မြေဆီလွှာထဲမှာရှိတဲ့ အဏုဇီဝသက်ရှိတွေရဲ့ အကျိုးပြုပုံများ

12/09/2022 17:30 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

မြေဆီလွှာမျက်နှာပြင်ရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်တွေမှာ များစွာသော အဏုဇီဝ သက်ရှိတွေရှိတယ် ဆိုတာကို သိကြလားရှင့်..

မြေကြီးကို လက်ဖက်စားဇွန်းနဲ့ ကလော်ကြည့်လိုက်ရင် အဏုဇီဝသက်ရှိတွေ သန်း ၅၀ လောက် ပါလာပါတယ်တဲ့။

အဲ့ဒီအဏုဇီဝသက်ရှိတွေက သာမန်မျက်စိနဲ့မမြင်နိုင်ပါဘူး။ မိုက်ခရိုစကုပ်နဲ့မှ မြင်နိုင်ပါတယ်။

အဏုဇီဝသက်ရှိတွေဟာဆိုရင် မြေသားဖွဲ့စည်းတည်ဆောက်မှုကောင်းမွန်ဖို့နဲ့ မြေဆီဩဇာပြည့်ဝဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ သက်ရှိလေးတွေပဲ ဖြစ်ပါတယ်။

 အဏုဇီဝသက်ရှိလို့ခေါ်တဲ့ မိုင်ခရိုအော်ဂနဆင်ဆိုတာဘာလဲ?

ဒီသက်ရှိလေးတွေက သမုဒ္ဒရာရဲ့ ကြမ်းပြင်ကနေစပြီး လေထုရဲ့အပေါ်ဘက်အထိ နေရာတိုင်းမှာ ရှင်သန်နေထိုင်နိုင်ကြပါတယ်။ သူတို့တွေက ဆဲလ်တစ်လုံးတည်းလည်းဖြစ်နိုင်သလို ဆဲလ်အများကြီး ပါနေတဲ့ သက်ရှိလည်း ဖြစ်နိုင်ပါတယ်။ အပင်ပေါ်မှာရှိတဲ့ ဘတ်တီးရီးယား၊ အာခီးယား၊ ပရိုတိုဇိုးဝါး အပြင် များစွာသော မှိုနဲ့ရေညှိတွေလည်း ဖြစ်နိုင်ပါတယ်။

 စက္ကူညှပ်ကလစ်တစ်ခုထက်မပိုတဲ့ အလေးချိန်ပမာဏရှိတဲ့ မြေကြီးတုံးထဲမှာဆိုရင်..

  • ဘတ်တီးရီးယား - သိန်း ၃၀ နဲ့ သိန်း ၅၀၀၀ ကြား
  • အန်တီနိုမိုင်းစိ - ၁ သိန်းနဲ့ သိန်း ၂၀၀ ကြား
  • ဖန်ဂျိုင်း - ၅၀၀၀ နဲ့ ၁၀ သိန်းကြား
  • ပရိုတိုဇိုးဝါး - ၁၀၀၀ နဲ့ ၅ သိန်းကြား
  • အယ်ဂျေး - ၁၀၀၀ နဲ့ ၅ သိန်းကြား
  • နီမတုတ် - ၁၀ နဲ့ ၅၀၀၀ ကြား စတဲ့ အကောင်ရေတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အဏုဇီဝသက်ရှိတွေက ဘာကြောင့်အရေးကြီးတာလဲ?

မြေဆီလွှာထဲမှာရှိတဲ့ အဏုဇီဝတွေက ဩဂဲနစ်ပစ္စည်းတွေ ပုပ်သိုးဆွေးမြေ့အောင် လုပ်ဆောင်တဲ့ နေရာနဲ့ အပင်တွေ သီးနှံတွေကို အာဟာရတွေ ထောက်ပံ့ပေးနိုင်အောင် လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်လုပ်ဆောင်ပါတယ်။ ဩဂဲနစ်ပစ္စည်းတွေ ဆွေးမြည့်ခြင်းက အဏုဇီဝသက်ရှိတွေကို ကြီးထွားဖို့နဲ့ ဆဲလ်အသစ်တွေဖြစ်ဖို့အတွက် ကာဗွန်ကို ထောက်ပံပေးပါတယ်။

ဒါ့အပြင် အော်ဂဲနစ်ဒြပ်စင်တွေကို ဖြိုခွဲရာမှာ ကူညီပေးတဲ့အတွက် မြေဆီလွှာထဲမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပေးကာ နိုက်ထရိုဂျင်ကိုလည်း ပြုပြင်ပေးပါတယ်။ အာဟာရဓာတ်တွေကိုလည်း အပင်တွေအသုံးပြုနိုင်တဲ့ ဓာတ်သတ္တု ပုံစံတွေအဖြစ် ပြောင်းလဲရာမှာ ကူညီပေးပါတယ်။ သေးငယ်တဲ့ ဇီဝသက်ရှိလေးတွေက မြေဆီလွှာမှာ ရွေ့လျားသွားလာတဲ့အတွက် လေဝင်လေထွက် ကောင်းစေပြီး  မြေဆီလွှာအတွင်း ရေစီးဆင်းမှုနဲ့ မြေသားဖွဲ့စည်းတည်ဆောက်မှု တိုးတက်ကောင်းမွန်အောင်လည်း လုပ်ဆောင်ပေးပါတယ်။

ပတ်ဝန်းကျင်အတွက်ဆိုရင် အဏုဇီဝတွေရဲ့ အခန်းကဏ္ဍက ရာသီဥတုကို ထိန်းညှိပေးခြင်း၊ မိုး ခေါင်ခြင်း၊ ရေကြီးခြင်းနဲ့ ရေတွေစစ်ထုတ်တဲ့ နေရာမှာ ကူညီပေးတဲ့ ကမ္ဘာပေါ်ရှိ တန်ဖိုးအရှိဆုံး ဂေဟဗေဒ စနစ်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။

 အဏုဇီဝတွေက စိုက်ခင်းထဲမှာ ဘယ်လိုတွေအကျိုးပြုလဲ?

အကျိုးရှိတဲ့ အဏုဇီဝသက်ရှိတွေ မြေဆီလွှာထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ဆိုရင် သူတို့ရဲ့ အစာ၊ ရေနဲ့ အောက်စီဂျင်တို့ လိုအပ်ပါတယ်။

စိုက်ပျိုးတောင်သူတွေကလည်း အကျိုးပြုအဏုဇီဝသက်ရှိတွေ မြေကြီးထဲ ပေါများနေဖို့ အောက်ပါ နည်းလမ်းအမျိုးမျိုးနဲ့ ဖြည့်တင်းနိုင်ပါတယ်။

(၁) စိုက်ခင်းထဲမြေဆွေးထည့်ပေးခြင်း

ကာဗွန်ဆိုတာက အဏုဇီဝသက်ရှိတွေရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေ အသက်ရှင်ဖို့ သဘာဝပစ္စည်းတွေ အများကြီးထည့်ပေးဖို့ လိုအပ်ပါတယ်။

(၂) မြေဖုံးပင်တွေစိုက်ပျိုးခြင်း

မြေဖုံးပင်တွေစိုက်ပျိုးခြင်းက မြေကြီးထဲမှာရှိတဲ့ အဏုဇီဝပိုးတွေအတွက် အစာအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Cover_Crops_and_Their_Benefits

ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လို့လည်း ရပါတယ်။

 (၃) မြေဆီလွှာကို ရေသေချာလောင်းပေးခြင်း

အကျိုးပြုအဏုဇီဝတွေက သင့်တင့်တဲ့ အပူချိန်နဲ့ အစိုဓာတ်ရှိမှ အသက်ရှင်နိုင်ကြပါတယ်။

မြေပေါ်မှာ ဘာအပင်မှမရှိဘူး ဗလာဖြစ်ကာ ခြောက်သွေ့နေမယ်၊ အပူချိန်ကလည်း မြင့်မားနေမယ် ဆိုရင် အဏုဇီဝပိုးတွေကို သေစေနိုင်ပါတယ်။

 (၄) ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်း

ဒါကတော့ မြေကြပ်နေခြင်းနဲ့ အမြဲတမ်း ထွန်ယက်နေခြင်းကို ဆိုလိုတာပါ။ တစ်ခါတစ်ရံတော့ ကိစ္စမရှိပေမယ့် အမြဲ ထွန်မွှေနေမယ်ဆို မြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အကျိုးပြုအဏုဇီဝတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်ပါတယ်။

 (၅) ပျိုးဘောင်တွေကို မြေဖုံးထားခြင်း

သဘာဝပစ္စည်းတွေဖြစ်တဲ့ သစ်ရွက်တွေ ထင်ရှူးရိုးတွေလိုမျိုး ပျိုးဘောင်တွေမှာ ဖုံးထားမယ်ဆိုရင် မြေဆီလွှာကို အစိုဓာတ်ထိန်းပေးတဲ့အတွက် အကျိုးပြုအဏုဇီဝတွေကို ရှင်သန်စေနိုင်ပါတယ်။

 (၆) ပိုးသတ်ဆေးတွေရှောင်ကြဉ်ခြင်း

ဓာတုနဲ့လုပ်ထားတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး နဲ့ မြေဩဇာတွေက မြေကြီးထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝသက်ရှိတွေကို ဖျက်စီးနိုင်ပါတယ်။ ဓာတုအစား အောဂဲနစ်  မြေဆွေးတွေ မြေဩဇာ တွေ သုံးပေးမယ်ဆိုရင် မြေဆီလွှာထဲမှာ အချိန်အကြာကြီး အာဟာရဓာတ်တွေ ထုတ်လွှတ်နိုင်ပြီး ဓာတုမြေဩဇာလိုမျိုး ဓာတုအကြွင်းအကျန်တွေ မကျန်ခဲ့နိုင်ပါဘူး။

စတဲ့ နည်းလမ်းကောင်းတွေနဲ့  အကျိုးပြုအဏုဇီဝတွေကို မြေကြီးထဲမှာ ပိုမိုရှင်သန်အောင် လုပ်ဆောင်နိုင်ပါတယ်။

Ref:https://cedarcirclefarm.org/tips/entry/the-living-soil-microorganisms

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်