ငါးစင်ရိုင်းငါး

31/08/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ငါးစင်ရိုင်းငါးမှာ ရေပေါ်ရေလွှာမှာ နေထိုင်ကျက်စားသော (pelagic fish)များ ဖြစ်ကြပြီး အုပ်စုလိုက် ရွှေ့ပြောင်းနေထိုင်တတ်သော ငါးမျိုးစိတ်လည်းဖြစ်သည်။

     အုပ်စုလိုက်ရွှေ့ပြောင်းနေထိုင်တတ်ကြသော ငါးစင်ရိုင်းငါးများကို ရေချိုရေငန်စပ်တွင် တွေ့ရှိရသလို ရေချိုပိုင်းတွင်လည်း တွေ့ရှိရပါသည်။ ငါးစင်ရိုင်းငါးမှာ ခန္ဓာကိုယ်ရှည်လျားပြီး အနည်းငယ်ကျယ်ပြန့်သည်။ နှုတ်ခမ်းမွှေး()စုံပါရှိပြီး ကျောဘက်ဆူးချွန်ပါရှိခြင်းကလည်း ငါးစင်ရိုင်း၏ ထူးခြားမှု တစ်ခုဖြစ်ပေသည်။ အကြေးခွံမပါဘဲ သူ့ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားတတ်ပါသည်။

     ငါးစင်ရိုင်းငါး၏ သက်တမ်းမှာ(၁ – ၂)နှစ်ခန့်သာ အသက်ရှည်ကြပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျားမှာ (21)cm ထိရှိကြသည်။ ငါးစင်ရိုင်းငါးကို အင်္ဂလိပ်လို ‘striped dwarf catfish’ဟု ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ ' Mystus vittatus’ဟု သိရပါသည်။ ထိုမျိုးစိတ်ကို မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဘင်္လားဒေ့ရှ် စသည့် နိုင်ငံများမှာလည်း တွေ့ရပါသည်။

      ငါးစင်ရိုင်းအုပ်စုတွင် ငါးစင်ရိုင်း၊ ငါးစင်ရိုင်းကျွဲ၊ ငါးစင်ရိုင်းကြက်ချေး၊ ငါးစင် ဟူ၍ မျိုးစိတ်များလည်း ရှိကြပါသေးသည်။

     မိုးဦးကျတွင် ငါးစင်ရိုင်းငါးများစွာ မြစ်ပြင်ကျယ်မှ တဆင့် ချောင်းငယ်၊ မြောင်းငယ်၊ ချောင်းရိုး၊ မြောင်းရိုး၊ လယ်ကွင်းပြင်များမျာ အတွင်းသို့ ဥချသားပေါက်ရန် ရောက်လာကြသည်။ ဉမှ သားပေါက်သော ရေသတ္တဝါဖြစ်ပြီး ညဘက်တွင် အစာရှာဖွေလေ့ရှိကြသည်။ ငါးစင်ရိုင်းများမှာ တစ်ကောင်တည်းနေလေ့မရှိဘဲ အထီးနှင့် အမကို တွဲလျက် တွေ့ရှိရလေ့ရှိသည်။ မြစ်ဝများ၊ ဒီရေအတက်အကျရှိသော နေရာများတွင် များစွာတွေ့ရတတ်သည်။ တစ်ခါတရံ ငါးစင်ရိုင်းအရွယ်တူများ သီးသန့်အုပ်စုဖွဲ့၍ ရှိနေသည်ကို တွေ့ရတတ်သည်။

     အရွယ်ရောက် ငါးစင်ရိုင်းအကောင်ကြီးများကို ရွံ့နွံပေါများသည့် မြစ်၊ ချောင်း၊ ရေပြင်ကျယ်များတွင် တွေ့ရသည်။ ငါးစင်ရိုင်းငါးမှာ အုပ်စုဖွဲ့နေထိုင်လေ့ရှိပြီး တစ်အုပ်စုတွင် (၁၀ -၂၅) ကောင်ခန့်တွေ့ရှိရပါသည်။

     ငါးစင်ရိုင်းငါးများ တခြားငါးများထက် အရသာလေးလေးပင်ပင်ရှိသောကြောင့် ပို၍ စားကောင်းကြသည်။ ငါးစင်ရိုင်းကို ငပိရည်ကျိုပြုလုပ်ကြသလို ငါးစင်ရိုင်းခြောက်ကိုလည်း လူကြိုက်များကြပါသည်။ ငါးစင်ရိုင်းအချဥ်ဆီပြန်၊ ငါးစင်ရိုင်းအိုးကပ်၊ ငါးစင်ရိုင်းပင်စိမ်းဟင်း၊ ငါးစင်ရိုင်းသရက်/သစ်တိုသီးချက်၊ ငါးစင်ရိုင်းမန်ကျည်းရွက်ချဥ်ရည်ဟင်း တို့မှာ နာမည်ကြီးသည်။

     ငါးစင်ရိုင်းဟင်းချက်မည်ဆိုပါက ငါးကို ဆူးတောင်ဖြုတ်၊ ဗိုက်ဖောက်အညစ်အကြေး သန့်စင်ရပါသည်။ မန်ကျည်းသီးမှည့်(သို့) ဆားကြမ်းဖြင့် ငါးကို ပွတ်ဆေးပြီး နယ်ပေးပါမှ အချွဲနှင့် ညှီနံ့များ စင်သွားပါလိမ့်မည်။ ဆူးချွန်ပါငါးမို့ ဆူးဆိပ်တက်တတ်သဖြင့် သတိထားကိုင်တွယ်ရပါမည်။ မတော်တဆ ဆူးစူးမိပြီး အဆိပ်တက်ပါက ပင်လယ်သားများမှ ဒဏ်ရာကို အရက်ပျံထည့်ခြင်း (သို့) လူ့ကျင်ငယ်ရည်ဖြင့် ဆေးခြင်းဖြင့် ကုသကြကြောင်းသိရသည်။ ငါးစင်ရိုင်းငါးကို ငါးမြှားတံ(သို့)ငါးစင်ရိုင်းမြှုံးများဖြင့် ဖမ်းကြကြောင်းသိရပါသည်။

     ငါးစင်ရိုင်းမှာ အရသာကောင်းမွန်သည် သာမက ဆေးဖက်ဝင်ငါးလည်း ဖြစ်သည်၊ ငါးစင်ရိုင်းငါးသည် အစာကြေညက်လွယ်သည်။ အဆီမရှိ၊ ဝမ်းမီးကို တောက်စေသည်။ သလိပ်သည်းခြေကို နိုင်၏။ အဆိပ်ကို လည်းကောင်း၊ သူငယ်နာကိုလည်းကောင်း၊ ပန်းနာချွဲကြပ်ခြင်းကိုလည်းကောင်း ပျောက်ကင်းစေတတ်၏။ အိပ်ပျော်စေတတ်ပြီး မန်းနာကိုလည်း နိုင်၏။

     ထူးခြားသောရောဂါပျောက်ကင်းမှုအနေဖြင့် ငါးစင်ရိုင်းဟင်းကို မကြာခဏချက်စားလျှင်(သို့) ငါးစင်ရိုင်းခြောက်ကို ကြော်စားလျှင် ဦးခေါင်းသို့တက်သော အဆိပ်အခိုးအကင်းများကို ပျောက်ကင်းစေပြီး နှစ်ရှည်ဖြစ်နေသော ခေါင်းကိုက်ရောဂါ၊ နားကိုက်၊ နားအူ၊ အိပ်မပျော်ရောဂါ၊ ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါများကို ပျောက်ကင်းစေတတ်ကြောင်း မှတ်ရဖူးပါသည်။ ငါးစင်ရိုင်းငါးမှာ တန်ဖိုးနည်းသော်လည်း လူသားတို့ကျန်းမာရေးအတွက် များစွာကောင်းကျိုးပြုသော ငါးတစ်မျိုးဖြစ်သည်.

ငါးစင်ရိုင်းငါးကို -

  Phylum (မျိုးပေါင်းစု) - Chordata

 Class(အမျိုးအစား)- Actinopterygii

 Order(မျိုးစဥ်) - Siluriformes

 Family(မျိုးရင်း) - Bagridae

Genus (မျိုးစု) - Mystus

 Species(မျိုးစိတ်) - Mystus vittatus ဟူ၍ သိရှိရပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

 ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်