ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတောများတွင် စိုက်ပျိုးဖြစ်ထွန်းသော အပင်ဖြစ်သည်။ ဓနိပင်ကို ယခုအခါ ဓနိပင်မှ စားသောက်ကုန်အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိကြသည်။
ဓနိခက်များကြားမှ ထွက်ပြူစ ဓနိပန်းတံကို ဟင်းလက်သုပ်အဖြစ် စားသုံးကြသည်။ ပြုလုပ်ပုံမှာ ထွက်ပြူစ (၁)ပေ အရွယ် ဓနိပန်းတံများကို အပေါ်ခွံခွာ၍ အတွင်းအသားနုကို တစ်လက်မခွဲ (သို့) နှစ်လက်မ အရွယ်ပိုင်းဖြတ်ကာ ဆားစိမ်၍ အဖန်ရည်များ ထွက်သွားရန် ရေနွေးတွင် ပြုတ်ကာ အရည်ညှစ်ထုတ်၍ လက်သုပ်ဟင်းလျာအဖြစ် စားသုံးကြသည်။ ကြာရှည်ထားသိုရန် ဆား (၁) ညစိမ် ရေစင်စင်ဆေး၍ (၂) ရက်ခန့် နေလှန်းခြောက်အောင် ပြုလုပ်ကာ သိုလှောင်ထားနိုင်သည်။
ဓနိသီးခိုင်များ အနေတော်ရှိလာချိန်တွင် အသီးခိုင်များအား ခုတ်ဖြတ်ကာ ဓနိသီးသား နုနုများအား ထုတ်ယူ၍ တိုက်ရိုက်စားသုံးနိုင်သည်။ ၎င်းဓနိသီးဆံ အသားများအား သကြား၊ ထညက်တို့ဖြင့် ယိုထိုးကာ ကြာရှည်ခံအောင် ပြုလုပ်၍ ဓနိယိုအဖြစ် စားသုံးနိုင်ပါသည်။
ဓနိသီးခိုင်များကို ဓနိရည်ထုတ်လုပ်ရန် ပြုပြင်ပေးခြင်းဖြင့် ဓနိရည်ကို ခံယူရရှိနိုင်သည်။ ဓနိပင်အများစုသည် ချိုမြသော အရသာရှိ၊ ဓနိရည်များထွက်ရှိကြသော်လည်း တခါတရံတွင် ဓနိရည်ခါးထွက်သော ဓနိတံများလည်း တွေ့ရှိရပေသည်။ ထွက်ရှိလာသော ဓနိရည်များကို ယမကာအဖြစ် မှီဝဲ သောက်သုံးနိုင်သည်။ ဓနိရည်ခံယူသော ကျည်ထောက်များအား နေ့စဉ်ဆေးကြောပေးခြင်းဖြင့် ဓနိရည်ချိုကို ရရှိနိုင်သည်။ ရရှိလာသော ဓနိရည်ချိုများကို ဓနိထညှက်အဖြစ် ချက်လုပ်ရရှိနိုင်သည်။ ဓနိသကြားအဖြစ် ထုတ်လုပ်နိုင်သည်။
ဓနိရည်မှ ရှာလကာရည်ခေါ် ဓနိပုန်းရည်ကိုလည်း ထုတ်ယူရရှိနိုင်သည်။ ၎င်းရှာလကာရည်ကို စားသောက်ဆိုင်ကြီးများတွင် ချဉ်ရည်အဖြစ် စားသောက်ဖွယ်ရာများနှင့် တွဲဘက်အသုံးပြုကြပါသည်။
ဓနိရည်မှ အဖျော်ယမကာအဖြစ် ဓနိအရက်ကို အဆိပ်အတောက်ကင်းရှင်းစွာ ထုတ်ယူရရှိနိုင်သည်။ သဘာဝ ဓနိရည်စစ်စစ်ကို မီးအပူပေး၍ ထွက်ရှိလာသော ပေါင်းခံချွေးရည်ကို စုဆောင်းခြင်းဖြင့် မည်သည့်တဆေး ဓာတုပစ္စည်းကိုမှ ထည့်သွင်းစရာမလိုဘဲ ဓနိအရက်ကို ရရှိနိုင်ပေသည်။ ဓနိရည်ကို ဓနိပုန်းရည်အဖြစ်လည်း ထုတ်လုပ်နိုင်ပါသေးသည်။
ဓနိခင်းမြေသည် ရေငန် ရေတက် ရေကျ ရောက်ရှိနိုင်သောကြောင့် ဓနိခင်းမြေတွင် ဂုံးကောင်များ၊ မရွတ်ကောင်များကို ထည့်သွင်းမွေးမြူထားနိုင်သောကြောင့်အစားအစာတစ်မျိုးကို ရရှိစေနိုင်ပြန်သည်။ ဓနိပင်များ၌ ကပ်ရောက်နေသော ရေညှိရေမှော်များကိုသာ စားသုံးရှင်သန်ပွားများသည့် ပက်ကျိများ၊ ခရုများ၊ များကိုလည်း ထည့်သွင်းမွေးမြူနိုင်၍ စားနပ်ရိက္ခာကို ရရှိစေနိုင်ပြန်ပါသည်။ ဓနိပင်များကြား၌ မလိမ်တွတ်ပင်ငယ်များ ထည့်သွင်းစိုက်ပျိုးနိုင်သဖြင့် မလိမ်တွတ်ပီးနှင့် မလိမ်တွတ်ရွက်များကို ဟင်းလျာအဖြစ် ရရှိစေနိုင်ပြန်ပါသည်။
ခြုံငုံဆိုရလျှင် အမိုးအကာအတွက်လည်းကောင်း၊ ထမင်းစားရာတွင် ဟင်းလျာတစ်ခုအဖြစ်လည်းကောင်း၊ ဓနိယို၊ ဓနိသီးဆံ၊ ဓနိပုန်းရည်၊ ဓနိအရက် စသဖြင့် အသုံးချနိုင်သည့်အပြင် ဓနိသီးခွံခြောက်များအား ထင်း၊ မီးသွေးအဖြစ် အသုံးချနိုင်သဖြင့် ဘက်စုံ အသုံးဝင်လှသော ဓနိစိုက်ခင်းများအား ပိုမိုတွင်ကျယ်စွာ စိုက်ပျိုးနိုင်ရန်နှင့် အရေးထား အလေးထားသင့်ပါသည်။
ကိုးကား - စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ပင်လယ်ကမ်းရိုးတန်း ဒေသန္တရ ကွန်ယက် သတင်းလွှာ)
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်