မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရထံကို အကြံပြုတင်ပြ

29/04/2020 10:05 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Covid – 19 ကာလမှာ ဆန်စပါးလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို အကြံပြုတင်ပြထားကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

အခုလက်ရှိမှာတော့ အကြံပြုချက်များအတိုင်း နိုင်ငံတော်အစိုးရကို အကြံပြုတင်ပြထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေများ၊ အခြားစိုက်ပျိုရေးလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ခွင့်ပြုပေးနိုင်ရန်၊ တောင်သူများရဲ့လိုအပ်ချက်များအပေါ် ဝန်ဆောင်မှုပေးနိုင်ရန်၊ သွင်းအားစုများနဲ့ စိုက်ပျိုးရေးဆိုင်၊ စက်မှုလယ်ယာကိရိယာများကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးဆောင်ရွက်ပေးနိုင်ရန်၊ ဈေးကွက်မကျဆင်းရေးနဲ့ စတဲ့အကြံပြုချက်များပါဝင်ကြောင်း သိရပါတယ်။

အကျိုးတူကန်ထရိုက်လယ်ယာစနစ်ကို ဆောင်ရွက်ပေးရေး၊ နိုင်ငံတကာချေးငွေရရှိပေးရေးနဲ့ လျှပ်စစ်ဓါတ်အားခနှုန်းများကို လျှော့ပေးရေး စတဲ့အချက်များကို တောင်းဆိုထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်