ဆရာဝန်ကြီးတွေ လုပ်ရအောင်

16/12/2019 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပင်မှာလည်း ရောဂါကျတာပေါ့။ ကုပေးမဲ့ ဆရာဝန်တွေက ဘယ်မှာလဲ ဆိုတော့ ကိုယ်တွေပဲလေ။ ကုပေးရမှာပေါ့။ အဲ့တော့ ဆရာဝန်တွေ ဆေးပညာကိုလေ့လာရသလို တောင်သူဦးကြီးတွေလည်း အပင်တွေနဲ့ ပတ်သတ်တဲ့ ရောဂါတွေအကြောင်းကို စတင်လေ့လာကြတာပေါ့။

အပင်ရောဂါတွေကို ကုသပေးနိုင်ဖို့ကလည်း အထွက်နှုန်းကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ စူပါပါဝါကြီးပါပဲ။ ရောဂါကျတဲ့ အခါ အထွက်တွေကိုလည်း အနည်းနဲ့အများထိခိုက်တာအပြင် လူကိုပါ ထိခိုက်တတ်တာကလား။ ဗိုက်အောင့်တာမျိုးတွေ၊ အကြောလိုက်တာမျိုးတွေနဲ့ အသည်းကိုထိခိုက်ပြီးတော့ ရောဂါတွေဝင်တာမျိုးတွေ ဖြစ်တတ်တယ်ဆိုတော့ ကား... ကြောက်ဖို့ ကောင်းတဲ့ ထိခိုက်မှုကြီးတွေကို ကာကွယ်နှိမ်နင်းနိုင်ဖို့ဆိုရင် အောက်ကအချက်တွေကို သိထားရမှာပါ။

ရောဂါဖြစ်စေတဲ့ အကြောင်းအချက်

သူတို့ကို အုပ်စု () စု ခွဲထားပါတယ်။

(က) Abiotic Factors

ရောဂါဖြစ်စေနိုင်တဲ့ အရာတွေထဲက သက်ရှိမဟုတ်တဲ့ အရာတွေကို ပြောတာပါ။ ရောဂါတွေဟာ ပိုးကြောင့်လည်း မဟုတ်ဘူး၊ အကောင်တွေကိုက်လို့လည်း မဟုတ်ပါဘူး၊ အာဟာရမပြည့်ဝတဲ့အတွက်ကြောင့် ဖြစ်တာမျိုး၊ အလင်းရောင်လွန်ကဲတာ၊ လုံလောက်အောင် မရတာ၊ ရှိသင့်တဲ့အစိုဓာတ်မရှိတာ၊ ရှိသင့်တာထက်များနေတာ၊ မြေကြီးက မမျှတတာ စတဲ့အကြောင်းအချက်တွေကြောင့် ပုံမမှန်ဖြစ်တတ်တာမျိုးတွေ ပါဝင်ပါတယ်။

() Mesobiotic Factors

သူကျတော့ ရှင်တာလည်းမဟုတ် ရှင်တာလည်းမဟုတ်တဲ့ အရာကိုပြောတာပါ။ အပင်တွေကို တိုက်ခိုက်ပြီး ရောဂါတွေဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေလို ဘရိုက် တွေလိုမျိုး အရာတွေကို ဆိုလိုပါတယ်။

() Biotic Factors

အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိအရာတွေ ပါတဲ့ အုပ်စုပါ။ မှိုတွေ၊ ပရိုတိုဇီုဝ၊ ရေညှိ၊ နီမတုတ် နဲ့ ကပ်ပါးကောင်တွေပါတဲ့ ယူကယုတ်(Eukaryotes) အုပ်စုနဲ့ ဘက်တီးရီးယား၊ မိုက်ကိုပလပ်စမာ (Mycoplasma)၊ နဲ့ Rickettsia တွေလို အကောင်တွေပါတဲ့ ပရိုကာယုတ် (Prokaryotes) တွေ ပါဝင်ပါတယ်။

ဖြစ်တဲ့ ပုံပေါ်မူတည်ပြီးတော့ ရောဂါတွေကို ခွဲခြမ်းလေ့လာကြမယ်

() Endemic Disease (အစုလိုက် ရောဂါ) - သူက ဒေသတစ်ခုဆို တစ်ခုမှာပဲဖြစ်တတ်တဲ့ ရောဂါ အမျိုးအစားပါပဲ။ အဲ့လိုဖြစ်တာတွေက ဖြစ်ချင်ဖြစ်တယ် မဖြစ်ချင်မဖြစ်ဘူး။ ဒီမှာဖြစ်ပေမဲ့လည်း ဟိုဖက်မှာတော့ဖြစ်တယ်ဆိုတဲ့ ရောဂါတွေ အုပ်စုဖြစ်ပါတယ်။ 

() Epidemic Disease (ကပ်ရောဂါ) - ဆိုတာက ကပ်ရောဂါလိုမျိုး ဖြစ်ပြီးတော့ ဆိုးဆိုးဝါးဝါးကျတတ်တဲ့ ပုံစံမျိုးတွေပါပဲ။

() Sporadic Disease - ဆိုတာကတော့ ကူးစက်ပျံ့နှံ့တတ်တဲ့ ရောဂါမျိုးတွေ ပါဝင်တဲ့ အုပ်စုတွေပါ။ အဲ့လို ရောဂါတွေကို ပြန်ပြီးတော့ ခွဲလိုက်ရင် ()မျိုး ရှိပါတယ်။

(က) Soil Borne Disease (မြေဆောင်ရောဂါ) ။ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေက မြေကြီးထဲမှာနေထိုင်နေပြီးတော့ စိုက်လိုက်တဲ့ အပင်တွေဖြစ်ထွန်းလာတဲ့အခါ အပင်တွေထဲကို ဝင်ရောက်ပြီးတော့ ရောဂါဖြစ်စေနိုင်ပါတယ်။ အဲ့လို ရောဂါတွေကို မြေဆောင်ရောဂါတွေလို့ သတ်မှတ်ထားပါတယ်။

() Seed Borne Disease (မျိုးစေ့ဆောင်ရောဂါ) ။ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေဟာဆိုရင် မျိုးစေ့ထဲကို ဝင်ရောက်နေပြီးတော့ သူတို့အတွက် အချိန်အခါ အခြေအနေ ပေးတဲ့အချိန်မှာ ရောဂါထဖြစ်တာမျိုးကို ဆိုလိုပါတယ်။

() Air Borne Disease (လေဆောင်ရောဂါ) ။ သက်ရှိ အနုဇီဝတွေဟာ လေကနေ တစ်ဆင့် အပြင်ကို လေနဲ့ ကူးစက်ပျံ့နှံ့ပြီးတော့ တစ်ခြားအပင်တွေမှာ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

() Disease Spread by Insects (အင်းဆက်တွေကြောင့် ပျံ့နှံ့တဲ့ ရောဂါတွေ) ။ တစ်ချို့ ဗိုင်းရပ်စ်ရောဂါတွေကတော့ အင်းဆက်တွေကနေ တစ်ဆင့်ပျံ့နှံ့ပါတယ်။ အဲ့လို အင်းဆက်တွေကို အင်းဆက် ဗက်တာ (Vector) လို့ခေါ်ပါတယ်။ အင်းဆက် ရောဂါသယ်ဆောင်သူတွေပါ။

များသောအားဖြင့် မြင်တွေ့ရတတ်တဲ့ ရောဂါပုံစံ လက္ခဏာတွေကို လေ့လာကြည့်ခြင်း

ကဲ ဒေါက်တာတို့ရေ အပင်တွေမှာ ရောဂါတွေဖြစ်ပြီဆိုရင် ရောဂါလက္ခဏာဆိုတာ ရှိပါတယ်။ ရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေ တွေ့ရတတ်လဲ ဆိုတော့ ()ပိုင်းရှိပါတယ်။ ရောဂါဖြစ်စေတဲ့ သက်ရှိတွေကိုမြင်တွေ့ရတဲ့ လက္ခဏာနဲ့ အပင်တွေရဲ့ ဖြစ်တတ်တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

ရောဂါဖြစ်စေနိုင်တဲ့သက်ရှိတွေကို အပင်တွေမှာ ဘယ်လိုမြင်ရနိုင်လဲ

)ဖားဥမှို။ ။ မှိုတက်နေတာပါ။ သာမာန်အားဖြင့်ဆိုရင်တော့ သူတို့က အလွန်သေးငယ်ပြီးတော့ မြင်ရတဲ့အခြေအနေမဖြစ်ပါဘူး။ အရမ်းများပြီး စုစည်းပြီး လူတွေမြင်ရလောက်တဲ့ အထိဖြစ်လာတာပါ။

) သံချေး။ ။ သတ္တုတွေမှာလို သံချေးတက်တာတော့မဟုတ်ပါဘူး။ အမှုန်လေးတွေ အရွက်မျက်နှာပြင် အပေါ်ဖက်နဲ့ အောက်ဖက်တွေမှာ ဖြစ်လာတာပါ။ အဲ့လို တက်လာတဲ့ သံချေးမှိုတွေထဲမှာ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်နဲ့ အနက်ရောင် အမှုန်လေးတွေပါပါတယ်။

) ကြပ်ခိုးမှို။ ။ ကြပ်ခိုးမှိုင်း ဒါမှမဟုတ် အနက်ရောင် ကြပ်ခိုးတွေလို မှိုတွေက ပန်းပွင့်တွေ၊ ပင်စည်တွေ၊ အရွက်တွေနဲ့ အမြစ်တွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

) အဖြူရောင်ဖုတွေ။ ။ အရည်ကြည်ဖုလို အဖြူရောင်အကွက်အဖုတွေ မြင်ရနေရင် အပင်ရောဂါဖြစ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။

) အနာဖေး။ ။ လူတွေမှာ အနာဖေးတက်သလိုမျိုး အပင်တွေမှာလည်း တက်နေတာမျိုးဆိုရင်တော့ အပင်တွေရောဂါဖြစ်နေတာပါ။

) စခရိုးရှား။ ။ ရင့်သွားတဲ့ မှိုမျှင်တွေဆိုရင် အပေါ်ဖက်ကို တက်လာပြီး အစုလိုက် လေးဖြစ်နေတတ်ပါတယ်။

) အကွက်။ ။ အထူးသဖြင့် အသီးတွေမှာဖြစ်တတ်တဲ့ အကွက်လိုက် အကွက်လိုက် ပုံစံတွေပါ။

) အသီးတွေ။ ။ အသားထူထူ ဒါမှမဟုတ် သစ်ဖုလို အဖုတွေ အသီးတွေ ရှိနေတတ်ပါတယ်။

) စစ်ထုတ်ရည်တွေ။ ။ ဘက်တီးရီးယားရောဂါတွေ ကျရောက်ပြီးတော့ အပင်တွေရဲ့ အစိတ်အပိုင်းတွေမှာ အရည်တွေအနေနဲ့ဖြစ်ဖြစ် စမ်းသပ်ကြည့်ရင်ဖြစ်ဖြစ် တွေ့ရတတ်ပါတယ်။

၁၀) အစက်အပျောက်ကွက်။ ။ အရွက်မျက်နှာပြင်မှာ အမဲရောင် မြှင့်တက်နေတဲ့ အစက်အပျောက်တွေကို မြင်တွေ့ရမှာပါ။

လက်ခံပင်တွေမှာဖြစ်တတ်တဲ့ လက္ခဏာတွေ

) အရောင်တွေပြောင်းတာ၊ ရောင်မညီကွက်ကြားတွေဖြစ်တာ၊ အရောင်တွေပျောက်နေတာတွေ စတဲ့ လက္ခဏာတွေက အပင်တွေမှာ ရောဂါဖြစ်ပြီဆို ပြတတ်ကြပါတယ်။

) အဖုတွေေ၊ အပိန်တွေ ထွက်တာ၊ အမြစ်တွေဆိုရင်လည်း မျှင်မျှင်လေးတွေဖြစ်နေတာမျိုး၊

) ကြီးထွားတာ တန့်ပြီးတော့ ပုတိုတိုဖြစ်နေတာမျိုး၊

) ရောင်မညီကွက်တွေ

) အမဲကွက်တွေ

) ရွက်ဖျားကနေ တစ်ဖြည်းဖြည်း တစ်ပင်လုံး ခြောက်သွားတာမျိုး

) ညိုးနေတာ၊ အပင်တွေက ရေလုံလောက်ရဲ့သားနဲ့ ညိုးကို ညိုးကျနေတာမျိုး

) တစ်ခြား လက္ခဏာတွေဖြစ်တဲ့ ပုံမှန်မဟုတ်ပဲ အရွက်တွေကြွေကျတာ ပန်းပွင့် မတင်တာ၊ အသီးမတင်ပဲ ကြွေကျတာ၊ အပင်အစိတ်အပိုင်းတွေ ပျက်စီးတာမျိုးတွေ စတဲ့ လက္ခဏာတွေကို အပင်တွေမှာ တွေ့ရမှာဖြစ်ပါတယ်။

အပင်ရောဂါတွေ မဖြစ်ခင်ရော ဖြစ်နေပြီဆိုရင်ရော လုပ်ပေးလို့ရတဲ့ အချက်လေးတွေ ရှိပါတယ်။

) ရောဂါခံနိုင်တဲ့ မျိုးကိုစိုက်ပျိုးတာ။ ။ ကိုယ့်ဒေသမှာ ဘာရောဂါတွေကျတတ်လဲ ဆိုတာ သိနေမှတော့ ခံနိုင်ရည်ရှိတဲ့မျိုးကို ကြိုတင်ပြီးတော့ စိုက်ပျိုးထားရင် အကောင်းဆုံးကြိုတင်ကာကွယ်တာပဲပေါ့။

) ထိရောက်တဲ့ စိုက်ပျိုးနည်းလမ်းတွေကို သုံးပါ။ ။ ကောင်းကောင်းထွန်ယက်ထားတာ၊ အချိန်လိုက်ပြီးစိုက်ပျိုးတာ၊ သီးလှည့်စိုက်ပျိုးပေးတာ၊ မြေသြဇာနဲ့ ရေသွင်းရေထုတ် စီမံခန့်ခွဲတာ၊ သီးရောစိုက်တာ စတဲ့ နည်းလမ်းတွေက ရောဂါကျရောက်မှုတွေကို နည်းပါးစေပါတယ်။
) ဓာတုဆေးတွေ သုံးတဲ့နည်းနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမဲ့ အကောင်းဆုံးကတော့ မသုံးရလေ ကောင်းလေဖြစ်ပါတယ်။

) အနုဇီဝသက်ရှိတွေကို သုံးပြီးတော့ ရောဂါတွေကို နှိမ်နင်းတာ မျိုးက ခုခေတ်မှာ တော်တော်ခေတ်စားနေတဲ့ နည်းလမ်းဖြစ်ပါတယ်။

) အရမ်းဆိုးဝါးတယ်ဆိုရင်တော့ နိုင်ငံ တစ်နိုင်ငံကနေ တစ်နိုင်ငံကို မကူးစက်နိုင်အောင် တားဆီးတဲ့နည်းလမ်းတွေကိုလည်း သုံးနိုင်ကြပါတယ်။

ထွန်းဝင်းကျော်

http://oer.nios.ac.in/wiki/index.php/Plant_Diseases


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်