ငါးနက်ပြာငါး
ငါးနက်ပြာငါးမှာ ငါးကြင်းအုပ်စုဝင်ငါးများဖြစ်သော ငါးသိုင်းခေါင်းပွ၊ မြက်စားငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးမြစ်ချင်းတို့နှင့် အတူ မျိုးစဥ်တစ်ခုတည်းတွင် ပါဝင်ကြပါသည်။ ငါးနက်ပြာငါးမှာ ကိုယ်ထည်တောင့်တင်းပြီး ပါးစပ်ပေါက်ကျဥ်းသည်။ နှာတံနှင့် အထက်နှုတ်ခမ်းတို့တွင် အပေါက်ကလေးများ ရှိကြသည်။ အမြီးခွစောက်နက်သည်။ တချို့ဒေသများတွင် ငါးနက်ပြာကို 'ငါးနံ'ဟုလည်း ခေါ်ကြသည်။
ငါးမြစ်ချင်းငါးနှင့် ကွာခြားချက်မှာ ငါးနက်ပြာ၏ ကျောရိုးရှိဆူးတောင်တွင် ဆူးတက်များပို၍ ပါရှိခြင်းပင်ဖြစ်သည်။
ငါးနက်ပြာဆိုသည့်အတိုင်း ငါးအရောင်မှာ 'နက်ပြာရောင်'သန်းနေပြီး တမူထူးခြားနေပါသည်။ ဆူးတောင်အရောင်မှာ အမည်းရောင်သန်းသည်။ အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများတွင်လည်း ငါးနက်ပြာငါးကို တွေ့ရလေ့ရှိသည်။
ငါးနက်ပြာငါးမှာ ရေချိုငါးမျိုးစိတ်ဖြစ်၍ သဘာဝမြစ်ချောင်းများတွင် တွေ့ရလေ့ရှိပြီး နေရာမရွေးရှင်သန်ကြီးထွားနိုင်ကြပါသည်။ ပြည်တွင်း၌ သားဖောက်အောင်မြင်ခြင်းများရှိသော်လည်း မွေးမြူသူနည်းပါးလှပါသည်။
ဒေသခံများမှာ ငါးနက်ပြာငါးကို ငါးကြော်၊ ငါးပေါင်း၊ သောက်ဆမ်း၊ ဆီပြန်ရေကျန်အစပ်ဟင်း စသဖြင့် ချက်စားကြပါသည်။ ငါးနက်ပြာငါးမျာ ကြေလွယ်၊ ကျက်လွယ်ပြီး သွေးပါသော အနာတို့ကို နိုင်၏။ သွေးကို ဆန်တက်စေသည်ဟုလည်း မှတ်ရဖူးပါသည်။
အရသာထူးကဲစေမည့် ငါးနက်ပြာဟင်းချက်ပြုတ်ပုံမှာ -
၁။ ပထမဦးစွာ ငါးနက်ပြာငါးကို အကြေးခွံသင်၊ အညစ်အကြေးများ ဆေးကြောပြီး အနေတော်အတုံးလေးတုံးကာ ဆား၊ အရသာမှုန့်၊ နနွင်းအနည်းငယ်တို့ဖြင့် နယ်ပြီး နှပ်ထားရပါမည်။
- ပြီးနောက် မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီသင့်ရုံထည့်ကာ ဆီသေပြီဆိုပါက ကြက်သွန်ဖြူ/ နီ၊ ဂျင်း အရောထောင်းနှင့် ငါးပိအနည်းငယ်တို့ကို ထည့်ပြီး ရောသမ မွှေပေးရပါမည်။
- အနံ့မွှေးလာပြီဆိုပါက ခရမ်းချဥ်သီးပါးပါးလှီးထည့်ပြီး အနှစ်,ရအောင်မွှေပေးရပါမည်။
- အနှစ်ရလာပြီဆိုပါက နှပ်ထားသော ငါးအတုံးလေးများကို ရေအနည်းငယ်နှင့်အတူ ထည့်ပြီး အိုးအဖုံး ဖုံးထားရပါမည်။
- ဆီပြန်လာပြီဆိုပါက မဆလာနှင့် နံနံပင်ကို ဖြူးပြီးပါက မီးဖိုးပေါ်မှ ချပြီး သုံးဆောင်နိုင်ပါပြီး၊ ထိုအခါ ရနံ့မွှေးမွှေးလေးနှင့် အရသာကောင်းမွန်လှသော 'ငါးနက်ပြာငါးဟင်း' တစ်ခွက်ကို ရရှိပါမည်။
မြန်မာနိုင်ငံတွင် တွေ့ရသော ငါးနက်ပြာမျိုးစိတ်ကို -
Phylum (မျိုးပေါင်းစု) - Chordata
Class(အမျိုးအစား) - Actinopterygii
Order(မျိုးစဥ်) - Cypriniformes
Family(မျိုးရင်း)- Cyprinidae
Genus(မျိုးစု) - Labeo
Species(မျိုးစိတ်)- Labeo Calbasu ဟူ၍ သိရှိရပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 1 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026