ငါးသလဲထိုးငါး

03/02/2020 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးသလဲထိုးငါး (Loach) များမှာ ရေချိုငါးမျိုးစိတ်များဖြစ်ကြသည်။ အရောင်မှာ ရွှေဝါရောင်ရှိပြီး အမဲရောင်အစက်အပျောက်များ ပါရှိကြသည်။ ခန္ဓာကိုယ်မှာ ရှည်မျှောမျှောဖြစ်ပြီး ပါးစပ်မှာ အောက်ဘက်သို့ကျပြီး နှာယောင်မှာ ကွေးညွှတ်နေသည်။ ငါးသလဲထိုး အကြေးခွံလေးများမှာ အလွန်သေးငယ်ကြပါသည်။ အရွယ်အစားမှာ အမြင့်ဆုံးအလျား (.)စင်တီမီတာရှိကြပါသည်။

ငါးသလဲထိုးငါးမှာ အစုံစား(omnivorous) များဖြစ်ပြီး ငါးငယ်၊ အပင်မျှော၊ အကောင်မျှော၊ ရေပိုးမွှား၊ ရေညှိ၊ ရေမှော် စသည်တို့ကို သူတို့၏ အစာအဖြစ် စားသုံးကြသည်။ ငါးသလဲထိုးငါးကို အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများ၌လည်း တွေ့ရှိရပါသည်။ ထိုငါးကို ချောင်းမြောင်း၊ ကန်၊ ရွှံ့နွံ၊ ကျောက်တုံးကျောက်ဆောင်များကြားတွင်လည်း ရမိတတ်ကြသည်။

ငါးသလဲထိုးငါးမှာ အသားနုပြီး အာဟာရဓါတ်အလွန်ပြည့်ဝသော ရေထွက်ကုန်ဖြစ်သည်။ ရေထဲက 'ဂျင်စင်း' ဟု ခေါ်ဆိုကြပါသည်။ ကျန်းမာရေးနှင့် ညီညွှတ်ပြီး အရိုးပါမကျန် စားသုံးနိုင်သော ငါးဖြစ်သည်။ အစာကို ကြေညက်လွယ်ပြီး အင်အားကို ဖြစ်စေသည်။ လေ၊ သည်းခြေကိုနိုင်ပြီး သလိပ်ကိုပွားစေတတ်သည့်အပြင် အကြောနှင့်ဆိုင်သော အနာများကို နိုင်၏။

 ဈေးကွက်လိုအပ်ချက်လည်း မြင့်မားပါသည်။ ထို့ကြောင့် မွေးမြူသူများမှ ကျယ်ပြန့်စွာ မွေးမြူကြရန် လိုအပ်ပါသည်။ ငါးသလဲထိုးငါးများကို မွေးမြူရာတွင် ငါးသလဲထိုးသားပေါက်များအား လူအားဖြင့်မွေးမြူခြင်း (သို့) သဘာဝအလေ့ကျပေါက်ရောက်သော သားပေါက်များကို ရွေးချယ်မွေးမြူခြင်း ဟူ၍ဖြစ်ပါသည်။ သို့သော် ငါးသားပေါက်အားလုံးမှာ အရွယ်အစားညီညာခြင်း၊ လှုပ်ရှားမှု သွက်လက်ဖျတ်လတ်ခြင်း၊ ရောဂါဒဏ်ရာမရှိခြင်းတို့နှင့် ပြည့်စုံရမည်ဖြစ်ပြီး တစ်ကြိမ်တည်း အပြည့်အဝ မွေးမြူရမည် ဖြစ်သည်ဟု သိရသည်။

ထို့ပြင် မွေးမြူထားသော ငါးသလဲထိုးကို အစာကျွေးရာ၌ ငါးသလဲထိုးငါးမှာ အစုံစားငါးဖြစ်သောကြောင့် ဓါတ်မြေဩဇာကျွေးပေးခြင်းနှင့် သဘာဝငါးစာများအပြင် ငါးကျွေးစာအနှစ်၊ ငါးကျွေးစာမှုန့်၊ ဂျုံဖွဲနု၊ ပဲဖတ်အခဲ၊ ပိုးမျှင်ကောင်တုံးလုံး၊ ဟင်းရွက်၊ တိရစ္ဆာန်အကြွင်းအကျန် ကုန်ကြမ်းပစ္စည်းစသည့် ကျွေးစာများကိုလည်း ကျွေးပေးရမည်ဖြစ်သည်ဟု သိရသည်။

ငါးသလဲထိုးငါးကို ငါးသလဲထိုးအိုးကပ်၊ အကြွပ်ကြော်၊ ခြောက်စပ်၊ ငါးသလဲထိုး ဆီပြန်၊ ငါးသလဲထိုးအစပ် ပင်စိမ်းအုပ်၊ ငါးသလဲထိုးခြောက်ကြော်၊ ငါးသလဲထိုးကြော်နှင့် ဆီထမင်း စသဖြင့် စားသုံးလေ့ရှိကြသည်။ ငါးသလဲထိုး အရှင်ကို နွားနို့ (သို့) အုန်းနို့ရည်ထဲ စိမ်ထည့်ပြီး ပြန်ဆယ်ကာချက်ပါက ပို၍ အရသာထူးသည်ဟု သိရသည်။

ငါးသလဲထိုးငါးကို -

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဥ်) - Cypriniformes

Family (မျိုးရင်း) - Cobitidae

Genus (မျိုးစု) - Lepidocephalichthys

Species (မျိုးစိတ်) - Lepidocephalichthys Berdmorei ဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီးဌာန)

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်