အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မီလီဂျပိုး(ခေါ်) ပိုးစေးနှဲ (Mealy bug)

မီလီဂျပိုး(ခေါ်) ပိုးစေးနှဲ (Mealy bug)

ဦးကြီးအားလုံး မင်္ဂလာပါဗျ။

        ဦးကြီးတို့စိုက်ပျိုးထားသော သီးနှံအများစု (သို့မဟုတ်) အိမ်အတွင်း စိုက်ပျိုးထား သော သီးနှံပင်များ၊ ပန်းပင်အများစုတွင် မီလီဂျပိုးများ ကျရောက်နေသည်ကို မြင်ဖူး ကြမယ်လို့ထင်ပါတယ်။ ထိုမီလီဂျပိုးများ ကျရောက်သောအခါ အပင်များပေါ်တွင် အဖြူရောင် အမှုန်လေးများ တွယ်ကပ်နေသကဲ့သို့ဖြစ်ပေါ်နေပါသည်။ မီလီဂျပိုးများသည် သေးငယ်သော်လည်း သီးနှံအထွက်နှုန်းများကို ထိခိုက်နိုင်ပြီး အိမ်အတွင်းအလှစိုက် ထားသော အပင်များ တွင် ကျရောက်လျှင်လည်း အပင်များကို ရုပ်ဆိုးစေပါသည်။ ထို့ကြောင့် မီလီဂျပိုးအကြောင်းကို ဆက်လက်လေ့လာကြရအောင်။

       မီလီဂျပိုးများကို အပူပိုင်းဒေသများတွင် တွေ့ရများပါသည်။ ထိုပိုးများသည် သေးငယ်ပြီး ခန္ဓာကိုယ်ပျော့သော အကောင်အမျိုးအစားဖြစ်ပါသည်။ မီလီဂျပိုးများ၏ အရွယ်အစားသည် တစ်လက်မ၏ ဆယ်ပုံတစ်ပုံခန့််သာ ရှိပါသည်။ မီလီဂျပိုးများ၏ ခန္ဓာကိုယ်မှာ ဘဲဥပုံစံ ရှိပြီး မီလီဂျပိုးများသည် အပင်များမှ ပင်ရည်ကို စုပ်ယူစားသုံးသော ဂျပိုးအမျိုးအစား ဖြစ်ပါသည်။ ထိုပိုးလေးများသည် အရွက်၊ ကိုင်း၊ အသီးအားလုံးမှာ ကျရောက်ဖျက်ဆီး နိုင်ပါ သည်။

       မီလီဂျပိုးများသည် အပင်များတွင် အသစ်ထွက်သော အကိုင်းနုများကို ပို၍ ကြိုက်နှစ်သက်ပြီး ကျရောက်ဖျက်စီးမှု ပိုများပါသည်။ မီလီဂျပိုးများ ကျရောက်သောအခါ အသိသာဆုံးလက္ခဏာမှာ အဖြူရောင်အမှုန်များကဲ့သို့သော မီလီဂျပိုးအကောင်များ တွယ်ကပ်နေပါသည်။ ထို့နောက်သစ်ရွက်များသည် အဝါရောင်ပြောင်းသွားပြီး နောက်ဆုံးတွင် ကြွေကျသွားပါသည်။ အသီး များ၊ ပန်းပွင့်များတွင်လည်း ကျရောက်ဖျက်စီးနိုင်ပါသည်။ မီလီဂျပိုးများကျရောက်မှုသည် ကျပ်ခိုးမှိုကျရောက်မှုကိုပါ အားပေးတက်ပါသည်။ 

       ဦးကြီးတို့ သီးနှံအပင်များပေါ်တွင် တွေ့မြင်နေရသော မီလီဂျပိုးများသည် အမများ ဖြစ်ပါသည်။ မီလီဂျပိုးအထီးများကို အပင်များပေါ်တွင် တွေ့ရသည်မှာ ရှားပါသည်။ အထီးများသည် တောင်ပံပါရှိပါသည်။ မီလီဂျပိုးအမများသည် အထီးများနှင့် မိတ်လိုက်ပြီး သောအခါတွင် အရွက်အောက်မျက်နှာပြင်များ၊ သစ်ကိုင်းခွကြားများ၊ အညွှန့်၊ အဖူးများ ပေါ်တွင် ဥများဥချခဲ့ပါသည်။ အမတစ်ကောင်သည် ဥပေါင်း ၃၀၀ မှ ၆၀၀အထိ ဥနိုင်ပါသည်။ ထိုဥလေးများသည် ဆယ်ရက်ခန့်အကြာတွင် ဥမှ အကောင်ပေါက်လာပြီး ထိုအကောင်လေး များသည် ပင်ရည်ကို စုပ်ယူစားသုံးပါသည်။ ထို့နောက်ပိုးတုံးလုံးအဆင့်သို့ရောက်သောအခါ အခြားအပင်များသို့ ကူးပြောင်း၍ ကျရောက်ဖျက်စီးးပါသည်။ ထို့နောက် ၄-၈ ပတ်ကြာသောအခါ အကောင်ကြီးဘဝသို့ ရောက်ရှိသွားပါသည်။ 

ကာကွယ်နှိမ်နင်းနည်းများ

    • အကောင်းဆုံး ကာကွယ်နှိမ်နင်းနည်းမှာ ကြိုတင်ကာကွယ်နှိမ်နင်းနည်းဖြစ်ပါသည်။

    • အားနည်းသော အပင်များသည် ကျန်းမာသန်စွမ်းသော အပင်များထက် မီလီဂျပိုး ကျရောက်မှုဒဏ်ကို ပိုမိုခံရဖွယ်ရှိသောကြောင့် အပင်များကို ကျန်းမာသန်စွမ်းအောင် ပြုလုပ်ပေးထားရပါမည်။ 

    • သို့သော်လည်း ရေများအလွန်အကျွံပေးခြင်း၊ နိုက်ထရိုဂျင်မြေသြဇာများ အလွန်အကျွံ ပေးခြင်းကိုလည်း ရှောင်ရှားရပါမည်။ 

    • အပင်များပေါ်တွင် မီလီဂျပိုးများကျရောက်နေသည်ကို စတွေ့လျှင် ကျရောက်နေသော အကိုင်းများကို ဖယ်ရှာပြီး မီးရှို့ဖျက်စီးပစ်ရပါမည်။

    • စိုက်ခင်းအနီးပတ်ဝန်းကျင်တွင် မြက်ခြောက်၊ အမှိုက်ခြောက်၊ သစ်ကိုင်းခြောက် များကို လေတင်ဘက်က မီးရှို့၍ မီးခိုးမှိုင်းတိုက်ပေးနိုင်ပါသည်။

    • ဘော်ဒိုဆေးရည်ကို အသီး၊ အပွင့်မရှိချိန် ကိုင်းများတစ်လျှောက် သုတ်လိမ်း၍ ကာကွယ် နိုင်ပါသည်။ စိုက်ခင်းနေရာအနှံ့ ထုံးမှုန့်များ ဖြူးထားပေးပါ။

    • တမာပိုးသတ်ဆေးများကို အကောင်များစတွေ့တွေ့ချင်းဖျန်းပေးနိုင်ပါသည်။ ဓာတုပိုး သတ်ဆေးများကို လိုအပ်မှသာ အသုံးပြုပေးသင့်ပါသည်။ 

Source- https://www.thespruce.com/how-to-control-mealybugs-1902890

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

4
မေယဉ်ဖြူ

မေယဉ်ဖြူ

လွန်ခဲ့သော ၅ နှစ် က

တမာပိုးသတ်ဆေးပြုလုပ်ပုံ

မေယဉ်ဖြူ

မေယဉ်ဖြူ

လွန်ခဲ့သော ၅ နှစ် က

ပိုးစေးနှဲ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

မီလီဂျပိုးအတွက် သင့်တော်သောပိုးသတ်ဆေးများပြောပြပေးပါလားခင်ဗျား

zawzaw

zawzaw

လွန်ခဲ့သော ၅ နှစ် က

ဓာတု ပိုးဆေးကြဘာဆေးကအဆင်ပြေလဲဗျ

You

ဆက်စပ်မေးခွန်းများ

သီးထိုးယင်နဲ့ဖိုးလမင်းပိုးအတွက်ဘယ်ပိုးသတ်ဆေးကိုသုံးရမလည်းသိချင်ပါတယ် သုံးပုံသုံးနည်းတွေကိုလည်းပြန်လည်မျှဝေပေးစေလိုပါတယ်ဗျ

kyaw naing oo • ဖြေကြားချက် 1 ခု

ဆရာခင်ဗျ ဒီလိုအရွက်ပြောက်လေးတွေဖြစ်လာလို့ဘယ်ဆေးတွေအထိရောက်ဆုံးဖြစ်မလည်းခင်ဗျလက်ရှိ ကော့ပါးကာဇူကာမိုင်စင်ဖြန်းထားပါတယ်

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

စပါးအဖုံးထွက်ချိန်နှံစုပ်ဂျပိုးအန္တရာယ်ကိုဘယ်ဆေးသုံးရင်ကောင်းမလဲ

ကိုစိုးမင်းပိုင် • ဖြေကြားချက် 2 ခု

နှစ်ပေါင်း နှစ်ဆယ်လောက် စားကျက်လို ပုံစံမျိုးဖြစ်နေတဲ့ မြေမှာ pH 5.6ပဲရှိပြီး ကျန်တဲ့အာဟာရတွေမရှိတဲ့မြေကို မြေပြုပြင်ချင်တဲ့အတွက် ကျွန်မ အော်ဂဲနှစ်နည်းနဲ့ ပဲပုပ်နဲ့ပိုက်ဆံလျှောက်စိုက်ပျိုးခဲ့ပါတယ်ရှင့်။ 1.5.2026မှာ စိုက်ခဲ့တဲ့ပဲပုပ်ပင်ဟာ Julyလ 7လ ပိုင်းမှာ မိုးတစ်လပြတ်တာနဲ့ကြုံလိုက်ရပါတယ်ရှင့်။ ဓာတ်ပုံကတော့ မိုးပြတ်တုန်းကအပင်အခြေအနေပါ။ 9လပိုင်းမှာ သီးနှံရိတ်သိမ်းခဲ့ပါတယ်ရှင့်။ အထွက်နှုန်းမရဘဲ ပိုးကျတဲ့ သီးနှံနည်းနည်းပဲရလိုက်ပါတယ်ရှင့်။ မိုးပြတ်ပြီး 8လပိုင်း မိုးပြန်ရွာချိန်မှာ ရုတ်တရက်ပိုးကျလာတာမနိုင်သလိုဖြစ်သွားပါတယ်ရှင့်။အဲဒါ ဘာကြောင့်ပိုးကျသွားတာလဲသိချင်လို့ပါရှင့်။ ပိုးမကျခင်တုန်းကတော့ သဘာ၀ပိုးသတ်ဆေးတမာဆေးသုံးခဲ့ပါတယ်ရှင့်

မနွယ် • ဖြေကြားချက် 3 ခု

ဆရာရေ ကန့်၅၀ကျပ်သား ထုံး၂၅ကျပ်သား မှိုဆေးဖော်တာကြိုတုန်းကအရောင်က အစိမ်းပုပ်ရောင် အအေးခံလိုက်တော့ဝါနုရောင် သုံးလို့ရလားအပင်အတွက်ရောထိခိုက်မူ့ရှိလားဗျ

wai phyo naing • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။