ရေလုပ်သားတွေ အကျိုးခံစားခွင့်ရှိတယ်ဆိုတဲ့ ပိုက်လက်သားငါး (ခေါ်) ငါးတီ
၁။ မြန်မာနိုင်ငံသည် ရေချိုမြစ်ချောင်းအင်းအိုင်များနှင့် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်မှုရှိသော နိုင်ငံတစ်နိုင် ငံ ဖြစ်ပါသည်။
ရေချို/ ရေငန် မြစ်ချောင်းအင်းအိုင်များနှင့် မွေးမြူရေးလုပ်ငန်းတို့မှ ဖမ်းဆီးထုတ်လုပ်သော ငါး/ပုစွန် ၊ ဂဏန်း ၊ ငါးရှဉ့် အစ ရှိသည့် ရေထွက်ပစ္စည်းများကို စံချိန်စံညွှန်းမီ ပြည်ပပို့ကုန်များအဖြစ် အရှင်အတိုင်းသော်လည်းကောင်း၊ ပြုပြင်မွမ်းမံ၍ သော်လည်းကောင်း၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ နိုင်ငံ၏လူဦးရေသည် တစ်နေ့တစ်ခြား တိုးတက် လျက်ရှိရာ တိုးတက်လာသော လူဦးရေနှင့်အညီ ငါးစားသုံးမှုဖူလုံစေရေး၊ ပိုလျှံသည်များကို နိုင်ငံခြားသို့ တင်ပို့၍ နိုင်ငံခြား ဝင်ငွေပိုမိုရရှိစေရေး ၊ ငါးထုတ်လုပ်မှု ကဏ္ဍမြင့်မားလာစေရေးတို့အတွက် သဘာဝမြစ်ချောင်းအင်းအိုင်များမှ ဖမ်းဆီးထုတ် လုပ်ခြင်းသာမက မွေးမြူရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေပါသည်။
၂။ ငါးထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ ရေရှည်တွင် ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ် စေရေးအတွက် ရေချို/ ရေငန် ငါးလုပ်ငန်းဥပဒေများနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
ရေချို/ရေငန် မြစ်ချောင်း အင်းအိုင်များ ငါးသားပေါက်ဖွားရာ ရေပြင်ရှိ ရိုးများ ရေရှည်ကောင်းမွန်စေရေး၊ ဒီရေတောနှင့် သန္တာကျောက်တန်းများ မပျက်ဆီးစေရေးတို့အတွက် အထူးကြပ်မတ်ဆောင်ရွက် နေပါသည်။ ၎င်းအပြင် ဒေသအတွင်း ထူးခြားသော ငါးမျိုးများ၊ အလှမွေးငါးများ၊ မျိုးတုန်းပျောက် ကွယ်လုနီးပါးရှိလာပြီဖြစ်သော တိုင်းရင်းငါးမျိုးစိတ်များ အစရှိ သည်တို့ကို ရေရှည်တည်တံ့ပွားများ နိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကာကွယ်ထိန်းသိမ်း ဆောင်ရွက် ကြရမည် ဖြစ် ပါသည်။
၃။ ဧရာဝတီမြစ်ရိုးတစ်လျှောက် ဖမ်းဆီးရမိသော တိုင်းရင်းငါးမျိုးစိတ်တစ်ခုဖြစ်သော ငါးတီငါး (Nga-Ti) သည် ရှားပါးသော ငါးမျိုးစိတ်ဖြစ်သည့်အတွက် ရေရှည်မျိုးထိန်းသိမ်းရန် ရည်ရွယ်၍ ရေးသားရခြင်း ဖြစ်ပါသည်။ ငါးတီသည် ကျောရိုးရှိ ရေသတ္တဝါဖြစ်ပြီး ငါးရှဉ့်မျိုးနွယ်ဝင်ဖြစ်ပါသည်။ ၎င်း၏ အတွင်းပိုင်း၌ ပြွန်ပုံ ၊ ကြွက်သားနံရံ ၊ အူချောင်းနပ်(ဖ်)ကြောနှင့် သွေးကြောများပါဝင်ပြီး ကိုယ်တွင်း၌ အရည်ပြည့်နေသော အခန်းများ ပါဝင်ပါသည်။ ကြွက်သားနံရံများကို ကျုံ့လိုက်လျှင် ကိုယ်တွင်းအရည်ကို ဖိမိသဖြင့် အခန်းပုံသဏ္ဍာန် ပြောင်းသွားပါသည်။ ဤနည်းဖြင့် ငါးတီသည် ရေကူးခြင်း၊ မြေတူးခြင်းများကို လုပ်ဆောင်နိုင်သော ရေနေသတ္တဝါဖြစ်ပါသည်။ ငါးတီအား သတ္တ ဗေဒဆိုင်ရာ သိပ္ပံ အခေါ်အဝေါ်အရ Pisodonophis boro ဟု ခေါ်ဆိုပါသည်။
၄။ ငါးတီတစ်ကောင်း၏ ပုံသဏ္ဍာန်မှာဆလင်ဒါပုံဖြစ်ပြီး မြွေ ၊ တီ ကောင်နှင့် သဏ္ဍာန်တူသည်။ ခေါင်းပိုင်းသည် သိမ်ငယ် နေပြီး အမွေးကြမ်းအနည်းငယ်ရှိသည်။ အရွယ်အစားမှာ (အရှည်/ ဆန့်ထုတ်နိုင်သောအရှည်) (၁၉-၂၀) စင်တီမီတာ ရှိသည်။ တစ်ကောင်နှင့် တစ်ကောင် အရွယ်အစားကိုလိုက်၍ လုံးပတ်အရှည်တို့မှာ ကွားခြားမှုရှိပါသည်။
ကျောဘက်တွင် အညိုရောင်ဖျော့ပြီး ဝမ်းဗိုက်ပိုင်းတွင် အဝါဖျော့ဖျော့ အရောင်ရှိပါသည်။ ငါးတီတစ်ကောင်တွင် အထီး အမ မျိုးပွားအင်္ဂါနှစ်မျိုးစလုံးပါဝင်ပြီး ဧရာဝတီမြစ်အတွင်း ရေကြည်သည့် အချိန်ကာလတွင် သဲသောင်များပေါ်ချိန်၌ သဲ နုန်းများအတွင်း နေထိုင်လေ့ ရှိကြပါသည်။ ငါးတီသည် ရေထဲတွင် အမြဲတမ်းလူးလွန့်လှုပ်ရှားနေပြီး ရေထဲမှ အောက်စီဂျင် ကို စုတ်ယူရန် လှုပ်ရှားနေသယောင် ထင်ရပါသည်။ ၎င်း၏ အမြီးကိုသဲနှုန်းထဲတိုးဝင်ပြီး ခေါင်းပိုင်းကို သဲနုန်းအပေါ်ဖော်၍ နေထိုင်လေ့ ရှိပါသည်။ ငါးတီသည် သက်ရှိရေသတ္တဝါများ၊ ရေညှိ ရေမှော်များ၊ စားကြွင်းစားကျန်များကို သဲနုန်းများအတွင်း ရှာဖွေ၍ စားသောက်သော အစုံစားသောရေနေသတ္တဝါ ဖြစ်ပါသည်။
၅။ ငါးတီကို တစ်နှစ်ပတ်လုံးဖမ်းဆီးရရှိမှု မရှိပါ။ ရေကြည်ချိန်ကာလ အအေးပိုင်းအချိန်မှ အပူပိုင်းအချိန်သို့ ပြောင်းလဲ သော ဇန်နဝါရီ ၊ ဖေဖော်ဝါရီလ ၊ မတ်လ ၊ ဧပြီလ ကုန်အထိ ဖမ်းဆီးရနိုင်ပါသည်။
သောင်ဆွဲပိုက်၊ ဝမ်းပူပိုက် ၊ ယက်သဲ့ ၊ ငါးမြှားတန်း စသည့် ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးရမိသည်။ ဝမ်းပူပိုက်၊ သောင် ဆွဲပိုက်များမှ ဖမ်းဆီးရရှိသော ငါးမျိုးစုံအနက် ငါးတီတို့ကို ပိုက်ပိုင်ရှင်တို့မှ ရယူခြင်းမရှိဘဲ ရေလုပ်သား (အလုပ်သမား) များမှ အကျိုးခံစားခွင့် ရှိသဖြင့် ငါးတီ ငါးကို “ပိုက်လက်သားငါး” ဟု ခေါ်ဆိုကြောင်း သိရှိရပါသည်။
၆။ ငါးတီကို မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ ချောက်မြို့နယ် ကျောက်ရဲရွာ ၊ ဆားလယ်ရွာ ၊ အောင်လံမြို့နယ် ဘိုကုန်း ရွာ ၊ အင်းကုန်းရွာ ၊ သရက်မြို့နယ် ကင်းရွာ ၊ ဂုံးသောင်ရွာ ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ အင်းတော်လေးအင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကောင်းမှုတော် အင်းများနှင့် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် အရှေ့ဘက် ကမ်းနားသောင်၊ ဓနုဖြူ မြို့နယ်ရှိ ဆကာကြီးသောင်နှင့် ဧရာဝတီမြစ်တစ်လျှောက် သဲသောင်စပ်များတွင် တွေ့ရှိရတတ် သည်။
၇။ ငါးတီကို အစိုအတိုင်းချက်ပြုတ်၍လည်းကောင်း၊ အခြောက်လှန်းကာ ကြော်လှော်၍ လည်းကောင်း၊ အောင်လံမြို့တွင် ငါးတီအစိုကို မုန့်နှစ်ဖြင့်ရော၍ အခွေလိုက်ကြော်ပြီး မုန့်အဖြစ် ရောင်းချကြ သည်။ ငါးမျှားရာတွင်လည်း ငါးစာအဖြစ် အ သုံးပြုကြပါသည်။ ငါးတီကို ကျေးလက်များရှိ အာဟာရချို တဲ့သော လူကြီး/လူငယ် ကျား/မ မရွေး စားသုံးကြသည်။
၈။ ယခုအခါ ငါးတီငါးကို လုပ်ငန်းရှင်အချို့က စုဆောင်းပြီး အခြောက်ပြုလုပ်ကာ ဒေသတွင်း ရောင်းချခြင်း၊ ရန်ကုန်ဘုရင့် နောင်ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်းကို သိရှိရပြီး အစားအစာများတွင် ဓါတုဆေးဝါးများ အသုံးပြုကြသည့် ယနေ့ ခေတ်ကာလတွင် သဘာဝအရင်းအမြစ် ရေနေသယံဇာတ ထွက်ကုန်တစ်ခုဖြစ်သော ငါးတီငါးကို စားသုံးခြင်းဖြင့် ဘေးဥ ပါဒ်ကင်းစင်၍ ကာယသိဒ္ဓိတိုးပွားသော ကိုယ်စိတ်နှစ်ပါးစလုံး ရွှင်လန်းကြစေလိုကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ဇော်မင်း (ငါးဦးစီး)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာရေ စပါးခင်းမှာ လောင်မီးပိုး ကျနေလို့ ဘာဆေးဖျန်းရမလဲခင်မျာ အပင်သက်တမ်းက ရက်၉၀ ရှိပါပြီ ဆေးဖျန်းရင် အပင်လောင်မှာလည်း စိုးလို့ပါ
U Thu • ဖြေကြားချက် 1 ခု
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ
U Yan • ဖြေကြားချက် 3 ခု
အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း
ဦးမိုက် • ဖြေကြားချက် 1 ခု
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 1 ခု
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026