ငါးသလဲထိုးငါး

03/02/2020 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးသလဲထိုးငါး (Loach) များမှာ ရေချိုငါးမျိုးစိတ်များဖြစ်ကြသည်။ အရောင်မှာ ရွှေဝါရောင်ရှိပြီး အမဲရောင်အစက်အပျောက်များ ပါရှိကြသည်။ ခန္ဓာကိုယ်မှာ ရှည်မျှောမျှောဖြစ်ပြီး ပါးစပ်မှာ အောက်ဘက်သို့ကျပြီး နှာယောင်မှာ ကွေးညွှတ်နေသည်။ ငါးသလဲထိုး အကြေးခွံလေးများမှာ အလွန်သေးငယ်ကြပါသည်။ အရွယ်အစားမှာ အမြင့်ဆုံးအလျား (.)စင်တီမီတာရှိကြပါသည်။

ငါးသလဲထိုးငါးမှာ အစုံစား(omnivorous) များဖြစ်ပြီး ငါးငယ်၊ အပင်မျှော၊ အကောင်မျှော၊ ရေပိုးမွှား၊ ရေညှိ၊ ရေမှော် စသည်တို့ကို သူတို့၏ အစာအဖြစ် စားသုံးကြသည်။ ငါးသလဲထိုးငါးကို အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများ၌လည်း တွေ့ရှိရပါသည်။ ထိုငါးကို ချောင်းမြောင်း၊ ကန်၊ ရွှံ့နွံ၊ ကျောက်တုံးကျောက်ဆောင်များကြားတွင်လည်း ရမိတတ်ကြသည်။

ငါးသလဲထိုးငါးမှာ အသားနုပြီး အာဟာရဓါတ်အလွန်ပြည့်ဝသော ရေထွက်ကုန်ဖြစ်သည်။ ရေထဲက 'ဂျင်စင်း' ဟု ခေါ်ဆိုကြပါသည်။ ကျန်းမာရေးနှင့် ညီညွှတ်ပြီး အရိုးပါမကျန် စားသုံးနိုင်သော ငါးဖြစ်သည်။ အစာကို ကြေညက်လွယ်ပြီး အင်အားကို ဖြစ်စေသည်။ လေ၊ သည်းခြေကိုနိုင်ပြီး သလိပ်ကိုပွားစေတတ်သည့်အပြင် အကြောနှင့်ဆိုင်သော အနာများကို နိုင်၏။

 ဈေးကွက်လိုအပ်ချက်လည်း မြင့်မားပါသည်။ ထို့ကြောင့် မွေးမြူသူများမှ ကျယ်ပြန့်စွာ မွေးမြူကြရန် လိုအပ်ပါသည်။ ငါးသလဲထိုးငါးများကို မွေးမြူရာတွင် ငါးသလဲထိုးသားပေါက်များအား လူအားဖြင့်မွေးမြူခြင်း (သို့) သဘာဝအလေ့ကျပေါက်ရောက်သော သားပေါက်များကို ရွေးချယ်မွေးမြူခြင်း ဟူ၍ဖြစ်ပါသည်။ သို့သော် ငါးသားပေါက်အားလုံးမှာ အရွယ်အစားညီညာခြင်း၊ လှုပ်ရှားမှု သွက်လက်ဖျတ်လတ်ခြင်း၊ ရောဂါဒဏ်ရာမရှိခြင်းတို့နှင့် ပြည့်စုံရမည်ဖြစ်ပြီး တစ်ကြိမ်တည်း အပြည့်အဝ မွေးမြူရမည် ဖြစ်သည်ဟု သိရသည်။

ထို့ပြင် မွေးမြူထားသော ငါးသလဲထိုးကို အစာကျွေးရာ၌ ငါးသလဲထိုးငါးမှာ အစုံစားငါးဖြစ်သောကြောင့် ဓါတ်မြေဩဇာကျွေးပေးခြင်းနှင့် သဘာဝငါးစာများအပြင် ငါးကျွေးစာအနှစ်၊ ငါးကျွေးစာမှုန့်၊ ဂျုံဖွဲနု၊ ပဲဖတ်အခဲ၊ ပိုးမျှင်ကောင်တုံးလုံး၊ ဟင်းရွက်၊ တိရစ္ဆာန်အကြွင်းအကျန် ကုန်ကြမ်းပစ္စည်းစသည့် ကျွေးစာများကိုလည်း ကျွေးပေးရမည်ဖြစ်သည်ဟု သိရသည်။

ငါးသလဲထိုးငါးကို ငါးသလဲထိုးအိုးကပ်၊ အကြွပ်ကြော်၊ ခြောက်စပ်၊ ငါးသလဲထိုး ဆီပြန်၊ ငါးသလဲထိုးအစပ် ပင်စိမ်းအုပ်၊ ငါးသလဲထိုးခြောက်ကြော်၊ ငါးသလဲထိုးကြော်နှင့် ဆီထမင်း စသဖြင့် စားသုံးလေ့ရှိကြသည်။ ငါးသလဲထိုး အရှင်ကို နွားနို့ (သို့) အုန်းနို့ရည်ထဲ စိမ်ထည့်ပြီး ပြန်ဆယ်ကာချက်ပါက ပို၍ အရသာထူးသည်ဟု သိရသည်။

ငါးသလဲထိုးငါးကို -

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဥ်) - Cypriniformes

Family (မျိုးရင်း) - Cobitidae

Genus (မျိုးစု) - Lepidocephalichthys

Species (မျိုးစိတ်) - Lepidocephalichthys Berdmorei ဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီးဌာန)

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်