အာရှဟင်းလျာတွေမှာနာမည်ကြီးတဲ့ ရှောက်ဘီလူး

25/08/2021 19:00 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား

    မြန်မာအခေါ်ရှောက်ဘီလူးကို အင်္ဂလိပ်အမည် Kaffir lime လို့ခေါ်ပြီး ထိုင်းမှာဆိုရင် Makrut lime လို့လည်း အသိများကြပါတယ်။ မူရင်းဒေသမှာ အရှေ့တောင်အာရှ ဖြစ်ပါတယ်။ ရှောက်ဘီလူးကို အာရှဟင်းလျာတွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အများဆုံးသုံးဖို့ စိုက်ပျိုးကြပါတယ်။ အပင်ပုမျိုးဖြစ်ပြီး ၅ ပေထိမြင့်တဲ့ အပင်ဖြစ်တဲ့အတွက်ကြောင့် အိမ်တွင်းသီးနှံပင်အနေနဲ့လည်းစိုက်ပျိုးလို့ရနေပါတယ်။ သံပုရာသီးနဲ့ အရွယ်အတူလောက်ပင်ဖြစ်ပြီး အခွံမှာ ဖုထစ်ပုံစံဖြင့် သံပုရာသီးနဲ့ ခွဲခြားနိုင်တဲ့ပုံသဏ္ဍာန်ရှိပါတယ်။ အသီးအတွင်းသားများသည်လည်း သံပုရာသီးပုံစံရှိပြီး ချဉ်သောအရသာရှိပါတယ်။ 

ရှောက်ဘီလူးအရွက်

    အရွက်မှာ စိမ်းပုပ်ရောင်ရှိပါတယ်။ အရွက်နှစ်ခုမှာဆက်နေသလိုမြင်ရပြီး အရွက်တစ်ဖက်ထိပ်မှ တစ်ခြားအရွက်တစ်ဖက်က ထွက်သည်ဟုထင်ရပါတယ်။ ရှောက်ဘီလူးရွက်ကို စွပ်ပြုတ်၊ ဟင်းလျာများ၊ ငါးဟင်း စတဲ့ အာရှဟင်းလျာတွေမှာ အများဆုံးအသုံးပြုကြပါတယ်။ အပင်မှအရွက်ကိုခူးပြီးလတ်လတ်ဆတ်ဆတ် အသုံးပြုကြသလို အရွက်အခြောက်များကိုလည်း အသုံးပြုကြပါတယ်။ အရွက်မျာကိုခူးပြီး ရေခဲသတ္တာလိုမျိုး အအေးရသည့်နေရာများတွင်သိမ်းဆည်းနိုင်ကာ လိုအပ်မှသာထုတ်ပြီးအသုံးပြုနိုင်ပါတယ်။ အပင်ကြီးထွားမှုကောင်းစေရန်အတွက် အရွက်များကို အပတ်တိုင်းခူးပေးသင့်ပါတယ်။ အရွက်ကိုကြိတ်ချေပေးမယ်ဆိုရင် သူ့ရဲ့ မွှေးကြိုင်တဲ့အဆီကိုထုတ်ပေးပြီး သံပုရာအနံ့လေးနဲ့ဖြစ်ပါတယ်။

ရှောက်ဘီလူးအသီး

    ရှုံ့တွနေတဲ့အသီးမျက်နှာပြင်နှင့် အစိမ်းပုပ်ရောင်ရှိပါတယ်။ အသီးမှ အရည်အနည်းငယ်ပဲထွက်ရှိပြီး အရည်ကို ဟင်းလျာတွေမှာ အသုံးပြုတာရှားပေမဲ့ အခွံကိုတော့ ပါးပါးလေးခြစ်ပြီး အရသာရှိသောဟင်းလျာတွေအတွက် အသုံးပြုလေ့ရှိကြပါတယ်။ 

ရှောက်ဘီလူးအပင်

    ရှောက်ဘီလူးတွင် ပိုးပြဿနာကြုံတွေ့ရနည်းသော်လည်း ပိုးကျရောက်နေတဲ့အပင်ဘေးတွေမှာစိုက်ပျိုးထားမယ်ဆိုရင် မွှားများကိုတော့ ခံနိုင်ရည်မရှိပါ။ အစေ့မှစိုက်သောအပင်များထက် ကိုင်းဖြတ်စိုက်ပျိုးခြင်းက အပင်ကြီးထွားမြန်ပြီး အပွင့်စောပွင့်လေ့ရှိပါတယ်။ ရှောက်ဘီလူးပင်သည် နေရောင်အပြည့်အဝရသော၊ ရေစီးရေလာကောင်းသောမြေတွင် ကောင်းစွာဖြစ်ထွန်းပါတယ်။ အိမ်တွင်းမှာစိုက်ထားမယ်ဆိုရင် နေရောင်ရသောပြတင်းပေါက်အနီးတွင် ထားပေးသင့်ပါတယ်။ ပင်ပိုင်းကြီးထွားချိန်တွင် ရေပေးပြီး စိုစွတ်တဲ့အနေအထား ထားပေးသင့်ပါတယ်။ အရမ်းစိုစွတ်လွန်းရင်လည်း အမြစ်ပုပ်ရောဂါကျရောက်တတ်ပါတယ်။ ဆီးနှင်းကို မခံနိုင်ပါ။ အပင်ငယ်ချိန်မှာ အကိုင်းဖြာပြီး ကြီးထွားဖို့အတွက် ကိုင်းချိုင်ပေးရပါမယ်။

    ရှောက်ဘီလူးကို ဟင်းလျာများမှာ အနံ့အရသာထူးကဲဖို့ ထည့်သွင်းအသုံးပြုကြတဲ့အတွက် သံပုရာသီးကို ရှောက်ဘီလူးနေရာမှာ အစားထိုးထည့်သွင်းချက်ပြုတ်လေ့မရှိကြပါဘူး။ သံပုရာသီးရဲ့အနံ့ကပျော့ပြီး အနည်းငယ်ခါးသက်တဲ့အတွက် ရှောက်ဘီလူးကို အာရှတစ်ဝိုက်စားသောက်ဆိုင်များတွင် (များသောအားဖြင့် ထိုင်းဟင်းလျာများတွင်) ခုနောက်ပိုင်းမှာ ပိုအသုံးများလာကြပါတယ်။ ဒီလိုပါပဲ သံပုရာသီးရဲ့ အရည်ကိုတော့ ရှောက်ဘီလူးနဲ့ အစားမထိုးနိုင်ကြပါဘူး။

    ကျန်းမာရေးအတွက်လည်းသင့်တော်တဲ့ ရှောက်ဘီလူးကို မိသားစုဟင်းလျာတွေမှာ ထည့်သွင်းစားပေးသင့်ကြောင်း ပါးလိုက်ရပါစေ။

ကိုးကား- https://www.gardeningknowhow.com/edible/fruits/lime/care-of-your-kaffir-lime-tree.htm

https://thaifoodparadise.com/kaffir-lime-vs-lime/


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်