အိမ်တွင်းလေထုညစ်ညမ်းမှု (Indoor Air Pollution)နှင့် ပတ်သက်ပြီး ဘာတွေသိထားရမလဲ

11/08/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

       အိမ်တွင်းလေထုညစ်ညမ်းမှုဆိုသည်မှာ - အိမ်တွင်းလေဝင်လေထွက်စနစ် အားနည်းခြင်းကြောင့် အိမ်တွင်းခိုအောင်းလျက်ရှိသော ကျန်းမာရေးနှင့်မညီညွတ်သည့်လေအား ရှူမိရာမှ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများဖြစ်ပွားခြင်း ဖြစ်ပါသည်။ အဓိကဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ ထင်း/မီးသွေးမီးဖိုများကို အသုံးပြု၍ အစားအသောက် ချက်ပြုတ်ခြင်း၊ ဖယောင်းတိုင်/ အမွှေးတိုင်/ ခြင်ဆေးခွေများ ထွန်းခြင်း၊ အိမ်တွင်းဆေးလိပ်သောက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် အိမ်အနီးပတ်ဝန်းကျင်ရှိ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများမှ တိရစ္ဆာန်တို့၏ အမွှေးအမျှင်များ၊ အညစ်အကြေးများ ထွက်ရှိခြင်းနှင့် အိမ်အနီးပတ်ဝန်းကျင်တွင် အမှိုက်များ မီးရှို့ခြင်း စသည်တို့ဖြစ်ပါသည်။

      လတ်တလော ခံစားရနိုင်သော ရောဂါလက္ခဏာများ - ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ပျို့ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြားယားယံခြင်း စသည်တို့ဖြစ်နိင်ပါသည်။

      ရေရှည်ခံစားရခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးပြဿနာများမှာ - အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ( ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ၊ နာတာရှည်အဆုတ်ပွ လေပြွန်ကျဥ်းရောဂါ)၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်၊ နှာခေါင်း၊ လည်ချောင်းနှင့် အသံအိုးကင်ဆာရောဂ္ါများ၊ ကလေးငယ်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းခြင်းနှင့် ခန္ဓာကိုယ်ကြီးထွားမှု နေးကွေးခြင်းများ ဖြစ်နိုင်ပါသည်၊

 အိမ်တွင်းလေထုညစ်ညမ်းမှု လျော့နည်းစေရန်နှင့် ကာကွယ်ရန် နည်းလမ်းများမှာ -

      ၁။ နေအိမ်အခန်းများ နှင့် မီးဖိုချောင်အား လေဝင်လေထွက် ကောင်းအောင် ထားရှိပါ။

      ၂။ အိမ်တွင်းဆေးလိပ်သောက်ခြင်းနှင့် နေအိမ်ခန်းများကို အလုံပိတ်၍ မီးစက်မောင်းခြင်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်နှင့် ခြင်ဆေးခွေထွန်းခြင်းတို့ကို (လုံးဝ) ရှောင်ကြဥ်ပါ။

      ၃။ ချက်ပြုတ်ရာ၌ ထင်းနှင့် မီးသွေးအစား လျှပ်စစ်မီး (သို့မဟုတ်) LPG ဓါတ်ငွေ့လောင်စာကို အသုံးပြုပါ။ လျှပ်စစ်မီး (သို့မဟုတ်) LPG ဓါတ်ငွေ့့ မရရှိနိုင်သည့်နေရာများတွင် မီးခိုငွေ့အထွက်နည်းစေရန် စနစ်တကျ ပြုလုပ်ထားသည့် မီးဖို အမျိုးအစားများနှင့် စနစ်တကျပြုပြင်ထားသည့် လောင်စာများကို ရွေးချယ်အသုံးပြုပါ။

     ၄။ အိမ်အနီးပတ်ဝန်းကျင်တွင် အမှိုက်သရိုတ်များ စုပုံခြင်း၊ မီးရှို့ခြင်းများကိ ရှောင်ကြည်ပါ။ အနံ့ဆိုးများထွက်ရှိသော စီးပွားရေးလုပ်ငန်းများအနေဖြင့် လူနေရပ်ကွက်နှင့် လုံလောက်သော အကွာအဝေးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ပါ။

 

 ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်