ရေလုပ်သားတွေ အကျိုးခံစားခွင့်ရှိတယ်ဆိုတဲ့ ပိုက်လက်သားငါး (ခေါ်) ငါးတီ

05/09/2018 10:09 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ မြန်မာနိုင်ငံသည် ရေချိုမြစ်ချောင်းအင်းအိုင်များနှင့် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်မှုရှိသော နိုင်ငံတစ်နိုင် ငံ ဖြစ်ပါသည်။

ရေချို/ ရေငန် မြစ်ချောင်းအင်းအိုင်များနှင့် မွေးမြူရေးလုပ်ငန်းတို့မှ ဖမ်းဆီးထုတ်လုပ်သော ငါး/ပုစွန် ၊ ဂဏန်း ၊ ငါးရှဉ့် အစ ရှိသည့် ရေထွက်ပစ္စည်းများကို စံချိန်စံညွှန်းမီ ပြည်ပပို့ကုန်များအဖြစ် အရှင်အတိုင်းသော်လည်းကောင်း၊ ပြုပြင်မွမ်းမံ၍ သော်လည်းကောင်း၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ နိုင်ငံ၏လူဦးရေသည် တစ်နေ့တစ်ခြား တိုးတက် လျက်ရှိရာ တိုးတက်လာသော လူဦးရေနှင့်အညီ ငါးစားသုံးမှုဖူလုံစေရေး၊ ပိုလျှံသည်များကို နိုင်ငံခြားသို့ တင်ပို့၍ နိုင်ငံခြား ဝင်ငွေပိုမိုရရှိစေရေး ၊ ငါးထုတ်လုပ်မှု ကဏ္ဍမြင့်မားလာစေရေးတို့အတွက် သဘာဝမြစ်ချောင်းအင်းအိုင်များမှ ဖမ်းဆီးထုတ် လုပ်ခြင်းသာမက မွေးမြူရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေပါသည်။

၂။ ငါးထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ ရေရှည်တွင် ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ် စေရေးအတွက် ရေချို/ ရေငန် ငါးလုပ်ငန်းဥပဒေများနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊

ရေချို/ရေငန် မြစ်ချောင်း အင်းအိုင်များ ငါးသားပေါက်ဖွားရာ ရေပြင်ရှိ ရိုးများ ရေရှည်ကောင်းမွန်စေရေး၊ ဒီရေတောနှင့် သန္တာကျောက်တန်းများ မပျက်ဆီးစေရေးတို့အတွက် အထူးကြပ်မတ်ဆောင်ရွက် နေပါသည်။ ၎င်းအပြင် ဒေသအတွင်း ထူးခြားသော ငါးမျိုးများ၊ အလှမွေးငါးများ၊ မျိုးတုန်းပျောက် ကွယ်လုနီးပါးရှိလာပြီဖြစ်သော တိုင်းရင်းငါးမျိုးစိတ်များ အစရှိ သည်တို့ကို ရေရှည်တည်တံ့ပွားများ နိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကာကွယ်ထိန်းသိမ်း ဆောင်ရွက် ကြရမည် ဖြစ် ပါသည်။

၃။ ဧရာဝတီမြစ်ရိုးတစ်လျှောက် ဖမ်းဆီးရမိသော တိုင်းရင်းငါးမျိုးစိတ်တစ်ခုဖြစ်သော ငါးတီငါး (Nga-Ti) သည် ရှားပါးသော ငါးမျိုးစိတ်ဖြစ်သည့်အတွက် ရေရှည်မျိုးထိန်းသိမ်းရန် ရည်ရွယ်၍ ရေးသားရခြင်း ဖြစ်ပါသည်။ ငါးတီသည် ကျောရိုးရှိ ရေသတ္တဝါဖြစ်ပြီး ငါးရှဉ့်မျိုးနွယ်ဝင်ဖြစ်ပါသည်။ ၎င်း၏ အတွင်းပိုင်း၌ ပြွန်ပုံ ၊ ကြွက်သားနံရံ ၊ အူချောင်းနပ်(ဖ်)ကြောနှင့် သွေးကြောများပါဝင်ပြီး ကိုယ်တွင်း၌ အရည်ပြည့်နေသော အခန်းများ ပါဝင်ပါသည်။ ကြွက်သားနံရံများကို ကျုံ့လိုက်လျှင် ကိုယ်တွင်းအရည်ကို ဖိမိသဖြင့် အခန်းပုံသဏ္ဍာန် ပြောင်းသွားပါသည်။ ဤနည်းဖြင့် ငါးတီသည် ရေကူးခြင်း၊ မြေတူးခြင်းများကို လုပ်ဆောင်နိုင်သော ရေနေသတ္တဝါဖြစ်ပါသည်။ ငါးတီအား သတ္တ ဗေဒဆိုင်ရာ သိပ္ပံ အခေါ်အဝေါ်အရ Pisodonophis boro ဟု ခေါ်ဆိုပါသည်။

၄။ ငါးတီတစ်ကောင်း၏ ပုံသဏ္ဍာန်မှာဆလင်ဒါပုံဖြစ်ပြီး မြွေ ၊ တီ ကောင်နှင့် သဏ္ဍာန်တူသည်။ ခေါင်းပိုင်းသည်  သိမ်ငယ် နေပြီး အမွေးကြမ်းအနည်းငယ်ရှိသည်။ အရွယ်အစားမှာ (အရှည်/ ဆန့်ထုတ်နိုင်သောအရှည်) (၁၉-၂၀) စင်တီမီတာ ရှိသည်။ တစ်ကောင်နှင့် တစ်ကောင် အရွယ်အစားကိုလိုက်၍ လုံးပတ်အရှည်တို့မှာ ကွားခြားမှုရှိပါသည်။

ကျောဘက်တွင် အညိုရောင်ဖျော့ပြီး ဝမ်းဗိုက်ပိုင်းတွင် အဝါဖျော့ဖျော့ အရောင်ရှိပါသည်။ ငါးတီတစ်ကောင်တွင် အထီး အမ မျိုးပွားအင်္ဂါနှစ်မျိုးစလုံးပါဝင်ပြီး ဧရာဝတီမြစ်အတွင်း ရေကြည်သည့် အချိန်ကာလတွင် သဲသောင်များပေါ်ချိန်၌ သဲ နုန်းများအတွင်း နေထိုင်လေ့ ရှိကြပါသည်။ ငါးတီသည် ရေထဲတွင် အမြဲတမ်းလူးလွန့်လှုပ်ရှားနေပြီး ရေထဲမှ အောက်စီဂျင် ကို စုတ်ယူရန် လှုပ်ရှားနေသယောင် ထင်ရပါသည်။ ၎င်း၏ အမြီးကိုသဲနှုန်းထဲတိုးဝင်ပြီး ခေါင်းပိုင်းကို သဲနုန်းအပေါ်ဖော်၍ နေထိုင်လေ့ ရှိပါသည်။ ငါးတီသည် သက်ရှိရေသတ္တဝါများ၊ ရေညှိ ရေမှော်များ၊ စားကြွင်းစားကျန်များကို သဲနုန်းများအတွင်း ရှာဖွေ၍ စားသောက်သော အစုံစားသောရေနေသတ္တဝါ ဖြစ်ပါသည်။

၅။ ငါးတီကို တစ်နှစ်ပတ်လုံးဖမ်းဆီးရရှိမှု မရှိပါ။ ရေကြည်ချိန်ကာလ အအေးပိုင်းအချိန်မှ အပူပိုင်းအချိန်သို့ ပြောင်းလဲ သော ဇန်နဝါရီ ၊ ဖေဖော်ဝါရီလ ၊ မတ်လ ၊ ဧပြီလ ကုန်အထိ ဖမ်းဆီးရနိုင်ပါသည်။

သောင်ဆွဲပိုက်၊ ဝမ်းပူပိုက် ၊ ယက်သဲ့ ၊ ငါးမြှားတန်း စသည့် ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးရမိသည်။ ဝမ်းပူပိုက်၊ သောင် ဆွဲပိုက်များမှ ဖမ်းဆီးရရှိသော ငါးမျိုးစုံအနက် ငါးတီတို့ကို ပိုက်ပိုင်ရှင်တို့မှ ရယူခြင်းမရှိဘဲ ရေလုပ်သား (အလုပ်သမား) များမှ အကျိုးခံစားခွင့် ရှိသဖြင့် ငါးတီ ငါးကို “ပိုက်လက်သားငါး” ဟု ခေါ်ဆိုကြောင်း သိရှိရပါသည်။

၆။ ငါးတီကို မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ ချောက်မြို့နယ် ကျောက်ရဲရွာ ၊ ဆားလယ်ရွာ ၊ အောင်လံမြို့နယ် ဘိုကုန်း ရွာ ၊ အင်းကုန်းရွာ ၊ သရက်မြို့နယ် ကင်းရွာ ၊ ဂုံးသောင်ရွာ ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ အင်းတော်လေးအင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကောင်းမှုတော် အင်းများနှင့် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် အရှေ့ဘက် ကမ်းနားသောင်၊ ဓနုဖြူ မြို့နယ်ရှိ ဆကာကြီးသောင်နှင့် ဧရာဝတီမြစ်တစ်လျှောက် သဲသောင်စပ်များတွင် တွေ့ရှိရတတ် သည်။

၇။ ငါးတီကို အစိုအတိုင်းချက်ပြုတ်၍လည်းကောင်း၊ အခြောက်လှန်းကာ ကြော်လှော်၍ လည်းကောင်း၊ အောင်လံမြို့တွင် ငါးတီအစိုကို မုန့်နှစ်ဖြင့်ရော၍ အခွေလိုက်ကြော်ပြီး မုန့်အဖြစ် ရောင်းချကြ သည်။ ငါးမျှားရာတွင်လည်း ငါးစာအဖြစ် အ သုံးပြုကြပါသည်။ ငါးတီကို ကျေးလက်များရှိ အာဟာရချို တဲ့သော လူကြီး/လူငယ် ကျား/မ မရွေး စားသုံးကြသည်။

၈။ ယခုအခါ ငါးတီငါးကို လုပ်ငန်းရှင်အချို့က စုဆောင်းပြီး အခြောက်ပြုလုပ်ကာ ဒေသတွင်း ရောင်းချခြင်း၊ ရန်ကုန်ဘုရင့် နောင်ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်းကို သိရှိရပြီး အစားအစာများတွင် ဓါတုဆေးဝါးများ အသုံးပြုကြသည့် ယနေ့ ခေတ်ကာလတွင် သဘာဝအရင်းအမြစ် ရေနေသယံဇာတ ထွက်ကုန်တစ်ခုဖြစ်သော ငါးတီငါးကို စားသုံးခြင်းဖြင့် ဘေးဥ ပါဒ်ကင်းစင်၍ ကာယသိဒ္ဓိတိုးပွားသော ကိုယ်စိတ်နှစ်ပါးစလုံး ရွှင်လန်းကြစေလိုကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ဇော်မင်း (ငါးဦးစီး) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်