ရာသီဉတုပြောင်းလဲမှုလျှော့ချရေးနဲ့ ဒီရေတောများရဲ့အရေးပါမှု

20/06/2023 17:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

ကမ္ဘာသည် အချိန်နှင့်အမျှပြောင်းလဲနေသလို ကမ္ဘာပေါ်တွင်နေထိုင်သောလူသားတို့ကြောင့် ရာသီဉတုသည်လည်း နေ့စဉ်နှင့်အမျှပြောင်းလဲနေပါသည်။ 

လူသားတို့ကြောင့် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ များပြားလာခြင်း၊ သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ကာဗွန်စုပ်ယူနိုင်မှုလျော့နည်းလာခြင်းတို့ ဖြစ်လာရသည်။ ထို့ကြောင့်ကမ္ဘာကြီး ပူနွေးမှုကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရပါသည်။ 

ဘာကြောင့် ရာသီဉတုပြောင်းလဲလာတာလဲ..

ကားများ၊ စက်ရုံလုပ်ငန်းများမှ ဖန်လုံအိမ်ဓာတ်ငွေ့ခေါ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များအား လေထုထဲထုတ်လွှတ်ရာမှ အပူချိန်မြင့်တက်လာခဲ့သည်။ ၂၀ ရာစုအလယ်ပိုင်းမှစတင်ကာ လေထုအပူချိန်များ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကမ္ဘာကြီး၏ပူနွေးမှုမှာလည်း ပိုမိုလာခဲ့လေသည်။

သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို အဓိကစုပ်ယူသည်ဖြစ်ရာ သစ်ပင်များအားအလွန်အကျွံခုတ်ယူခြင်းသည်လည်း ရာသီဉတုပြောင်းလဲမှုကို ဖြစ်ပေါ်စေပါသည်။ ကမ္ဘာ့ပျှမ်းမျှအပူချိန်သည် ယခင်ရာစု နှစ်ထက် ၁ ဒီဂရီစင်ဒီဂရိတ်ကျော်တိုးမြင့်ခဲ့ပြီး လာမည့်ရာစုနှစ်များတွင် အပူချိန်ပိုမိုလျင်မြန်စွာ ဆက်လက်တိုးမြင့်လာလိမ့်မည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။

ရာသီဉတုပြောင်းလဲခြင်း၏ဆိုးကျိုးများ

ရာသီဉတုပြောင်းလဲခြင်း၏ဆိုးကျိုးများအနေဖြင့် ကမ္ဘာကြီးပူနွေးလာခြင်းအပြင် မိုးရွာသွန်းမှုပုံစံလည်း ပြောင်းလဲလာသည်။ အချို့သောဒေသများတွင် မိုးရေချိန်များကာ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နေပြီး အချို့ဒေသများတွင် မိုးရွာသွန်းမှုနည်းပါးခြင်း၊ မိုးကာလနောက်ကျခြင်း၊ မိုးခေါင်ခြင်းတို့ ဖြစ်ပေါ်လာသည်။

ကမ္ဘာကြီး၏ အပူချိန်မြင့်တက်လာခြင်းကြောင့် အာတိတ်ဒေသရှိ ရေခဲတောင်များ အရည်ပျော်လာကြသည်။ ရေခဲတောင်များအရည်ပျော်ခြင်းက ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာစေပြီး လာမည့်ရာစုနှစ်တွင် အချို့သောကုန်းမြေဒေသများသည် ရေအောက်သို့ရောက်ရှိသွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြလေသည်။ ထို့အပြင် ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ဆူနာမီကဲ့သို့သော မုန်တိုင်းများလည်း ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။

ဒီရေတောဆိုတာဘာလဲ

ဒီရေတောများကို ကမ္ဘာတစ်ဝန်းတွင် အပူပိုင်းဒေသများ၊ အပူလျော့ပိုင်းဒေသများနှင့် အချို့သောသမပိုင်း ဒေသ ပင်လယ်ကမ်းရိုးတန်းဒေသများတွင်တွေ့ရှိရပါသည်။ ဆားငန်ရေနှင့် ပင်လယ်ဒီရေအတက်အကျ ရှိသည့်နေရာများတွင် ပေါက်ရောက်ကြသည်။ 

တွဲဖက်မျိုးစိတ်များအပါအဝင် ဒီရေတောမျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိသည်ဟု အကြမ်းဖျင်းခန့်မှန်းထားကြသည်။ နေရင်းဒေသတွင်ပေါက်သည့် ဒီရေတောသစ်မျိုးစိတ် (True mangrove) ပေါင်း ခန့်မှန်းခြေအားဖြင့် ၅၄ မျိုးခန့်ရှိပါသည်။ (ကိုးကား- Wikipedia, conservation.org) 

မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီကမ်းရိုးတန်းဒေသ များတွင် အဓိကပေါက်ရောက်လျက်ရှိပါသည်။ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကမ်းရိုး တန်းဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားအချက်များကြောင့် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ဒီရေတောများ ဆုံးရှုံးခဲ့ရသည်။ ဒီရေတောများသည် ဂေဟစနစ်တစ်ခုလုံးကို ထောက်ပံ့ပေးပြီး ကမ်းရိုးတန်းဒေသရှိလူများရှင်သန်ရပ်တည်ရေးအတွက်လည်း အထောက်အကူပေးသည်။

ဒီရေတောများအား ခြိမ်းခြောက်နေသောအရာများ

သစ်ခုတ်ခြင်း၊ စိုက်ပျိုးရေးဝင်ရောက်လုပ်ကိုင်ခြင်း၊ ငါးပုစွန်မွေးမြူခြင်း၊ တမံနှင့်ရေကာတာများဆောက် လုပ်ခြင်းကြောင့် ဒီရေဝင်ရောက်မှုပြောင်းလဲခြင်း၊ ဟိုတယ်အပန်းဖြေစခန်းများတည်ဆောက်ခြင်း၊ မြို့ ပြ စီမံကိန်းများဆောက်လုပ်ခြင်း၊ မြို့ပြစီမံကိန်းများလုပ်ဆောင်ခြင်း၊ ဆူနာမီနှင့် မုန်တိုင်းဒဏ်များတို့သည် ဒီရေတောများအား ခြိမ်းခြောက်နေသောအရာများဖြစ်ပါသည်။

ဒီရေတောအကျိုးပြုပုံများ

ဒီရေတောများသည် လူသားတို့၏ အသက်ရှင်နေထိုင်ရေးကို ဘက်စုံတောင့်စုံမှ ပံ့ပိုးပေးလျက်ရှိသည်။ ဒီရေတောများသည် မုန်တိုင်းနှင့်ရေတိုက်စားခြင်းကို ကာကွယ်ပေးသည်။ ဒီရေတောများသည် သစ်နှင့်သစ် မဟုတ်သော သစ်တောထွက်ပစ္စည်းများ (ဉပမာ - ပျားရည်) တို့ကို ထုတ်လုပ်ပေးသည်။ ဒီရေတောများ၌ ငါးပုစွန်ပေါက်ဖွားမှုများပြီး ဇီဝမျိုးစုံကျက်စားသည်။ ဒီရေတောများသည် ကာဗွန်ဖမ်းယူခြင်းကိုလည်း လုပ်ဆောင်ပေး သည်။ 

ကမ္ဘာကြီးကို ပူးနွေးစေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များအားစုပ်ယူသည့် ဒီရေတောများကို ကာကွယ်ခြင်းဖြင့် ကမ္ဘာ့ရာသီဉတုပြောင်းလဲလာမှုကို လျှော့ချကြပါစို့။

ဒီရေတောဆိုင်ရာသိကောင်းစရာများကို https://www.facebook.com/WorldviewInternationalFoundation တွင်လည်းဖတ်ရှုနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်