ဆေးဖက်ဝင်လွန်းလှတဲ့ ပျားမြီးရွက်

19/04/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Longevity spinach, Longevity green

ရုက္ခဗေဒအမည် - Gynura procumbens

ပျားမြီးရွက်ဟာ ဆီးချိုရောဂါကို သက်သာစေနိုင်တဲ့ ဆေးဖက်ဝင်အပင်ဆိုပြီး အွန်လိုင်းပေါ်မှာ လူပြောများတဲ့ အပင်တမျိုးဖြစ်ပါတယ်။ သူ့ရဲ့ မူရင်းဒေသကတော့ အာဖရိက၊ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာလည်း အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ အပင်ဖြစ်ပါတယ်။

ပျားမြီးရွက်အပင်ဟာ ပတ်ဝန်းကျင်မှာ သဘာဝအတိုင်း ပေါက်ရောက်နိုင်သလို အိမ်အတွင်းမှာလည်း စိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ အသားထူတဲ့ပင်စည်နဲ့ ဘဲဥပုံ အရွက်တွေပါရှိနေပြီး ၆ - ၁၂ လက်မခန့်ထိ ရှည်လျားနိုင်တဲ့ အပင်ငယ်တမျိုး ဖြစ်ပါတယ်။

ဒီအပင်ဟာ နူးညံ့တဲ့အပင်တမျိုးဖြစ်ပြီး လတ်လတ်ဆတ်ဆတ် သုပ်စားနိုင်သလို ဟင်းချို၊ မွှေကြော်၊ ဖျော်ရည်နဲ့ လက်ဖက်ရည်ကြမ်း ပုံစံတို့ဖြင့် စားသုံးနိုင်ပါတယ်။ ၎င်းကို ချက်ပြုတ်လိုက်တဲ့အခါမှာ အရွက်တွေဟာ ရုံးပတီသီးကဲ့သို့ စေးပျစ်ထူထဲလာမှာဖြစ်ပါတယ်။ အရသာကတော့ သာမန်ဟင်းနုနွယ်ရွက်နဲ့ ဆင်တူပေမဲ့လည်း အရွက်တွေဟာ ချောမွတ်ကာ အမွေးနုလေးတွေပါရှိပြီး အသားထူတဲ့ ပုံစံတွေ့ရမှာဖြစ်ပါတယ်။ အရွက်ရဲ့ အပေါ်ဘက်ကတော့ အစိမ်းရောင်ရှိပြီး အောက်ဘက်မှာတော့ ခရမ်းရောင်ရှိပါတယ်။ 

ဒီအပင်ဟာဆိုရင် အံ့သြစရာကောင်းလောက်အောင် ဆေးဖက်ဝင်ပြီး အာဟာရဓာတ်တွေနဲ့ ဖလေဗိုနွိုက် (flavonoids) ဓာတ်များစွာပါဝင်နေတာကြောင့် မကြာသေးမီနှစ်များအတွင်းမှာပဲ တဖြည်းဖြည်းနဲ့ လူသိများလာတာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပျားမြီးရွက်ဟာ သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေနိုင်ပြီး ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရော မြင့်မားမှုကို တိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ယခုဆောင်းမှာတော့ ဆေးဖက်ဝင် ပျားမြီးရွက်အပင်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝခြင်း

ပျားမြီးရွက်မှာ ပေါပေါများများပါဝင်နေတဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင်အေ(A)၊ စီ (C)၊ ကေ-၁ (K1)၊ သံဓာတ်၊ ဖောလစ်အက်ဆစ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့  ဖြစ်ပါတယ်။ lutein၊ zeaxanthin နဲ့ quercetin အပါအဝင် အခြားသော အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ် စတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ 

၂။ သွေးဖိအား လျှော့ချပေးနိုင်ခြင်း

သွေးတိုးရောဂါဟာ လေဖြတ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာ နောက်ဆက်တွဲ ရောဂါများစွာကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ လေ့လာမှုများစွာအရ ပျားမြီးရွက်မှာဆိုရင် သွေးဖိအားကျစေနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ပျားမြီးရွက်ကနေ ထုတ်ယူရရှိတဲ့ အဆီအနှစ်တွေမှာဆိုရင် သွေးကြောတွေကို ကျယ်စေနိုင်တဲ့ အရေးကြီး ဓာတုပစ္စည်းဖြစ်တဲ့ နိုက်ထရစ်အောက်ဆိုဒ် (nitric oxide) ဓာတ်တွေ ပါဝင်နေတာကြောင့် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးလွှတ်ကြောဖိအားနဲ့ systolic သွေးဖိအားကိုလည်း လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။

၃။ ဆီးချိုရောဂါ ကာကွယ်ပေးနိုင်ခြင်း

ပျားမြီးရွက်မှာ kaempferol၊ quercetin၊ sinapic၊ caffeic နဲ့ vanillic acid ကဲ့သို့ ဒြပ်ပေါင်းတွေ ပါဝင်နေခြင်းကြောင့် ဆီးချိုသမားတွေအတွက် သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်မှုမြင့်မားပြီး ဂလူးကို့စ်တုံ့ပြန်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 

နိုက်ထရိတ် ဓာတ်တွေလည်း ပါဝင်နေတာကြောင့် အင်ဆူလင်ခံနိုင်ရည်ရှိမှု (insulin resistance) ကို ကာကွယ်ဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါအတွက် အဓိကအန္တရာယ်ဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ 

၄။ ကင်ဆာအန္တရာယ် လျှော့ချပေးနိုင်ခြင်း

ပျားမြီးရွက်မှာပါဝင်နေတဲ့ ဂလိုင်ကိုဂလိုင်ဆာရိုလစ်ပစ် (glycoglycerolipids) ဓာတ်ဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ကူညီပေးနိုင်တာဖြစ်ပါတယ်။ ၎င်းဟာ အကျိတ်ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ အချို့သော လေ့လာမှုများအရ ပျားမြီးရွက်မှာပါဝင်တဲ့ ဗီတာမင်အေ(A ) ဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

ဗီတာမင် အေ (A) ကြွယ်ဝတဲ့ မုန်လာဥနီ (သို့မဟုတ်) ပျားမြီးရွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်ထက်ပိုပြီး စားသုံးမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ပျားမြီးရွက်မှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်ပြီး ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။ 

၅။ အမြင်အာရုံကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း 

ပျားမြီးရွက်မှာ မျက်လုံးအတွက်အဓိကအရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း နှစ်မျိုးဖြစ်တဲ့ lutein နဲ့ zeaxanthin တို့ ပါဝင်နေခြင်းဟာ အမြင်အာရုံဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဒြပ်ပေါင်းတွေဟာ ဓာတ်ပြုအောက်ဆီဂျင်ကို တိုက်ဖျက်ပေးနိုင်ပြီး မျက်စိ အတွင်းတိမ်နဲ့ ကြွက်သားယိုယွင်းလာမှု အန္တရာယ်တွေကို လျှော့ချပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာဆိုရင် ပျားမြီးရွက်ကို ပုံမှန်စားသုံးခြင်းဖြင့် မြင်လွှာ (macular) ရောင်ခြယ်ပစ္စည်းတွေရဲ့ သိပ်သည်းဆကို တိုးလာစေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

၆။ ပန်းနာရင်ကျပ်ရောဂါကို ကုသရာမှာ ကူညီပေးနိုင်ခြင်း 

ပန်းနာရင်ကျပ်ရောဂါမှာ ဓာတ်တိုးဖိစီးမှု (Oxidative stressi) ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ ပျားမြီးရွက်မှာ ဗီတာမင် စီ ©နဲ့ အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ဓာတ်တိုးဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တာဖြစ်ပြီး ၎င်းကြောင့်ပဲ ပန်းနာရင်ကျပ်ရောဂါကို ကုသရာမှာ အထောက်အကူဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ အစိမ်းရောင်အရွက်တွေမှာ တွေ့ရလေ့ရှိတဲ့ Lutein နဲ့ Zeaxanthin တို့ဟာလည်း ပန်းနာရင်ကျပ်ရောဂါကို ကုသရာမှာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ 

၇။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ခြင်း 

ပျားမြီးရွက်မှာ စိတ်ဖိစီးမှုနဲ့ စိတ်ကျတာတွေကို ဆန့်ကျင်ပေးနိုင်တဲ့ အာနိသင်တွေ ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါအာနိသင်တွေဟာ သွေးတွင်းမှာရှိတဲ့စိတ်ဖိစီးမှုကို တုံ့ပြန်ရာမှာပါဝင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ ကော်တီကိုစတီရုန်း (corticosterone) ပမာဏကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ပျားမြီးရွက်မှာ တခြားအာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင်ကေ(K)၊ ဖောလိတ်၊ လူတင် (lutein) နဲ့ ဘီတာကယ်ရိုတင်း (ဗီတာမင်အေ) တို့ဟာလည်း ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးပြီး မှတ်ဉာဏ်ကျဆင်းမှုကို နှေးကွေးစေတယ်လို့ ဆိုပါတယ်။ 

ဇင်ထူးနိုင် 

Ref: https://getoldstayfit.com/

https://www.stylecraze.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်