မြန်မာ့မြေအမျိုးအစားများအကြောင်း (နုန်းမြေ)

14/07/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ မြေအုပ်စုကြီး ၃၀ ရှိတယ်လို့ ဆိုပါတယ်။ 

ဒီလို မြေအမျိုးအစားတွေ ခွဲရာမှာတော့..

  • (၁) ရုပ်သွင်ပြင်နှင့်အမိကျောက်သားတွင် ဓာတ်သတ္တုပါဝင်ဖွဲ့စည်းမှု
  • (၂) နိမ့်မြင့်မြေသား၏ ရုပ်လက္ခဏာ
  • (၃) မြေအမျိုးအစားဖြစ်ပေါ်လာစေရန် ဖန်တီးသောရာသီဥတုနှင့်
  • (၄) ပေါက်ရောက်ပင်များ စတာတွေကို အခြေခံသတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ မြေအမျိုးအစားခွဲခြားမှုစနစ်သစ်အရ အဓိကမြေအမျိုးအစားကြီး ၂၄ မျိုးရှိတယ် လို့ သိရပါတယ်။ တချို့တွေကတော့ ဒေသဆိုင်ရာနာမည်တွေနဲ့တွဲပြီး မြေအမျိုးအစားတွေကို နာမည်ပေး သတ်မှတ်ထားတာ တွေ့ရပါတယ်။ 

ဒါပေမဲ့ မြေအသုံးချရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ တချို့ပုံစံဆင်တူမြေအမျိုးအစားများ (ဥပမာ လယ်မြေအုပ်စုတွင် လယ်မြေ/နုန်းမြေ, လယ်မြေပြာ/နွံပေါက်မြေ, နွံပေါက်မြေ, ထုံးပေါက်လယ်မြေ များပါဝင်... စသဖြင့်) များကို သီးသန့်မခွဲတော့ဘဲ အဓိကမြေအုပ်စုအမျိုးအစား ၁၉ မျိုးကိုပဲ အသေးစိတ်ပြန်လည်ခွဲခြားဖော်ပြထားတာ တွေ့ရပါတယ်။

အဲ့ဒီမြေအမျိုးအစားတွေကတော့..

  • (၁) နုန်းမြေ (Fluvisol)
  • (၂) လယ်မြေ (Gleysol)
  • (၃) ဂဝံမြေ (Plinthic Ferrasol)
  • (၄) နီညိုတောမြေ (Rhodic Ferralsol)
  • (၅)  ဝါညိုတောမြေ (Xanthic Ferralsol)
  • (၆) သဲကုန်းတောမြေ (Arenosol)
  • (၇) ကနစိုတောမြေ (Thionic Fluvisols)
  • (၈) ဆားပေါက်နွံပေါက်လယ်မြေ (Gley – Gleysol)
  • (၉) ဝါညိုတောခြောက်တောင်တန်းမြေများ (Orithic Cambisol)
  • (၁၀) တောခြောက်မြေများ (Nitosol)
  • (၁၁) ကုန်းကြောပေါ်တွင် သဲဝန်းနှင့် အနိမ့်မြေပြန့်လွင်ပြင်တွင် စနယ်မြေများ (Luvisol)
  • (၁၂) စနယ်မြေ (Vertisol)
  • (၁၃) မြေနီ၊ မြေဝါ (Acrisol)
  • (၁၄) တောင်မြင့်ညိုရောင်တောမြေများနှင့် နီညိုတောမြေများ (Histic cambisol and Chromic Cambisol)
  • (၁၅) ချင်းတောင်မြေများ (Ferralic cambisol)
  • (၁၆) မြောက်ပိုင်းတောင်တန်းမြေများ (Orthic cambisol)
  • (၁၇) ရေခဲဖုံးတောင်တန်းမြေများ (Gelic cambisol)
  • (၁၈) ပုပ္ပါးတောင်မြေများ (Andosol)
  • (၁၉) မြစ်ထူမြေနု၊ ကျောက်ထူမြေနု (Lithosol)

စတာတွေပဲဖြစ်ပါတယ်။

အခု ဒီဆောင်းပါးမှာတော့ အထက်ဖော်ပြပါ မြေအမျိုးအစားတွေထဲကမှ နုန်းမြေ (Fluvisol) နဲ့ပတ်သက်ပြီး နုန်းမြေဆိုတာဘာလဲ၊ ဘယ်ဒေသတွေမှာရှိလဲ၊ ဘာတွေစိုက်ပျိုးဖြစ်ထွန်းနိုင်လဲဆိုတာ တွေကို ဖော်ပြပေးသွားမှာပါ။

နုန်းမြေ (Fluvisol)

ကမ္ဘာပေါ်မှာတော့ စုစုပေါင်း မြေသားဧရိယာရဲ့ ၂.၈ ရာခိုင်နှုန်းဟာ နုန်းမြေဖြစ်တယ်လို့ ဆိုပါတယ်။ မြစ်ကြောင်းတွေတစ်လျှောက် ရေလွှမ်းဒေသတွေ၊ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ ကမ်းရိုးတန်းဒေသတွေမှာ တွေ့ရတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေဇုန်မြစ်ဝှမ်းလွင်ပြင်နဲ့ နိုင်းမြစ် မြစ်ဝကျွန်းပေါ်ဒေသတွေလိုမျိုးမှာ အဓိကတွေ့နိုင်တာဖြစ်ပါတယ်။

ဆိုတော့ မြန်မာနိုင်ငံက နုန်းမြေ (နုန်းတင်မြေနုလို့လည်းခေါ်ကြ) ဆိုတာကကော...။

မြေသားဖွဲ့စည်းမှုကို လေ့လာရာမှာ သဲ၊ နုန်း၊ မြေစေးဆိုပြီး သုံးမျိုးရှိရာမှာ နုန်းပါဝင်မှုအများဆုံးရှိတဲ့ မြေကို နုန်းမြေလို့ ခေါ်ဆိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တွေ့ရှိရပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးများတစ်လျှောက်ရှိ မြစ်ဝှမ်းလွင်ပြင်များ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ကမ်းရိုးတန်းဒေသများတို့မှာ အများဆုံးတွေ့ရပါတယ်။ 

စိုက်ပျိုးဖြစ်ထွန်းမှု အလွန်ကောင်းလွန်းလို့ နုန်းတင်မြေနုခွဲဝေစိုက်ပျိုးရာမှာ မြေလုတဲ့ပြဿနာတွေ ကြီးကြီးမားမားတက်ကြရတဲ့အထိ ဖြစ်ဖူးတဲ့ မြေအမျိုးအစားမျိုးပါ။

နုန်းမြေရဲ့ချဉ်ငန်ဓာတ်ဟာ သမသောအခြေအနေတွင်ရှိပြီး နှစ်စဉ် မြစ်ဝှမ်းလွင်ပြင်များကနေ ပို့ကျတဲ့ နုန်းများ တင်ရှိမှုကြောင့် မြေဟာ အမြဲအသစ်ဖြစ်နေပြီး အပင်အာဟာရ များပြားစွာ ပါဝင်လေ့ရှိပါတယ်။  နုန်းမြေများဟာ ထွန်ယက်စိုက်ပျိုးရန်လည်း လွယ်ကူလို့ မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးအတွက် အရေးပါတဲ့ မြေမျိုး ဖြစ်ပါတယ်။ 

စပါး၊ ဟင်းသီးဟင်းရွက်၊ သီးနှံများစိုက်ပျိုးခြင်း၊ ပဲမျိုးစုံ၊ ငရုတ်၊ ကြံ၊ ပြောင်း စတဲ့သီးနှံများ စိုက်ပျိုးရန် သင့်တော်တဲ့မြေအမျိုးအစားဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြေဆီလွှာအညွှန်းမြေပုံအရဆိုရင်တော့ ကယားပြည်နယ်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေထဲမှာ အနည်းနဲ့အများဆိုသလို ရှိနေပြီး အများဆုံးကတော့ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ ရှိတာဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့မြေအမျိုးအစားတွေအကြောင်းကိုတော့ နောက်ထပ်အပိုင်းတွေမှာ ဆက်လက်ဖော်ပြပေးသွား ပါမယ်။

Ref: https://landusedivision.doa.gov.mm/

https://www.britannica.com/science/Fluvisol

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်