ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်

27/03/2026 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

လန်ပိကျွန်းရှိ အဏ္ဏဝါအမျိုးသားဥယျာဉ်သည် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိသည်။ လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် မြိတ်ကျွန်းစုထဲတွင်ပါဝင်ပြီး ကျွန်းငယ်များစွာ ဝန်းရံလျက်ရှိသည်။ လန်ပိကျွန်းနှင့် ပင်မကုန်းမြေအကြားတွင် ပင်လယ်ရေသည် ပျမ်းမျှ ၁၂ မီတာ နက်ရှိုင်းသည်။ ထို့ပြင် လန်ပိကျွန်းသည် ယေဘုယျအားဖြင့် တောင်ကုန်းထူထပ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၄၅၅ မီတာမြင့်သည်။ ကမ်းရိုးတန်းအများစုမှာ  ကျောက်ဆောင်ထူထပ်ပြီး  သဲသောင်ကမ်းခြေများ၊ ပင်လယ်အော်များ၊ ရေလက်ကြားများလည်းရှိသည်။ ထို့အပြင် တစ်နှစ်ပတ်လုံးစီးဆင်းသော မြစ် (၂) စင်းရှိပြီး ရာသီအလိုက်စီးဆင်းသော စမ်းချောင်းများစွာလည်း ရှိသေးသည်။ လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် အာဆီယံ အမွေအနှစ်ဥယျာဉ် စာရင်းဝင်ဖြစ်ပြီး Important Bird Area (IBA) သတ်မှတ်ထားသော ဥယျာဉ်တစ်ခုဖြစ်သည်။ လန်ပိကျွန်းအား ၁၉⁠၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ သည်။ 

မြန်မာနိုင်ငံ၏ ပထမဆုံးသော အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်သည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်ကို ၁၉၉၆ ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ၄င်းဒေသ၏ ထူးခြား၍ အရေးပါသော ဂေဟစနစ်များ၊ မျိုးစိတ်များ၊ ယဥ်ကျေးမှုထုံးတမ်းစဥ်လာများ တည်ရှိမှုနှင့် ၄င်းတို့အကြား သဟဇာတဖြစ်စွာ တည်ရှိနေမှုတို့ကြောင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဥ်အဖြစ် သတ်မှတ်ခဲ့ပါသည်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်သည် မြောက်လတ္တီတွဒ် ၁၀°၅၀'၊ အရှေ့လောင်ဂျီတွဒ် ၉၈° ၁၂' ၊ ကော့သောင်းမြို့မှ ရေမိုင်(၆၀)၊ ဘုတ်ပြင်းမြို့မှ ရေမိုင်(၄၀)ကွာဝေးပြီး တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင်း တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၂၀၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်သည် အမြဲစိမ်းသစ်တောအမျိုးအစား ဖြစ်ပြီး လမုတော၊ ကမ်းခြေသစ်တော၊ ဒီရေတောများလည်း ယခုအချိန်ထိ ရှိနေပြီး ပင်လယ်မြက်ခင်းများသည် အထူးသဖြင့် ကျွန်း၏ အရှေ့ဘက်တွင်ရှိနေသည်။အဏ္ဏဝါအမျိုးသားဥယျာဥ်၏ ၇၅ ရာခိုင်နှုန်းခန့်သည် အဏ္ဏဝါနေရင်းဒေသနေရာများဖြစ်ပြီး ကျန်ဧရိယာများသည် အမြဲစိမ်းတော ၂၂ ရာခိုင်နှုန်း၊ ဒီရေတော ၂ ရာခိုင်နှုန်းနှင့် ပင်လယ်သဲခုံတော ၁ရာခိုင်နှုန်းတို့ ဖြစ်သည်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်အတွင်း နို့တိုက်သတ္တဝါ ၁၉ မျိုး၊ ငှက်မျိုးစိတ် ၂၂၈ မျိုး၊ တွားသွားသတ္တဝါ ၁၉ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၁၀ မျိုး၊ ငါးမျိုးစိတ် ၄၂ မျိုး၊ ကဏန်းမျိုးစိတ် ၄၂ မျိုး၊ အပင်မျိုးစိတ် ၁၉၅ မျိုး၊ ပင်လယ်မြက်မျိုးစိတ် ၁၁ မျိုး၊ ပင်လယ်ရေမှော် ၇၃ မျိုး၊ အပင်မျှော (Phytoplankton) မျိုးစိတ် ၁၃၆ မျိုး၊ အကောင်မျှော (Zooplankton) မျိုးစိတ် ၁၅၀ မျိုး၊ ဒီရေတောပင်မျိုးစိတ်(၆၃)မျိုးနှင့် သန္တာကျောက်တန်းများ တွေ့ရှိရပါသည်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ် ဧရိယာအတွင်း မျိုးသုဥ်းပျောက်ကွယ်လုနီးပါး မျိုးစိတ်များဖြစ်သည့် ရေဝက်၊ ပြင်သာလိပ်၊ မလေးသင်းခွေချပ်နှင့် မျိုးသုဥ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်များဖြစ်သည့် ဖျံအမွေးနု၊ မျောက်ပုတီး၊ မျောက်လေပွေ၊ ချေလှောင်၊ လင်းဆွဲများလည်း ကျက်စားလျက်ရှိပြီး သန့်ရှင်းလှပသော ကမ်းခြေများနှင့် ပင်လယ်ရှုခင်းများ၊ ဒီရေတောမြစ်ဝနှင့် ပင်လယ်လိပ်များ ဥဥချသည့် လိပ်သောင်များနှင့် မူလဒေသခံများဖြစ်သည့် မော်ကင်း(ခေါ်) ဆလုံလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများသည် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်၏ အလွန်ထူးခြားထင်ရှားသော တန်ဖိုးများဖြစ်ပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အခွင့်အလမ်းများ ဖြစ်ပါသည်။ 

 

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်သို့ ရန်ကုန်-ကော့သောင်း လေယာဉ်ဖြင့်သွားလျှင်  (၂)နာရီခန့်ကြာသည်။ ထိုမှတဆင့် ကော့သောင်း-လန်ပိ စက်လှေဖြင့် (၅)နာရီခန့် သွားရသည်။ ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်တွင် ဒီရေတော ဂေဟစနစ်၊ ရေပျော်ငှက်များကို လေ့လာနိုင်ခြင်း၊ အမြဲစိမ်းတော ဂေဟစနစ်များကို လေ့လာနိုင်ခြင်း၊ သန္တာကျောက်တန်းများအား လေ့လာသုတေသနပြုနိုင်ခြင်း၊ ဆလုံမျိုးနွယ်များ၏ ယဉ်ကျေးမှုများကို လေ့လာနိုင်ခြင်း၊ ငါးမျိုးစိတ်နှင့် ခရုကမာမျိုးစိတ်များကို လေ့လာနိုင်ခြင်း၊ အပျော်တမ်း ပင်လယ်ရေငုပ် ဆောင်ရွက်နိုင်ခြင်း၊ ပင်လယ်ကမ်းခြေတွင် အနားယူအပန်းဖြေနိုင်ခြင်းစသည့် အခွင့်အလမ်းများရရှိနိုင်သည်။

လန်ပိကျွန်းတွင် ခရီးသွားများအနေဖြင့် သစ်တောအလှကိုကြည့်ကာ ကနူးလှေစီးခြင်း၊ တောတွင်းလမ်း လျှောက်၍ ငှက်ကြည့်ခြင်း၊ ရေအောက်အလှနှင့် သန္တာကျောက်တန်းများကို ကြည့်ရှုခြင်း၊ လှိုင်းစီးခြင်းနှင့် ဒိုင်ဗင်ထိုးခြင်း၊ ဆလုံတိုင်းရင်းသားတို့၏ လူနေမှုဘဝပုံစံကို လေ့လာခြင်း၊သစ်ပင်နှင့် နို့တိုက်သတ္တဝါ များ၊ ကုန်းနေ/ရေနေသတ္တဝါများကို လေ့လာခြင်း၊ ငှက်နှင့် ပင်လယ်ရေမှော်များကို လေ့လာခြင်း စသည့် နှစ်သက်ရာဝါသနာအလိုက် လေ့လာအပန်းဖြေလေ့ရှိပြီး ပင်လယ်ကမ်း​ခြေ၏ နူးညံ့သော သဲသောင်မွမွပေါ်တွင် လမ်းလျှောက်ခြင်းနှင့် နေပူစာလှုံခြင်းကိုလည်း ခရီးသွားများ နှစ်သက်ကြလေ့ရှိသည်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်တွင်  ရေပျော်ငှက်နှင့် ဒေသမျိုးရင်းငှက်များ ရှင်သန်ကျက်စားလျက်ရှိရာ ပုလင်းနှုတ်သီးလင်းပိုင်နှင့် အောက်ချင်းငှက်အပါအဝင် ရှားပါးမျိုးစိတ်များ နေထိုင်ကျက်စားမှုရှိနေသော နေရာတစ်ခုတစ်ခုလည်း ဖြစ်သည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်