မန္တလေးနှင့် အောင်လံဈေးကွက်တွင် မတ်ပဲဈေးများ အနည်းငယ်တက်လာ

23/05/2022 16:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာတဲ့ ဒေသအသီးသီးက ကုန်စည်ဒိုင်တွေရဲ့ ဈေးနှုန်းဖော်ပြချက်တွေအရ မန္တလေးနဲ့အောင်လံဈေးကွက်တွေမှာ အခုတစ်ပတ် ဒီနေ့ မေ ၂၃ တနင်္လာ မတ်ပဲအဖွင့်ဈေးဟာ ပြီးခဲ့တဲ့ မေ ၂၀ သောကြာအပိတ်ဈေးတွေထက် အနည်းငယ်စီ တက်လာတာတွေ့ရပါတယ်။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာတော့ ဈေးအပြောင်းအလဲမရှိဘဲ ပြီးခဲ့တဲ့အပတ် သောကြာနေ့အပိတ်ဈေးတွေဖြစ်တဲ့ မတ်ပဲ (အက်ဖ်အေကျူ၊ အာစီ) တစ်တန်ကို ၁၄၅၀၀၀၀ ကျပ်၊ မတ်ပဲ (အက်စ်ကျူအာစီ) တစ်တန်ကို ၁၆၄၀၀၀၀ ကျပ် ဈေးတွေအတိုင်းပဲ ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ မန္တလေးဈေးကွက်မှာတော့ ဈေးအတက်ပြလာပြီး မတ်ပဲ(အသစ်) တွေဟာ ပြီးခဲ့တဲ့သောကြာနေ့က ပိဿာ ၆၀ တစ်အိတ်ကို ၁၃၇၀၀၀ - ၁၃၈၀၀၀၀ ကြား ရှိနေရာကနေ ဒီနေ့မှာတော့ ၁၃၉၀၀၀ - ၁၄၀၀၀၀ ဖြစ်လာလို့ ကျပ် ၂၀၀၀ ခန့် ဈေးတက်လာတာဖြစ်ပါတယ်။ ဂျုံ(သစ်) ဈေးတွေကတော့ အမျိုးအစားအားလုံး နီးပါး ဈေးအနည်းငယ်စီ ကျဆင်းသွားပါတယ်။

မကွေးတိုင်း၊ အောင်လံဈေးကွက်မှာလည်း ပြီးခဲ့တဲ့သောကြာနေ့ကထက်စာရင် တစ်တင်းကို ကျပ် ၅၀၀ ဈေးတက်လာပြီး ၄၅၅၀၀ ကနေ ၄၆၀၀၀ ဖြစ်လာတာပါ။ ဆင်ဖြူကျွန်းဈေးကွက်မှာတော့ တစ်တင်းကို ကျပ် ၄၆၀၀၀ အတိုင်းပဲ ဈေးငြိမ်နေပါတယ်။

ငွေကြေးဈေးပြောင်းလဲမှုနဲ့ အဝင်ပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့အတွက် မတ်ပဲဈေးနှုန်းက ပြီးခဲ့တဲ့အပတ်ကတည်းက တည်ငြိမ်မှု မရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ လက်ရှိပေါက်ဈေးထက် ထပ်ကျဆင်းနိုင်ခြေရှိတယ်လို့သုံးသပ်မှုတွေကြောင့်  ဈေးအများကြီးမကျဆင်းခင် ရောင်းချမှုတွေ ရှိနေတဲ့အတွက် မတ်ပဲဈေးက အေးနေတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ငွေကြေးဈေးကျဆင်းမှုအပြင် အခြားတင်သွင်းမှုများ ပိုလာတဲ့အတွက် ဝယ်ယူမှု လျော့နည်းပြီး ဈေးတွေကျဆင်းသွားတယ်လို့ AMIA ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်