သံဓာတ်ချို့တဲ့ခြင်း ဆိုးကျိုးများနှင့် သံဓာတ်ကြွယ်ဝသော အစာများ

14/10/2022 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ပျိုရွယ်သူများနှင့် ကလေးငယ်များအတွက် အရေးကြီးသော အနည်းလိုအာဟာရ ဖြစ်သည်။ သံဓာတ်သည် သဘာဝအားဖြင့် အစာအမြောက်အမြားတွင် ပါရှိပြီး အချို့သောအစာများတွင် ထည့်သွင်းပြုလုပ်ထားလေ့ရှိသည်။

သံဓာတ်သည် ကျန်းမာသော သွေးများ၊ ကြွက်သားများနှင့် ဦးနှောက်တို့ ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အရေးပါသည်။ သံဓာတ်ချို့တဲ့ပါက သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်။

သို့သော် သံဓာတ်နည်းပါးခြင်းသည် သွေးအားနည်း ရောဂါဖြစ်စေနိုင်သည်သာမက အခြားသောအကြောင်း အရာများလည်း ရှိသည်။ မိခင်၏သိုလှောင်ထားသော သံဓာတ်သည် မိခင်နို့မှ အနည်းငယ်သာ ဖြတ်လေ့ရှိသောကြောင့် ကလေးအတွက် အသုံးမပြုနိုင်ပေ။

မိခင်တွင် သံဓာတ်ပမာဏသည် မွေးပြီး ၆ ပတ်အတွင်း အနည်းငယ်လျော့နည်းသွားသော်လည်း မိခင်မှ သံဓာတ်များကို သိုလှောင်ခြင်းနည်းပါးပြီး ပြန်လည်ထိန်းညှိရန် အချို့သောအခြေအနေများဖြစ်သည့် ကလေးမွေးဖွားရာတွင် သွေးဆင်းများခြင်း (သို့မဟုတ်) မိခင်မှ လုံလောက်စွာ နေ့စဉ်မစားသောက်ခြင်းတို့ကြောင့်သိုလှောင်ထားမှုမှာလည်း ကျဆင်းလာသည်။

သံဓာတ်အားနည်းသော မိခင်များသည် မောပန်းလွယ်ခြင်း၊ ပင်ပန်းခြင်း၊ မူးဝေခြင်း၊ ခေါင်းအုံခြင်းနှင့် စိတ်ကျခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ကလေးစောင့်ရှောက်မှုကို ထိခိုက်စေနိုင်ပါသည်။

 

သံဓာတ်၏အသုံးဝင်ပုံ

 သံဓာတ်သည် သတ္ထုတစ်မျိုးဖြစ်ပြီး အဆုတ်မှ အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်သျှူးများနှင့် ကြွက်သားများသို့ သယ်ဆောင်ရာတွင် အထောက်အပံ့ပေးသည့် သွေးနီဆဲလ်များ (ဟေမိုဂလိုဘင်)၏ အရေးပါသောအရာတစ်ခု ဖြစ်သည်။ ပုံမှန်ဆဲလ်လုပ်ငန်းဆောင်တာများနှင့် ဖွံ့ဖြိုးကြီးထွားရန်အတွက် မရှိမဖြစ် အရေးပါသည်။

ချို့တဲ့ခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများ

  • ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း သန္ဓေသား၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် သွေးနီဥထုတ်လုပ်မှု တိုးလာခြင်းကြောင့် အမျိုးသမီးများ၏ သံဓာတ်ပမာဏလိုအပ်မှု တိုးလာသည်။
  • ကိုယ်ဝန်ဆောင်ကာလအတွင်း သံဓာတ်ချို့တဲ့မှုသည် သွေးအားနည်းရောဂါဖြစ်စေပြီး မိခင်နှင့် မွေးကင်းစကလေး သေဆုံးခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်းနှင့် ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းစသည့် အန္တရာယ်များ တိုးပွားစေသည်။
  • သံဓါတ်လုံလောက်စွာ မရရှိပါက မိခင်၏ကျန်းမာရေးကို ထိခိုက်နိုင်သည်။

ချို့တဲ့ခြင်းမှ ရှောင်ကြဉ်ရန်

  • အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် ကာလတစ်လျှောက်လုံးတွင် သံဓာတ်ဖောလစ်အက်ဆစ် ဆေးပြားများကို သောက်သုံးရန် လိုအပ်ပြီး မီးဖွားပြီးသည့်အခါတွင်လည်း ဟေမိုဂလိုဘင် အပိုထုတ်လုပ်ရန် သံဓာတ်လိုအပ်ချက် တိုးလာခြင်းကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမဖြစ်စေရန် သောက်သုံးရန် လိုအပ်သည်။
  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း သံဓာတ်နှင့် ဖောလစ်အက်ဆစ်တို့ကို ထောက်ပံ့ပေးပြီး သံဓာတ်ကြွယ်ဝသော အစားအစာများကို စားခြင်းနှင့် ပတ်သက်၍လည်း ပညာပေးလေ့ရှိသည်။

သံဓာတ်ကြွယ်ဝသော အစာများ

  • သံဓာတ်အတွက် အကောင်းဆုံးရင်းမြစ်များမှာ အမဲသား၊ ဝက်သား၊ ကြက်သားနှင့် ငါး စသည်တို့ အပါအဝင် ကြယ် ၁ ပွင့်ဝင် အစားအစာများဖြစ်သည်။*
  • ခန္ဓာကိုယ်အတွက် ဤအစားအစာများမှ သံဓာတ်စုပ်ယူရန် အလွယ်အကူဆုံး ဖြစ်သည်။
  • သံဓာတ်ရရှိနိုင်သည့် အခြားရင်းမြစ်များတွင် ကြယ် ၂ ပွင့် အစားအစာအုပ်စုမှ သံဓာတ် အားဖြည့်ထားသော အစေ့အဆန်ထုတ်ကုန်များ၊ ကြယ် ၃ ပွင့် အစားအစာအုပ်စုမှ အခွံမာအသီးများ၊ ပဲမျိုးစုံနှင့် ကြယ် ၄ ပွင့် အစားအစာအုပ်စုမှ အစိမ်းရင့်ရောင်ဟင်းရွက်များစသည်တို့ ပါဝင်သည်။

ကြယ်ပွင့်အစားအစာများအကြောင်းသိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၁)

https://bit.ly/3TnRBp0

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၂)

https://bit.ly/3MuCnwi

#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်