရေခဲငါးများမှာ ရေခဲတမျှအေးမြလှသည့် ရေခဲမြစ်ကျောက်ဆောင်များကြားမှာသာ နေထိုင်တတ်သောကြောင့် ရေခဲတောင်များမြစ်ဖျားခံစီးဆင်းရာ မြန်မာပြည်မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာသာ တွေ့ရှိနိုင်သည့် ရေခဲငါး၊ ချောင်းပျော်ငါးများဖြစ်ကြသည်။

     ရေခဲငါးကို ဒေသခံ ရဝမ်ဘာသာစကားဖြင့် "ငမစ်၊ ငဇူးလ်"ဟုခေါ်ကြပါသည်။ ရှမ်းဒေသအခေါ်အရ "ပါဟစ်"ဟုသိရပြီး မြန်မာလို " ရေခဲငါး"ဟု ခေါ်ကြပြီး ရေချိုငါးအမျိုးအစားဖြစ်သည်။ ရေခဲငါးများမှာ ရေစီးသန်သောချောင်း၊ ကျောက်ကြိုကျောက်ကြားမှာ ရေညိုစားမည့် ပါးစပ်ပုံစံမျိုးနဲ့ Himalayrian trout  များဖြစ်ကြကြောင်း သိရပါသည်။ 

‌     ရေခဲငါးများမှာရာသီချိန်ခါမ‌ရွေး မရနိုင်သလို‌ရေကျချိန်‌ဆောင်းဝင်စမှသာရရှိကြပါသည်။ပူတာအို‌ဒေသ‌ရေခဲမြစ်များက‌နေ ရရှိတဲ့ ‌ရေညှိတစ်မျိုးကို ‌ရေခဲငါးများမှာ သူတို့၏ အစာအဖြစ်စား‌လေ့ရှိ‌‌ကြောင်း သိရပါသည်။

     ပူတာအို‌ဒေသမျိုးရင်းငါး‌ရေခဲငါးမှာဆီးချိုသမားများအတွက် သဘာဝ‌ဆေးလည်းဖြစ်ပြီးအချိူမှုန့် အစားထိုးအသုံးပြုနိုင်‌သောငါးတစ်မျိုးလည်းဖြစ်သည်။‌ရေခဲ‌တောင်‌တွေက‌နေ တိုက်ရိုက်ရရှိသည့်အတွက် (‌ရေခဲငါး) ဟူ၍‌ခေါ်ဆိုကြပြီး အစိမ်းစားလို့ရ‌အောင်ထိသန့်ရှင်းပါသည်။ သန့်ရှင်းလတ်ဆတ်သည့်‌ ရေခဲမြစ်မှာ ကျက်စားသည့်ငါးမျိုးမို့လားမသိ။ အသားနူးညံ့ပြီးအရသာအင်မတန်ထူးလှပါသည်။

      ထို‌ရေခဲငါးသာမက  ကချင်ပြည်နယ်၊ ပူတာအို‌ဒေသနှင့် ပူတာအိုအထက်ပိုင်းမြစ်‌ချောင်း‌တွေမှာ ရှိတဲ့ ‌ဒေသမျိုးရင်းငါးများဖြစ်‌သော ငါးဝိုင်း၊ ငါးနီ၊ ငါး‌တောက် အစရှိသည့်ငါးများမှာလည်း တခြားဒေသထွက်ငါးများနှင့်မတူပဲ အချိုဓာတ်ပြည့်ဝပြီး အ‌တော်‌လေးစားလို့‌ကောင်းကာ အချိုမှုန့်ထည့်စရာ မလို‌အောင်ကို ချိုကြသည်။

     ပူတာအို‌ဒေသထွက် ငါးနှင့်ငါး‌ခြောက်များမှာ ကချင်ပြည်နယ်တွင် လူကြိုက်များလှပြီး ‌ ရောင်းအား‌ကောင်းကြသည်။ ‌ရေခဲငါးကိုကင်စားပါက အလွန်အရသာရှိပြီး အရမ်း‌မွှေးကာ အ‌တော်လေး ချိုပါသည်။ ‌ရေခဲငါးကြပ်တင်‌‌ခြောက်၊ရေခဲငါးခြောက်ကိုလည်းငရုတ်သီးနှင့်‌ထောင်းစားခြင်း၊ချက်စားခြင်း၊ ‌ကြော်စားခြင်းဖြင့်လည်း အရသာရှိပါသည်။‌ ရေခဲငါး‌ခြောက်ကို အ‌‌ရောင်ပိုလှ‌စေရန် မီးကင်၍‌ သေချာ‌ ‌နေလှမ်းကြ‌ကြောင်းသိရသည်။

၁။‌ရေခဲငါး‌ခြောက်‌ထောင်း   

 ‌   ရေခဲ‌ခြောက်‌ထောင်းပြုလုပ်ဖို့အတွက် ‌ရေခဲငါးခြောက် (သို့) ကျပ်တင်ခြောက်၊ ကြက်သွန်ဖြူမီးဖုတ်၊ဂျင်းနှင့်လှော်ထား‌သောကချင်ငရုတ်‌ကောင်းတို့ကိုလိုအပ်ပါသည်။

(က)‌ရေခဲငါးခြောက်ကိုအသားချည်းဖဲ့ထားရြပီး မိနစ် (၃၀) ‌လောက်‌ရေစိမ်ထားရပါမည်။

(ခ)ပြီး‌နောက်ငရုတ်ဆုံထဲတွင် ကချင်ငရုတ်‌ကောင်း‌လှော်ကိုအရင်ထည့်ထောင်းရြပီး ဂျင်း၊ငရုတ်သီးစိမ်း၊  ကြက်သွန်ဖြူမီးဖုတ်တို့ကိုလည်း ၁ ခု ချင်းစီထည့်ပြီး‌ထောင်းကာ‌နောက်ဆုံးမှအသားချည်းဖဲ့ထား ‌သော ငါးခြောက်ကို ထည့်၍‌ထောင်းရပါမည်။

(ဂ)ထို့နောက် အဆာပလာများနှင့်‌ရော‌နှော‌ထောင်းထားသော ‌ရေခဲငါးခြောက်ထောင်းကိုပန်းကန်ထဲ ထည့်ကာဆားအနည်းငယ်ဖြင့် သမအောင်မွှေပြီး နံနံပင်ကြိုက်ပါကနံနံပင်လေးဖြုးထည့်ပြီးပါက အရသာထူးခြားကောင်းမွန်သောကချင်ရိုးရာ "ရေခဲငါးခြောက်ထောင်း" ဟင်းလျာကို ရရှိပါမည်။

၂ရေခဲငါးခြောက်ကုန်းဘောင်ကြော်

     ရေခဲငါးခြောက်ကုန်းဘောင်ကြော်ရန် ငါးခြောက်၊ဆီအနည်းငယ်၊ကြက်သွန်နီ၊ခရုဆီ၊ ပဲငံပြာရည်အကြည်တို့လိုအပ်ပါသည်။

(က)အသားချည်းဖဲ့ထားသောရေခဲငါးခြောက်အမျှင်လေးများကိုဆီနဲနဲဖြင့်ကြော်ရပါမည်။

(ခ)ငါးခြောက်အမျှင်လေးများကို‌ခြောက်ခြောက်လေးဖြစ်အောင်ကြော်ပြီးပါကကြက်သွန်နီထည့်ပြီး   အိုးချခါနီးမှ ခရုဆီနှင့် ပဲငံပြာရည်အကြည်လေးထည့်လိုက်ပါက ကုန်းဘောင်ဟင်းတစ်ခွက်ကိုရရှိပါမည်။

၃။ရေခဲငါးခြောက်ရိုးချဉ်ရည်ဟင်း

     ရေခဲငါးခြောက်ရိုးချဉ်ရည်ဟင်းအတွက် ရေခဲငါးခြောက်ရိုး၊ ကြက်သွန်ဖြူ/နီ၊ဆီအနည်းငယ်၊ခရမ်းချဉ်သီးနှင့်မုန်ညှင်းရွက်တို့ လိုအပ်ပါသည်။

(က) ပထမဦးစွာမီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီအနည်းငယ်ထည့်ကာ ကြက်သွန်ဖြု/နီကိုအရင်ဆီသတ်ရပါမည်။

(ခ) ပြီးနောက် ခရမ်းချဉ်သီးထည့်ပြီးနွမ်းလာပါက ငါးခြောက်ရိုးများထည့်ကာရေထည့်ရပါမည်။

(ဂ)ရေပွက်ပွက်ဆူလာပါကမုန်ညှင်းရွက်လေးထည့်ပြီးမီးဖိုပေါ်မှချကာသုံးဆောင်နိုင်ပါပြီ။

     သို့ပါသောကြောင့် ထိုကဲ့သို့အရသာထူးခြားကောင်းမွန်လှပြီး ရေခဲတမျှအေးမျှလှတဲ့ ရေခဲမြစ်မှာနေထိုင်ကြသည့် ပူတာအိုဒေသမျိုးရင်းငါး 'ရေခဲငါး' အကြောင်းကိုလေ့လာထားသမျှ ရေးသားလိုက်ရပါသည်။

 ပင်လယ်ပြာ(ငါးဦးစီး)

Ref; The Rvwang ရေးသားသော "ပူတာအို ရေခဲငါး" အကြောင်းမှ အချက်အလက်တချို့ကို မှီငြမ်းပါသည်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်