ကူညီတတ်တဲ့..........ပင်လယ်လင်းရှူး (Marine Porpoise)

03/03/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပင်လယ်လင်းရှူးများမှာ ပင်လယ်နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြပြီး ရှားပါး ရေနေသတ္တဝါလည်း ဖြစ်ပါသည်။ ပင်လယ်လင်းရှူးများမှာ သန္ဓေဆောင်ရာတွင် သားပေါက်များကို အကောင်လိုက် အမြီးပိုင်းမှစတင်၍ မွေးဖွားပါသည်။ တစ်ကြိမ်လျှင် တစ်ကောင်သာ မွေးဖွားကြသည်။

လင်းရှူးများကို လင်းပိုင်များနှင့် မှားလေ့ရှိကြပြီး လင်းရှူးမှာ လင်းပိုင်ထက် အရွယ်အစား ပိုမိုသေးငယ်ကြပြီး လင်းရှူးတွင် နှာယောင်လုံးဝမရှိကြပေ။ ထို့ပြင် လင်းရှူးတွင် တြိဂံပုံ ကျောရိုးဆူးတောင် မပါရှိကြသလို လင်းပိုင်ကဲ့သို့ လင်းရှူးများမှာ ငါးဖမ်းလှေများနောက်သို့ လိုက်လေ့လည်း မရှိကြပေ။

လင်းရှူး၏အရောင်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အနက်နှင့် မီးခိုးရောင်ရင့်ရင့်ဖြစ်ပြီး ဝမ်းဗိုက်ပိုင်းတွင် အဖြူရောင်သမ်းနေပါသည်။ ရေယက်ဖြင့် ကူးခတ်သွားလာတတ်သော သဘာဝရှိကြသည်။ အမမှာ အထီးထက် ခန္ဓာကိုယ်ကြီးမားပါသည်။

ပင်လယ်လင်းရှူးများမှာ တရုတ်နိုင်ငံအလယ်ပိုင်း၊ ထိုင်ဝမ်ရေလက်ကြားမှ အိန္ဒိယသမုဒ္ဒရာတစ်လျှောက် ပါရှားပင်လယ်ကွေ့ထိ ကျက်စားလေ့ရှိကြသည်။ လင်းရှူးများမှာ ပင်လယ်ပြင် နို့တိုက်သတ္တဝါကြီးများ "Cetaceans” အုပ်စုတွင်ပါဝင်ကြပြီး မျိုးစိတ်ပေါင်း (၈၀) ခန့် ရှိကြပါသည်။ အရွယ်ရောက်နေသော လင်းရှူး၏ ခန္ဓာကိုယ် အလျားမှာ(135 - 145)cm ခန့် ရှိကြပါသည်။ ရေနက်ပိုင်း၌ အများဆုံးကျင်လည်ကျက်စားကြပြီး အစုံစားရေသတ္တဝါများဖြစ်ကြသဖြင့် ငါးငယ်၊ ပုစွန်၊ ကင်းမွန်၊ ရေမှော် စသဖြင့် စားသုံးကြပါသည်။

ပင်လယ်လင်းရှူးများမှာ အရှင်ဖမ်းမိဖို့ အခွင့်အရေး နည်းပါးလှပေသည်။ ၎င်းတို့မှာ ပိုက်တွင် ဖမ်းမိသည်နှင့်တပြိုင်နက် သေဆုံးကုန်သည်သာ များပါသည်။ လင်းရှူးအသားမှာ အမဲသား၊ ဆတ်သားအရသာနှင့် ဆင်သည်ဟုဆိုကြပြီး လင်းရှူးအသားမှာ ပိုမိုနူးညံ့ပါသည်။ လင်းရှူးအသည်း၊ အသွေး၊ ကလီစာများမှာလည်း အရသာထူးလှသလို လင်းရှူးခြောက်များမှာလည်း ဈေးကောင်းရှားပါးလှပါသည်။ လင်းရှူးအသားမှာ လူသားတို့အတွက် ခန္ဓာကိုယ်သန်မာ အင်အားဖြစ်စေပြီး သွေးအားအမြန်ဆုံးပြည့်သဖြင့် သွေးအားနည်းသူများ စားသုံးလေ့ရှိကြသည်။ လင်းရှူးအထီးများမှာ အမများထက် ပိုမိုဆေးဘက်ဝင်ကြောင်း သိရပါသည်။

သို့သော် လင်းရှူးများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုရှားပါးလာကြပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ကျရောက်လာပါသည်။ ငါးလုပ်ငန်းဦးစီးဌာနမှလည်း (CITES) ဆိုက်တီးစာရင်းဝင် ရှားပါးရေနေသတ္တဝါများဖြစ်သည့် ပင်လယ်လိပ်၊ ရေနဂါး၊ ငါးမန်း၊ ရေဝက်၊ ရေပုတ်သင်၊ လင်းပိုင်၊ လင်းရှူး စသည်တို့ကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုကြရန် တားမြစ်ထားသော ရေနေသတ္တဝါလည်း ဖြစ်ပါသည်။

လင်းရှူးရေနေသတ္တဝါများမှာ ရေလုပ်သားများပင်လယ်ပြင်တွင် ရေနစ်ခြင်းများဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ပေးလေ့ရှိတတ်သဖြင့် ၎င်းတို့ကိုသတ်ဖြတ်စားသောက်ခြင်း မပြုကြရန် အသိပညာပေးထားပါသည်။ နို့တိုက်သတ္တဝါဖြစ်သော ပင်လယ်လင်းရှူးများမှာ ရှားပါးရေနေသတ္တဝါစာရင်းဝင်ဖြစ်သောကြောင့် ၎င်းမျိုးစိတ်အား ရေရှည်တည်တံ့အောင် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းသင့်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါသည်။

ပင်လယ်ပြာ ( ငါးဦးစီးဌာန)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်